Thursday, 30 August 2012

လတ်တလော.....

ဘာရေးရမှန်းမသိဘူးဖြစ်နေတယ်...။ ရေးပြီးသားဝတ္ထုတိုတစ်ပုဒ်ရှိတယ်...အဲဒါက နောက်လကျမှတင်မလို့..။ ၀တ္ထုရေးတာကွကိုယ်ဖတ်ပြီး အားမရဘူး...ဇာတ်ကောင်နေရာက ကိုယ်တိုင်ဝင်ဝင်ရေးတဲ့ဖက်ကို ပိုအားသန်နေမိတယ်...။ ပြောသူတစ်ယောက်အနေနဲ့ရေးရတာ အားလျော့နေတယ်....။ ဟိုဖက်အိမ်က ကောင်လေး အပိုင်းဆက်တွေရေးဖို့ရှိတယ် အိမ်က နုတ်ဘုတ်ကြီးဟာ့ဒစ်ကြွသွားတယ်... အဲထဲမှာ အပိုင်းသုံးရေးဖို့ ထိုင်းဇာတ်ကားလေးပြန်ကြည့်ရမှာလေ ပါသွားပြီခုတော့ ဟင့်...။ နုတ်ဘုတ်ကို ပြင်ရင်ကောင်းမလား မပြင်ရင်ကောင်းမလားနဲ့စဥ်းစားတယ် မပြင်ရင် လွင့်ပစ်လိုက်ရတော့မှာ ပြင်တော့လဲ သုံးတာပေါ့ လောလောဆယ်တော့ ခုနှစ်သောင်းကျော်ပါသွားပြီ...။ ဘာပဲဖြစ်ဖြစ် ဆယ်သိန်းကျော်ကုန်သွားတဲ့သူနဲ့စာရင် တော်ပါသေးတယ်လေလို့ ကွကိုယ်ဖြေသိမ့်လိုက်တယ်...။ အပိုင်းသုံးဆက်ရေးဖို့ အဲဒီဇာတ်ကားပြန်သွားငှားရတော့မယ့် ကိန်းစိုက်နေတယ်...။ အသိတစ်ယောက်ဆီက ငှားကြည့်ဖြစ်တဲ့ ကားလေးပါ...။ ဘလော့ဂါတွေ ဖဘပေါ်မှာ ဖလန်းဖလန်းထနေကြတယ်....။ ဘလော့ဂ်ရွာမှာတော့ ခြောက်လို့ကပ်လို့...။ ဖဘရဲ့ ဆွဲဆောင်မှုကောင်းပုံများတော့ မပြောချင်ဘူး မပြောချင်ဘူး ဂယ်....။ ပြန်စစ်ကြည့်တော့ ဆိုင်းလန့်ရီတာတွေက များနေတယ် ကိုယ့်အချင်းချင်းလဲ ဆိုင်းလန့်များဖြစ်ကုန်တယ်ထင်တယ်...။ ခုနောက်ပိုင်း တစ်လနေမှ ကိုယ်ရဲ့ တော့ပ်တန်း တော့ပ်အီလဲဗန်းတွေတောင် ငါးပုဒ်ရအောင်မနည်းတင်နေကြရတာ...။ ၀ါသနာထက် ကိုယ့်ဝမ်းစာအလုပ်ကပိုအရေးကြီးတယ်လေ...။ ကိုယ်တွေသာ...မအားတဲ့ကြားက ညမအိပ် ကွန်ပျူတာထဲက ခေါင်းနှစ်ဝင်မတတ်ဖြစ်နေတာ...။ ခုအိမ်မှာ နုတ်ဘုတ်ကပြင်ထားတော့ ဟမ်းဖုန်းပိစိလေးနဲ့ မရရအောင် ဘလော့ထဲဝင်ဖတ်သေးတာမျိုး...။ အဲဒါကြည့်တော့ ခရဇီမျိုး...။ တခါတလေ စိတ်ဓါတ်ကျပြီး အကုန်လုံးဖွင့်ထားသမျှကို ပိတ်ပစ်ချင်စိတ်ပေါက်မိတယ်....။ ပိတ်မလားဆိုတော့လဲ သံယောဇဉ်ကမပြတ်နိုင်.. အဲလိုနဲ့လုံးချာလိုက်နေတာ ဘယ်လောက်ကြာနေပြီလဲ....။ ဒီနှစ်ပိုင်း သိသိသာသာ ပီယဓါတ်တွေကြွယ်ဝနေတယ် ဟဲဟဲ...။ လူချစ်လူခင်ပေါများသလို ကိုယ့်ကို အမြင်ကတ်နေတာတွေလဲ ရှိနေတယ်...။ ကိုယ့်လုပ်ရပ်တွေက ဘယ်သူ့မှမထိခိုက်ပြီးရော....ဘာမှသိပ်ပြီး ဂရုမစိုက်ဘူး...ခေါင်းထဲထည့်တွေးစရာတစ်ခုလို့ကိုမထင်ဘူး...။ ခုတလော...သီချင်းလေးတွေနားထောင်ဖြစ်နေတယ် စန္ဒီမြင့်လွင်ရဲ့ Shock အမ်ဘမ်ထဲက “အနားနားရှိတဲ့အခိုက်” ဆိုတဲ့ သီချင်းလေးကို ဓါတ်ကျနေတယ် ဖုန်းရင်းတုံးလေးလုပ်ထားသေးတယ်...။ သင့်ပြွန်လင့်လေးချထားပေးပါတယ် နားထောင်ခံစားကြည့်ပါနော်...။ အားလုံးကောင်းသောနေ့လေးဖြစ်ပါစေ....း) မိုးငွေ့

