
ဒီနေ့ဒုတိယ၀ါဆိုလကွယ်နေ့ ဥပုသ်နေ့ဆိုတော့ သက်သတ်လွတ်စားတဲ့သူတွေ အတွက် ကျွန်မစားဖြစ်တဲ့ လွယ်ကူမြန်ဆန်တဲ့ နည်းတွေကိုတင်ပေးလိုက်ပါတယ်...။ ၀ါဝင်သွားကတည်းက မွေးနေ့နဲ့ ဥပုသ်နေ့ကို သက်သတ်လွတ်စားမယ်ဆုံးဖြတ်ထားတာ ခါတိုင်းနှစ်တွေလဲ အမြဲစားဖြစ်ပါတယ် အသက်ငယ်တုန်းကဆုံး ၀ါတွင်းသုံးလလုံးကိုစားဖြစ်တာ ခုတော့ အလုပ်ကိုအကြောင်းပြပြီး ကြီးမိုက်ဖြစ်နေတယ်...း) ။ အမေက ဒီနေ့ရုံးကပြန်ရင်စားဖို့ မုန်ညင်းစောလုပ်ပေးထားတယ်... ဒီတိုင်းထမင်းဖြူနဲ့လဲ မစားချင်တာနဲ့ ပုန်ရည်ကြီးသုပ်ထားတာကို ဇလုံတစ်လုံးထဲ ထမင်းနဲ့နယ်လိုက်တယ်.. .ရေခဲသေတ္တာထဲမှာရှိတဲ့ အသီးအရွက်တွေထုပ်ပြီး လှီးတယ် အလှဆင်လိုက်တော့ ပုန်းရည်ကြီးထမင်းသုပ်ဖြစ်သွားတယ်...။ အဲဒါကို မုန်ညင်းစောဟင်းရည်ချဉ်ချဉ်လေးနဲ့စားတယ်...။

ဥပုသ်နေ့မနက်တုန်းက လုပ်စားဖြစ်တဲ့ မနက်စာလေး....။ အဲဒီဂျပန် soba ခေါက်ဆွဲကို စိတ်ဝင်စားနေတာကြာပြီ..။ တလောက Popular Book Store မှာ ဈေးချတုန်းက ၀ယ်ဖြစ်ခဲ့တဲ့ Noodles and Salad စာအုပ်ကိုဖတ်ပြီး ကိုယ့်ဘာသာသတ်သက်လွတ် မီနူးထုတ်လိုက်တာ...။ ကျမက သက်သတ်လွတ်ကို ကြက်ဥစားပါတယ်...။ ပုံမှာပါတဲ့ soba ခေါက်ဆွဲတစ်စည်းက တစ်ပွဲစာကွက်တပါပဲ...။ ခေါက်ဆွဲကို ရေဆူဆူမှာ သုံးမိနစ်လောက်ပြုတ်ပြီး ဇကားစစ် ရေသန့်ရေအေးနဲ့ပြန်ဆေးပြီး ပဲငံပြာရည်အကြည် ပါကောရှောက်ကောဆီချက် ငရုတ်ကောင်းနဲ့ နှမ်းဆီမွှေးနဲ့နယ်ပြီး ကြက်ဥပြုတ် ရေညှိနဲ့ နမ်းနက်တို့နဲ့ အလှဆင်လိုက်တယ်...။ ကြက်ဥပြုတ်က အကာကျက်မို့လို့ လှီးမထားဘဲ အလုံးလိုက်လေးတင်ထားတာပါ...။ စားမယ်ဆိုမှတူနဲ့ဖေါက်လိုက်တယ်...။
နောက်တစ်ပို့စ်ကျမှ သက်သတ်လွတ်သမိုင်းကြောင်းလေး ရေးပါဦးမယ်....။
မိုးငွေ့
13 comments:
ဝိုး.... လှလှပပ ပုန်းရည်ကြီးထမင်းသုတ်..
စားရမှာတောင် နှမျောစရာ...။
ပုန်းရည်ကြီးဒထမင်းသုပ်လေးက စားချင်စရာပါနော်
လှလိုက်တာ..
ဆိုင်ဖွင့်ရင် ရပြီး)
အလွန်ဆွဲဆောင်မှုကောင်းတဲ့ ပုန်းရည်ကြီးထမင်းသုပ်လေး
သက်သတ်လွတ်ကို စားချင်စဖွယ် လှလှပပလေးပြင်ဆင်ထားတာ စိတ်ဝင်စားစရာပဲ မိုးငွေ့ရေ။ ဒုတိယဝါဆိုလကွယ် ဥပုသ်နေ့မှာ ကုသိုလ်တွေရသွားပြီပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမိုးရေ့...
ပုန်းရည်ကြီးထမင်းသုပ်က စားချင်စရာရယ်...
ရှလွတ် (= သွားရေကျသံ)
မချောပြောသလိုပဲ ဆိုင်ဖွင့်ရင်ရပြီ။ လာအားပေးမည်.....း)
ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို
ထမင်းသုပ်ထက်ခေါက်ဆွဲကိုပိုကြိုက်လို့ ၊
စားသွားပြီ..:)))
ပုန်းရည်ကြီး ထမင်းသုတ်လေး စားချင်တယ် ...
ပုန်းရည်ကြီးထမင်းသုပ်လေးစားချင်ပါတယ်..း)
ပုန်းရည်ကြီး မစားဖူးဘူး။ စားကောင်းလားဟင်?
ဂျပန် soba ဆီချက်ခေါက်ဆွဲ ကိုတော့ စားချင်သွားတယ်။
ပ သုံးလုံးအားပေးသွားပါသည်။ပုန်းရည်ကြီးထမင်းသုတ်၊
ပဲပြုတ်ကြော်နဲ.ပဲပြားကြော်။
ပုန်းရည်ကြီးလဲကြိုက်တယ်.အောက်ဆုံးက ပဲပြုတ်တော့ စားချင်လာမိတယ် အစ်မ :)
ပုန်းရည်ကြီး ထမင်းသုပ် တဲ့ .... အခုမှမြင်ဖူးတယ်ရော ...
ပုန်းရည်ကြီး ထမင်းသုပ်က လှလိုက်တာ..ခေါက်ဆွဲလေးကလည်း လွယ်တယ်နော်
Post a Comment