Tuesday, 7 August 2012

ကြွားပို့စ်.....

ဟမ်းဖုန်းအသစ်ကလေး နောက်ဆုံးမော်ဒယ်တွေ အိုင်တွေတော့ မကိုင်နိုင်သေးပါဘူး ပန်းရောင်လေးကိုကြိုက်လို့ ချိန်းလေးတောင်မှ ပန်းနုရောင်နှင်းဆီလေးချိပ်ထားတာတွေ့လား



မီးမီးကြိုက်တဲ့ ရေမွှေးမှတ်ထားနော်....ခုကုန်နေပြီ အနံ့လေးက နာမည်နဲ့လိုက်အောင် sexy သိပ်ဖြစ်တယ် ဆွဲဆောင်မှုသိပ်ရှိတယ်



ဒီလက်သည်းရောင်လေးကြိုက်လား...



ဟိုနေ့ကမှ စလုံးကပြန်လာတဲ့အဒေါ်လက်ဆောင်ပေးထားတာ
Estee Louder အသစ် Pure White Lenin တဲ့ အနံ့သင်းသင်းလေးနဲ့ ကြိုက်တယ်..





သာမီးတို့စက်ရုံမှာဝါဆိုသင်္ကန်းကပ်တုန်းက ညီမလေးက အိပ်ချင်မူးတူးနဲ့ထပြီး ကျစ်ပေးထားတာ လှလား...


ညီမတစ်ဝမ်းကွဲတစ်ယောက်ကဖဘမှာ အဲပုံတင်တော့လာမန့်သွားတယ် Spanish girl တဲ့ စပိန်သူတွေက အဲလိုပဲ ပန်းအပွင့်ကြီးကြီးတွေပန်တယ်တဲ့...



ဖားရုပ်ကလေး ၀ယ်ထားတာကြာပါပီ


ခုရက်ပိုင်း အလုပ်များတာနဲ့ စာတွေမရေးဖြစ်ဘူး... ဒါကြောင့် ရိုက်ထားတဲ့ ပုံလေးတွေကို တင်လိုက်တာပါ...။ စာရေးဖို့ မုလဲမရဘူးဖြစ်နေတယ်...။ 


  မိုးငွေ့


11 comments:

Candy said...

ဆံပင်စတိုင်လ်လေး လှလိုက်တာ...
ရေမွှေးတွေလည်း လိုချင်တယ်..

မိစံ said...

ဆံထုံးလေးလှတယ်အစ်မ..
ဒီဘက်နည်းနည်းလှည့်ရိုက်လိုက်ရင်ပိုလှမှာ..း))
အကြိုက်ဆုံးကတော့ဟင်းဖုန်းကြီးဘဲ
ခဏငှားလို့ရမလားဟင် :D

မိုးသက် said...

sony ericsson x peria လား..။ ခုခေတ်က android ခေတ်အစ်မရဲ့..။ ကျွန်တော်လည်း ၀ယ်ဦးမယ်..။

စံပယ်ချို said...

ပစ္စည်းလှလှလေးတွေကို
မျက်စိအစာလာကျွေးနေပါတယ်

စံပယ်ချို said...

ပစ္စည်းလှလှလေးတွေကို
မျက်စိအစာလာကျွေးနေပါတယ်

Anonymous said...

ဖုန်းလေး လှရယ် မမ
လက်သည်းနီအရောင်လေးက လက်အလှကို ပိုပေါ်စေသွားတယ် :)

~ Kk ~

mstint said...

စာရေးဘို့ မု မရလဲ ကြွားထားတာလေးတွေနဲ့ ကျေနပ်သွားပါတယ် မိုးငွေ့ရေး)။ ဆံကျစ်ထားတာလေးလှတယ်။ တီတင့်ဆိုင်က ကလေးတွေလည်း အဲဒီလိုကျစ်တာတွေ့ဘူးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

ပုံတွေအားလုံးကြိုက်တယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လက်သည်းလေးတွေလှလိုက်တာ.။
ဆံပင်လေးလည်းကြိုက်တယ်။ ပန်းလေးလည်းကြိုက်တယ် မိုးငွေ့ရေ့

လွင်ပြင်လှိုင်းငယ် said...

အားလုံးလှမှလှ

San San Htun said...

မိုးငွေ့ လက်ကလေးက လှတယ်..ဆံထုံးလေးလည်း လှတယ်..ရေမွှေးဆို အသေကြိုက်..အခုသုံးနေတဲ့ ရေမွှေးကုန်ရင် မိုးငွေ့ ညွှန်းတာတွေ ဝယ်သုံးဦးမယ်..