Friday, 19 February 2010

လူတိုင်းမသိသေးတဲ့ ဟောလိဝုဒ်အချက်အလက်များ

Superman Returns ဇာတ်ကား မင်းသားBrandon Routh ဟာ ၂၀၀၃ခုနှစ်က ဟယ်လိုဝင်း ပါတီပွဲတစ်ပွဲမှာ ကလပ်(ခ်)ကင့်(န်)၊ စူပါမင်းအသွင်ဝတ်ဆင်ပြီး တက်ရောက်ခဲ့တယ်။ နောက်တစ်နှစ်အကြာမှာ သူဟာ Superman မင်းသားအဖြစ်အရွေးခံရတယ်..။ အဲဒီနှစ်မှာပဲ ဟယ်လိုဝင်းပါတီပွဲမှာ သူဟာ Batman အသွင်ဝတ်ဆင်ခဲ့တယ်...။

ရေချယ်ဝိုက်ဇ်ရဲ့ဖခင်ဟာ အသက်ရှူစက်ကို တီထွင်သူဖြစ်တယ်။


ဒရူးဗယ်ရီမိုးရဲ့ ခေါင်းကိုင်ဖခင်ဟာ ဒါရိုက်တာစတီဗင်စပီးလ်ဘာ့ဂ်ဖြစ်ပြီး သူမကိုယ်တိုင်က Nirvanaရဲ့ခေါင်းဆောင် ကတ်ကိုးဘိန်းနဲ့ ကုတ်နေးလပ်ဗ်တို့ရဲ့ သမီး ဖရန်းဆက်ရဲ့ ခေါင်းကိုင်မိခင်ဖြစ်တယ်။ ဒရူးဟာ ရေမွှေး၊ ကြက်သွန်ဖြူနဲ့ ကော်ဖီတို့နဲ့ ဓါတ်မတည့်ဘူး..။


ပင်နီလုတ်ခရုဇ်ဟာ အကျီင်္ချိပ်တွေ စုဆောင်းတာ ၀ါသနာပါတယ်။


ရီးစ်ဝီသာစပွန်းဟာ ၁၉၉၁ ခုနှစ် Cape Fear ဇာတ်ကားမှာ မင်းသမီးရွေးပွဲပြိုင်ဖို့ လေယာဉ်စီးအသွား လေယာဉ်ပေါ် သူမဘေးခုံက လူကို အဲဒီအကြောင်းပြောပြတယ်..။ Cape Fear ရဲ့ ဒါရိုက်တာမာတင်စကော်စေးစေးနဲ့ မင်းသားကြီး ရောဘတ်ဒီနီရိုတို့ သိပ်တော်ပုံကို အဲဒီလူကပြောပြတဲ့အခါ ရီးစ်ဖြုံသွားပြီး အဲဒီမင်းသမီးရွေးပွဲ မ၀င်ရဲတော့ဘူး..။ သူမအစား မင်းသမီး ဂျူးလီယက်လူးဝစ္စ အရွေးခံလိုက်ရပါတယ်...။


ရုပ်ရှင်မင်းသားကြီး ဆင်မြူရယ်ဂျက်ဆင်ရဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ တစ်ချိန်တုန်းက သူဟာ အားကစားအသင်းတွေကို ကခုန် အော်ဟစ်အားပေးရတဲ့ ပန်းပွားအက အဖွဲ့ဝင်တစ်ဦး ဖြစ်ခြင်းပါ..။


အသက်(၁၄) နှစ်အရွယ်က Tomas Cruise Mapother လို့သာ ခေါ်ကြတဲ့ တွမ်ခရုဇ်ဟာ ဖရန်စစ္စကန်အသင်းဝင် ဘုန်းကြီးကျောင်းမှာ သင်တန်းတက်ဖို့လျှောက်လွှာတင်ပြီး ဘုန်းကြီးဝတ်ဖို့ ရည်ရွယ်ခဲ့တယ်..။


Titanic ဇာတ်ကားကြီးဟာ ကမ္ဘာတစ်ဝန်း ၀င်ငွေ ဒေါ်လာ(၁.၈၄)ဘီလီယံရခဲ့ပါတယ်..။ ၁၉၃၉ခုနှစ်က စီးကရက်တစ်ဗူးဟာ (၅)ဆင့် ရှူးဖိနပ်တစ်ရံတစ်ဒေါ်လာကျပြီး Gone with the Wind ဇာတ်ကားဟာ ၀င်ငွေဒေါ်လာ (၃၉၃.၄)သန်းရခဲ့တယ်..။ ကာလပေါက်ဈေးနဲ့ ပြန်တွက်ရင် အဲဒီဝင်ငွေဟာဒေါ်လာ(၃.၈)ဘီလီယံရှိရာ Titanic ထက်သာတယ်..။


ကျန်းကျီရီရဲ့ ပထမဆုံး အမေရိကန် ရုပ်ရှင်ကားဟာ ဂျက်ကီချန်းရဲ့ Rush Hour 2 ဖြစ်ပါတယ်..။ သူမ အင်္ဂလိပ်စကား မပြောတတ်လို့ ရုပ်ရှင်ဒါရိုက်တာ ပြောသမျှကို စကားပြန်က သူမအတွက် တရုတ်လို ပြောပေးရတယ်..။ အဲဒါတောင် အဲဒီဇာတ်ကားဟာ သတ်မှတ်ရိုက်ရက်မှာ ပြီးသွားတယ်..။