11 comments:

ညီလင်းသစ် said...

မမိုးငွေ့က လွန်ခဲ့တဲ့ သုံးပတ်လောက်က ကျနော်ဖြစ်ခဲ့တဲ့ အတိုင်းဖြစ်နေတာကိုး..၊ ကွန်ပြူတာ ပျက်သွားလို့ ဖုန်းလေးနဲ့ပဲ မရမက ဖတ်နေရတာလေ၊း) စိတ်ဓါတ်မကျပါနဲ့ဗျာ..၊ မကြာခင် အားလုံး အဆင်ပြေသွားမှာပါ၊ ဘလော့ဂ်ရွာကြီး ခြောက်ကပ်နေတာတော့ အမှန်ပဲဗျို့၊ ကျနော်လည်း ဖဘမသွားဘဲနဲ့ကို အသစ်မတက်နိုင်ဘူး ဖြစ်နေပေမယ့် ဆိုင်းလင့်ရီဒါ မဟုတ်ကြောင်း ကော်မန့်တော့ ရေးခဲ့တယ်..၊း)

မမိုးငွေ့ ပီယဓါတ်တွေ ကြွယ်ဝတာတော့ ဟုတ်မယ်ဗျ၊ ဟိုတစ်နေ့ကတောင် လူသုံးယောက် နောက်ယောင်ခံ လိုက်နေလို့ ကော်ဖီဆိုင် အနောက်ပေါက်ကနေ ဆင်းသွားရသေးတယ် မဟုတ်လား..။း))

mstint said...

အွန်လိုင်းမတက်ရရင် နေလို့မကောင်းသလိုလိုဖြစ်တာ ဘလော့ဂါဘဝရောက်ကတည်းကပဲ မိုးငွေ့ရေး) တီတင့်လက်တော့ပ်လည်း နှစ်ရက်လောက်ဖျားသွားသေးတယ်လေ။ ဖေ့ဘုတ်ကျတော့ ကိုယ့်အတွက် ချက်ခြင်း တုန့်ပြန်မှုရှိတာက အားသာတာပေါ့ မိုးငွေ့ရယ်။ အရာရာကို စိတ်လိုက်မာန်ပါ သံယောဇဉ်ဖြတ်မသွားပါနဲ့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

ဘလော့ဂါတွေ ဖဘပေါ်မှာ ဖလန်းဖလန်းထနေကြတယ်....။
ဟုတ်တယ်။ ဒါကြောင့် ကိုယ်လဲ ဖဘကိုဘဲ အမှီလိုက်နေရတယ်။း)

ဆူးသစ် said...

