မုန်ညင်းချဉ်ဟင်းချို တိုဟူးဖြူကြက်ဥမွှေကြော် နဲ့ ထမင်းစားလို့ရပြီ
ငရုတ်သီးအနီတောင့်က မုန်ညင်းချဉ်ထဲကပါလာပြီးသား
မုန်ညင်းချဉ်ဟင်းရည်အတွက်လိုအပ်တာက မုန်ညင်းချဉ်ရယ်ဒီမိတ်တစ်ထုပ်၊ ဥနီတစ်လုံး၊ ကြက်သားနုတ်နုတ်စင်း 100ဂရမ် ကြက်သွန်ဖြူနှစ်ဥ နဲ့ ဂျင်းတစ်တက်...။ ရေငါးခွက်ကိုဆူအောင်တည်ပြီး ဂျင်းနဲ့ ကြက်သွန်ဖြူအပြားရိုက်ထည့် ကြက်သားမှုန့်နှစ်ဇွန်းခတ် ရေဆေးထားတဲ့ မုန်ညင်းကိုလက်တစ်လုံးစီလှီးဖြတ်ပြီး အိုးထဲထည့်ပါ မုန်ညင်းကိုဆက်တည်နေချိန်မှာပဲ ပြောင်းမှုန့် ပဲငံပြာရည်နဲ့ ငရုတ်ကောင်းနယ်နှပ်ထားတဲ့ ကြက်သားတွေကို အရွယ်တော်လေးဖြစ်အောင်ဇွန်းနဲ့ ခပ်ပြီးဆက်တိုက်ထည့်ပေးပါ ပြီးတာနဲ့ ဥနီကိုထည့်... မိနစ်နှစ်ဆယ်လောက်တည်ထားပြီးရင်ရပြီ...။ ချိုချဉ်အရသာလေးပေါ့...။
ဂျန်ပန်တိုဟူးဖြူ ကြက်ဥမွှေကြော်ဟင်းလေးကမွှေးမွှေးအိအိလေးနဲ့ စားလို့ကောင်းတယ်...။ ကျမက တိုဟူးဆိုဘာဖြစ်ဖြစ်အကုန်ကြိုက်တာ...။ ဂျပန်တိုဟူးဖြူတစ်တောင့် စီးတီးမတ်မှာ ပလပ်စတစ်နဲ့ရယ်ဒီမိတ်လာတယ်... အဲဒါလေးက နူးညံ့လို့ ဈေးထဲက မြန်မာလုပ် ပဲပြားကနဲနဲကြမ်းတယ် သူ့ကိုသုံးချင်ရင်လဲရပါတယ်...။ တိုဟူးပျော့ကို ပန်းကန်ထဲထည့် ဇွန်းနဲ့နဲနဲချေပြီး ကြက်ဥနှစ်လုံးဖောက်ထည့် မွှေးအောင်လို့ ငရုတ်ကောင်းမှုန့်နဲ့နဲဖြူး....။ ဥနီကတော့ မထည့်ချင်လဲရတယ် အရောင်လှအောင်လို့ ဥနီနဲနဲကို သေးသေးစင်းထားတယ်... ။ ကြက်သွန်နီဖြူမသုံးဘူး... ကြက်သွန်ပင်ကိုသုံးထားတယ်...။
ပထမဆုံး ဆီပူပူမှာ ကြက်သွန်ပင်ကိုဆီသတ်
ပြီးတာနဲ့ ဥနီသေးသေးစင်းထားတာကိုဆက်ထည့်
နဲနဲနွမ်းသွားတာနဲ့ တိုဖူးပျော့နဲ့ကြက်ဥမွှေထားတာကိုထည့်ကြော်မယ်
ဝါရောင်သန်းတာလေးကြိုက်ရင် ခတ်ကြာကြာလေးမွှေကြော်ပေးမယ်..
ဝါရောင်သန်းတာလေးကြိုက်ရင် ခတ်ကြာကြာလေးမွှေကြော်ပေးမယ်..
မိုးငွေ့
7 comments:
ဂွတ်တယ်.. ကြိုက်တယ်.. :)
စားချင်စဖွယ်လေးလာအားပေးသွားပါတယ်နော်
စားချင်စဖွယ်လေးတွေအားပေးသွားပါတယ်နော်
ဗိုက်ချာတယ်ဗျို့ ။
စားချင်စဖွယ် ပြင်ဆင်ကွယ်..
ခြင်ယင်မနား ပူပူစား
ရောဂါကင်းဝေး ကျန်းမာရေး
ပြင်ထားတာလေး သဘောကျပြီး ငယ်ငယ်က သင်ခဲ့တာ စာလေး အမှတ်ရသွားတယ်း)
ထိုဖူးဘယ်လိုစားစားကြိုက်တာအကြိုက်ခြင်းတူနေပြီနော်.....:)))
အကုန်လုံးကြိုက်တယ်..မုန်ညှင်းကို အဲဒီလို ချက်စားဦးမယ်..
Post a Comment