ဂျော်နီဒက်ပ်ဟာ Lori Anne Alison, Jennifer Greys,Winona Ryder, Kate Moss, Vanessa Paradis စတဲ့ မိန်းမလှကလေးတွေနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ဖူးတဲ့အတွက် “ဂျောနီဒက်ပ်နဲ့ သင်စေ့စပ်ထားရင် ကားဟွန်းတီးပြပါ” ဆိုတဲ့ မော်တော်ကား ဘန်ပါကပ်တဲ့ စတစ်ကာတွေတောင်ပေါ်လာတယ်..။(နောက်ဆုံးတော့ သူဟာ V.Paradis နဲ့ညားသွားတယ်...။


Star Wars : Episode I-Phantom Menace မှာ မိတ်ကပ်လိမ်းထားတဲ့ ကီယာရာနိုက်လေနဲ့ နာတာလီပေါ့(တ်)မင်းတို့ဟာ ရုပ်ချင်းချွတ်စွပ်တူနေကြတာ သူတို့ မိဘတွေတောင် ခွဲမရဘူး။ နာတာလီပေါ့(တ်)မင်းရဲ့ ဇာတ်ကောင် Queen Amidalaရဲ့ ကိုယ်ပွား(တည်ကြက်) အဖြစ် ကီယာရာက သရုပ်ဆောင်ပေးပေမယ့် အဲဒီဇာတ်ကောင်နှစ်ဦးစလုံး နာတာလီတစ်ဦးတည်းသရုပ်ဆောင်သလိုသတင်းလွှင့်ကြတယ်..။


လန်ဒန်မြို့ရှိ Harrod's ကုန်တိုက်ကြီးမှာ ၀တ်စားဆင်ယင်မှု စည်းကမ်းထုတ်ထားတာ ကြိုမသိတဲ့ Kate Winslet ဟာ စည်းကမ်းနဲ့ မညီလို့ ကုန်တိုက်ထဲ ၀င်ခွင့်မရခဲ့ဘူး..။


ဘရာဇီးနိုင်ငံသူ စူပါမော်ဒယ် ဂျီဆဲ(လ်)ဘွန်းချင်မှာ သူမထက် အသက်နှစ်မိနစ်ငယ်တဲ့ အမြွှာညီမရှိတယ်.။ သူမဟာ ဒေါ်လာသန်း (၁၅၀)ချမ်းသာလို့ ဂင်းနက်(စ်) ကမ္ဘာစံချိန်များစာအုပ်မှာ ကမ္ဘာ့အချမ်းသာဆုံး မော်ဒယ်လ်အဖြစ် မှတ်တမ်းတင်ခံရတယ်..။ ၂၀၀၁ခုနှစ်နောက်ပိုင်း သူမရဲ့ Ipanema Gisele Bunchen တံဆိပ်မိန်းမစီးဖိနပ်အရံပေါင်း သန်း(၁၀၀)ကျော်ရောင်းခဲ့ရတယ်..။


မူလပထမ ဟောလိဝုဒ် ဆိုင်းဘုတ်ကြီးဟာ ခြံမြေအကျိုးဆောင်လုပ်ငန်း ကြော်ငြာအဖြစ် တည်ထောင်စဉ်က Hollywoodland လို့ဖော်ပြခဲ့ပြီး ၁၉၂၃ ခုနှစ်ကုန်မှာ ကုန်ကျစရိတ် ဒေါ်လာ(၂၁၀၀၀)ဖြင့် တည်ဆောက်ခဲ့ပါသည်..။
ဘရက်ပစ်(တ်)ဟာ ရုပ်ရှင်မင်းသားမဖြစ်ခင် (၈)နှစ်တာအတွင်း ရေခဲသေတ္တာသယ်ပို့သူ၊ ခုနှစ်လွှာချွတ်ကခြေသည်တွေရဲ့ယာဉ်မောင်းနဲ့ သရေစာဆိုင်ကြော်ငြာဖို့ ကြကဖလို ၀တ်ဆင်သူ စတဲ့ အလုပ်မျိုးစုံလုပ်ခဲ့တယ်..။ ခေါင်းဆောင်မင်းသားလုပ်ခွင့်ရပေမယ့် ပြည်တွင်းစစ်ဖြစ်လို့မရိုက်လိုက်ရဘူး..။ နောက်သုံးနှစ်အကြာ Thelma & Louise မှာ ဇာတ်ပို့အဖြစ်သရုပ်ဆောင်တော့မှ သူနာမည်ရလာတယ်။ အမှတ် (၁၄၇)၂၀၀၆ နိုဝင်ဘာလထုတ် မြင်ကွင်းမဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။

2 comments:

အဖြူရောင်နတ်သမီး said...

မသိသေးတာတွေ...ခုတော့သိသွားပြီဗျို့...
ကျေးဇူးပါ မမိုးရေ....

~ဏီလင်းညို~ said...

မမိုးရေ...
ဏီဏီကတော့လေ....
မင်းသမီးပုံတွေကို ဦးဇားပေးပြီးကြည့်သွားတာဗျ....း)
ကိုယ့်အစ်မမို့ မညာပဲပြောသွားဒါ....ဟီးဟီး...း)
ခင်မင်တဲ့
ဏီလင်းညို