မောတယ်...ပြောပါတယ်..။ ခုတလော ဘာတွေအလုပ်ရှုပ်နေမှန်းမသိပါဘူး...။ ဒီကြားထဲ ပြီးခဲ့တဲ့တစ်ပတ်လုံးလဲ လိုင်းကလုံးဝမရဘူး...။ ပို့စ်တင်စရာလေးတွေရှိနေပေမယ့် တင်မရဘူးဖြစ်နေတယ်...။ ကျမ တင်ချင်တာတွေကလဲ ပုံတွေပါတော့ upload ကလုပ်မရပြန်ဘူး...။ ကဲ..အရပ်ကတို့ရေ...လုပ်ကြပါဦးလို့သာ အော်လိုက်ချင်တော့တယ်..။ သူငယ်ချင်းတွေဆီလိုက်လည်တော့လဲ...ပုံမှန်တစ်နေ့တစ်ပုဒ်မပျက်တင်နေကျ နိုင်းနိုင်းစနေတောင်မှ တစ်ရက်စ...နှစ်ရက်စပျက်နေတာတွေ့တယ်...။ ကိုတူးဆီသွားတော့ သူတင်ထားတဲ့ ကဗျာကလဲ တစ်ပတ်နီးပါးရှိနေပြီ အသစ်ထပ်တင်ထားတာမတွေ့ဘူး...။ မိုးစက်အိမ်ကလဲ ပျောက်နေတာကြာလှပေါ့...။ အဖြူရောင်နတ်သမီးဆို သူ့စီဘောက်ကိုတောင် ကောက်သိမ်းလိုက်ပြီ...အဲ...ဒါပေမယ့် အသစ်တွေတော့ တင်ထားပါသေးတယ်.....။ ဒီလိုဆိုတော့လဲ ကျမတစ်ယောက်ထဲမဟုတ်ဘူးပဲ...။ ကိုယ့်ဘာသာကိုယ် မတင်နိုင်တာကိုပဲ...အဖော်က ညှိချင်သေးတယ်...အဟဲ..။ လောလောဆယ် သက်တန့်ချိုကတော့ ဆက်တိုက်တင်နေတာတွေ့ရတယ်...။ ပြီးတော့ ဘလောဂ်ဂါ အကယ်ဒမီ ရမယ်လို့လဲ အသံကြားနေရတယ်..။ ပြီးခဲ့တဲ့ နှစ်ကတော့ နိုင်းနိုင်းစနေရထားတယ်လေ....။ ဘယ်သူပဲရရ ကိုယ့်သူငယ်ချင်းတွေရရင် ဝမ်းသာပါတယ်...။ ဒီလိုနဲ့ လဆန်းပိုင်းမှာ ရုံးကအလုပ်ကလဲ ခပ်များများနဲ့ သူများပို့စ်တွေဆီတောင် စုံစုံလင်လင်မသွားနိုင်ဘူး...။ ဒီတော့ ကျမ follow လိုက်ထားတဲ့ ဘလောဂ်တွေလောက်ပဲ ဖွင့်ကြည့်ဖြစ်တယ်...။ မနော်ရဲ့ “နတ်သမီးပုံပြင်” ဆိုရင် ကျမ အပိုင်း(၁)ကနေ(၄) အထိဖတ်ပြီး နောက်ဆုံးဇာတ်သိမ်းပိုင်းကိုတော့ စာရွက်ထုတ်ပြီး အိမ်ယူဖတ်လိုက်တော့တယ်...။ မောင်လေးကိုတူးနဲ့တွေ့တော့မှ သူနဲ့စကားပြောရင်း သူ့ကဗျာအသစ် “အထီးကျန်ဟီးရိုး”ကိုဖတ်ပြီးတော့ ကွန့်မန့်ပေးလို့မရပြန်ဘူး...။ ကဲ..ဘယ်လောက်စိတ်တိုစရာကောင်းလဲ...။ ကိုတူးကပြောသေးတယ် “ကိုဏီ့ ကဗျာအသစ်အရမ်းကောင်းတာပဲ” တဲ့...။ အေး..ဒါဆိုဝင်ကြည့်လိုက်မယ်ပေါ့...။ အားပါး...