Friday, 12 February 2010

ချစ်သူသီးဖျော်ရည်


စတော်ဗယ်ရီးသီးတွေများရဲပြီး စားချင်စရာနော်...။ မိုးငွေ့ကိုယ်တိုင် ဗိုလ်ချုပ်ဈေးကို လျှောက်သွားပြီးဝယ်ခဲ့တာ။
စတော်ဗယ်ရီဆိုတာ အေးတဲ့ရာသီမှာ ဒေသတွေမှာပဲစိုက်လို့ရပါတယ်...။ ခုလိုဆောင်းရာသီမှာ ပြင်ဦးလွင်ဘက် ကနေတဆင့် ၀ါးခြင်းလေးတွေကိုဖက်နဲ့အုပ်ပြီး ရန်ကုန်နဲ့ အခြားမြို့တွေမှာ တင်ပို့ရောင်းချကြပါတယ်...။

ဗစ်တာမင်စီ အများဆုံးပါတယ်...non-fat ဖြစ်ပြီး ကယ်လိုရီနိမ့်ပါတယ်...ပိုတက်စီယမ်၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓါတ်ရယ် ဗစ်တာမင် ဘီ6 လည်းပါရှိတာကြောင့် ကျန်မာရေးရှုတောင့်အားဖြင့်လည်း လူကိုအကျိုးပြုစေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်..။ ရှမ်းပြည်ဘက်မှာလို အေးတဲ့ရာသီမှာ ခြေဖနောင့်တွေ ကွဲတတ်ကြတယ်...။ အဲဒီအခါ စတော်ဗယ်ရီတစ်လုံးကို ထက်ခြမ်းခွဲပြီး သံလွင်ဆီနဲ့ရောပြီး ကွဲနေတဲ့ ခြေဖနောင့်မှာ ပွတ်ပေးရပါတယ်..။

“စတော်ဗယ်ရီချစ်သည်းရှင်” ဆိုပြီး သီချင်းတောင်ရှိပါသေးတယ်...။ တကယ်တော့ စတော်ဗယ်ရီဟာ အသီးမဟုတ်ပါဘူး ပန်းအမျိုးနွယ်ဝင်ဖြစ်ပါတယ်...။ အရောင်အားဖြင့် နီရဲစိုပြေပြီး ဆွဲဆောင်မှုရှိသလို စားလို့လဲ အင်မတန်အရသာကောင်းတာကြောင့် မကြိုက်တဲ့သူ မရှိသလောက်ပါဘဲ...။

မိုးငွေ့ရဲ့ စတော်ဗယ်ရီလက်ဖျော်

စတော်ဗယ်ရီကို ဖျော်ရည်အပြင် ကိတ်မုန့်၊ ယို၊ ချောကလက် စသဖြင့် စားသောက်ကုန်မှာ အရောင်အားဖြင့်ရော အနံ့ဖြစ်ပါ အမျိုးမျိုးသုံးကြသလို အလှကုန်ဘက်မှာလည်း ဆံပင်ပေါင်းဆေး၊ နှုတ်ခမ်းနီ၊ ဘောဒီခရမ်တို့မှာ အသုံးတည့်ပါသေးတယ်..။ ချိုမြိန်တဲ့ စတော်ဗယ်ရီသီးကို အမှီပြုပြီးတော့လည်း ချစ်သူတွေရဲ့သင်္ကေတအဖြင့် သုံးတတ်ကြပါသေးတယ် ..။ ဗယ်လင်တိုင်းနီးပြီမို့ ချစ်သူသီးဖျော်ရည်လေးကို အမြည်းစမ်းလေး တင်လိုက်ပါတယ်...။ စတော်ဗယ်ရီ အကြောင်းလေး ဖတ်ရင်း မိုးငွေ့ရဲ့ စတော်ဗယ်ရီဖျော်ရည်လေး သုံးဆောင်သွားကြပါဦးနော်...။

မိုးငွေ့

5 comments:

အဖြူရောင်နတ်သမီး said...

ဟိ...
အဝ တီးသွားတယ်...မမိုးရေ...
ကြိုက်မှကြိုက်ပဲ....
ရန်ကုန်ရောက်ရင် တိုက်အုံးနော်...

~ဏီလင်းညို~ said...

မမိုးရေ...
မမိုးဖျော်ထားတာက သောက်ချင်စရာကြီးဗျ...။
ဏီဏီ့ကိုနည်းနည်းတိုက်....
(ငတ်သွားသည်.....း))
ခင်မင်တဲ့
ဏီလင်းညို

မိုးစက်အိမ် said...

အမပြောမှဘဲသိတော့ စတော်ဘယ်ရီက ပန်းအမျိုးအစားကို
ဟိ ကဗျာကောက်စပ်ပလိုက်အုံးမယ် ၀ိုင်းပြောရင်တော့
မမိုးငွေ့ ပြောတာလို့  လွှဲချမယ် :P

ညလင်းအိမ် said...
This comment has been removed by the author.
ညလင်းအိမ် said...

စတော်ဘယ်ရီဖျော်ရည် လာသောက်သွားပါတယ်..

သောက်ချင်စရာ... မျှော်ရတာ ငတ်ရသလိုပါပဲ ...