ပီယဓာတ်တွေကြွယ်နေတယ်တဲ့လား။ ဘလော့ရေးတဲ့သူကွန်ပျူတာပျက်ရင်တော့လက်ချိုးထားသလိုနေမှာ။ အဲဒါကိုတွေးကြောက်မိသေးတယ်။ လွယ်တော့မလွယ်ဘူးနော်။ ရန်ကုန်မိုးကကောင်းတော့ သီချင်းနားထောင်ရင်းအိမ်မှာကွေးနေရရင်ဇိမ်ပဲနေမှာ။

မီးမီးငယ် said...

ဖဘ ပေါ်မှာမိုးငွေ့ ကိုလိုက်ရှာအုံးမယ်။
:)))
ကျမတော့ ဖဘ ထက်ဘလော့ကိုပိုကြိုက်တယ်။
ဟိုမှာက ရှုပ်ရှက်ခတ်နေတာဘဲ။
အပျော်သဘောဆောင်ပြီးနေတာဘဲကြိုက်တယ်။
ရန်တွေဖြစ်ကြ။ပုတ်ကြခတ်ကြနဲ့ ။
ဟေး...မီးမီး..ကြောက်ကြောက်..။
လာဖတ်ပါတယ်။နဂိုကလည်း..ကဗျာမဆန်၊နန်းမဆန်၊
ပန်းမပန်တဲ့၊အစားငမ်းတဲ့..လူဆိုတော့၊
ခွှင့်လွှတ်ပါ။အစားဆိုရင်တော့..မန့် သွားတယ်လေ.
:P ကွန်မြန်မြန်ကောင်းပါစေ...နော်

မိုးသက် said...

ဟုတ်ပ.. ။ မခင်သီတာရယ်..။ မမိုးငွေ့တောင် ခင်ဗျား အကြောင်းတွေ ပြောလို့.။ ဖဘ ကနေရုန်းမထွက်နိုင်ဘူးဆိုပဲ.။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော၈့်ရွာကြီးခြောက်ကပ်နေတာ စိတ်မကောင်းစရာဘဲ
ကိုယ်တွေတောင်အရင်လို မရေးနိုင်တော့ဘူးဖြစ်နေတယ်
ဖေ့ဘွတ်ထဲသွားနေလို့ရယ်တော့ မဟုတ်ပါဘူး..
ခုနောက်ပိုင်း အချိန်အား အရမ်းနည်းသွားတာကြောင့်ပါ။ ဖေ့ဘွတ်ကျတော့ နည်းနည်းလေး အားတာနဲ့ ပြေးဝင်လို့ရပေမဲ့ ဘလော့အတွက် စာရေးတာကျတော့ စိတ်ရောလူပါ အားလပ်နေမှ ရေးနိုင်တာဖြစ်လေတော့ အဲဒီလိုကို မအားနိုင်ဖြစ်နေရတယ် မမိုးရေ...

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ်တော့ တစ်ခါတစ်လေ နက်မရတဲ့ နေရာရောက်နေရင် အရမ်းဒေါသထွက်တာ ဘာကို အလိုမကျမှန်းမသိ....အဲ့လို ကွန်ပျူတာ မသုံးရရင်...:))))

Candy said...

ဖေ့ဘွတ်မှာ ဖလန်းနေကြတာတော့ မျက်စိကို နောက်နေတာပဲ ဟိဟိ
သီချင်းလေးသွားနားထောင်လိုက်ဦးမယ် :D

San San Htun said...

သီချင်းလေး နားထောင်သွားပါတယ် မမိုးငွေ့ 

မိုးခါး said...

ဘီလိုလဲ
အခြေအနေ :P