ဏီဏီတို့က ကဗျာမရေးတတ်ဘူးသာပြောတယ် ကျမသူ့ကဗျာကို အိမ်မှာပြန်ဖတ်ဖို့ print ထုတ်လိုက်တာ A4 စာရွက်နဲ့ ခြောက်မျက်နှာရှိတယ်...။ ခုဒီပို့စ်လာရေးတဲ့အချိန်ထိ ဏီဏီ့ကဗျာကို မဖတ်ရသေးကြောင်း ဝန်ခံပါတယ်..။ စိတ်တိုင်းကျဖတ်ပြီးမှ လာမန့်တော့မယ်...ဒါတောင် ရှေ့မှာ နှစ်ဆယ့်ငါးယောက်လောက်က မန့်ထားပြီးသား...။ မပန်ဆီကိုရောက်တော့လဲ ဖတ်စရာတွေက များနေပြန်တယ်... ။ “ခရီးတောလမ်း”ဆိုတဲ့ ကဗျာလေးကိုအကြမ်းပဲဖတ်ဖြစ်ခဲ့တယ်..။ နောက်နေ့မှ print ထုတ်ပြီးပဲဖတ်တော့မယ်...။ အဟီး...တင်ချင်တာမတင်ရတော့ ရေးချင်တာရေးလိုက်တယ်....။ တော်ကြာနေ ကျမဆီလာလည်တဲ့ သူငယ်ချင်းတွေ လွမ်းနေမှာစိုးလို့.....။
မိုးငွေ့
5 comments:
မောပါနဲ့ဗျာ.. ရွှေမြန်မာနိုင်ငံပဲ ဒီလောက်တော့ ရှိမှာပေါ့...
စိတ်ရှည်သီးခံ လမ်းကြောင်းမှန်တဲ့.. ဗျ...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
ကျွန်တော်လည်းရှိပါတယ် အမရ အပျင်းထူနေတာဟတ်
ခုတော့ အသစ်တင်ထားတယ်နော် . . . ဒီလိုပေါ့အမရယ်
ကိုညပြောသလိုပါဘဲ စိတ်ရှည်သည်းလမ်းကြောင်းမှန်
မောင်းရန်မော်တော်ကား အဲ ဟုတ်ပါဘူး သုံးရန်အင်တာနက် :P
မမိုးရေ...
နားနားနေနေပေါ့ဗျာနော့်...
ဏီဏီတို့က အေးဆေးပါ...
ဟူး... မောပါတယ်ဆိုလို့ပြေးလာတာလေ...။
ညည်းချင်းလေးဖြစ်နေတယ်...။
မမိုးက ဏီဏီ့ကဗျာကို ပရင့်ထုတ်တာ ၆မျက်နှာတောင်ဟုတ်လား... အားနာစရာကြီးဗျာ...တစ်ကယ်...။
မောင်တူးကို ဒုတ်နဲ့ ချဦးမှပါ....ဟင်းးးးးး
ခင်မင်တဲ့
ဏီလင်းညို
ဟုတ်ပ..မမိုးရေ...
CBOX ထဲမှာ မဟုတ်မဟတ်တာတွေ လာလာအော်သွားလို့လေ..၊
သူငယ်ချင်းတွေရဲ့ comment လေးတွေနဲ့အမောဖြေနေကျဟာကို..ခုတော့ အမောမပြေနိုင်တော့ပါဘူး..း(
(CBOX မရှိလို့)။
ရန်ကုန်ကို အလည်ပြန်ဖို့လည်း ရှိနေတော့ စိတ်မချလို့ CBOX ဖြုတ်ထားလိုက်တာ..။
ရန်ကုန်ရောက်ရင်တွေ့မယ်နော်..မမိုး...(ဗိုလ်ချုပ်ဈေးထဲသွားကြမယ်..ဟိ)
အဲ...တကယ်ကြီးပြန်လာမှာလား...။
နတ်သမီးနဲ့တွေ့မှ ကော်ဖီတိုက်မယ်...
စကားတွေအများကြီးပြောကြမယ် အိုကေ....။
ခင်မင်စွာဖြင့်
မိုးငွေ့
Post a Comment