u ကပြောတယ် u နဲ့ချစ်သူ ဖြစ်လာမယ့် ကောင်မလေးကတော့ ထူးဆန်းလိမ့်မယ်တဲ့...။ ဒါပေမယ့် ချစ်တတ်တဲ့ ကောင်မလေးကိုတော့ ခုထိမတွေ့သေးဘူးတဲ့...။ တခါတခါလဲ ကိုယ့်ကိုယ်ကိုချစ်တတ်တဲ့ အသည်းနှလုံးတောင် ရှိရဲ့လားလို့ထင်မိတယ်တဲ့ ...။
ဟုတ်တယ် အချစ်ဆိုတာ သိပ်ဆန်းကြယ်တယ်..။ မယုံနိုင်စရာကောင်းလောက်အောင်ကို ဆန်းကြယ်တယ်..။ လူတစ်ယောက်က သူ့အချစ်ဘယ်မှာရှိလဲ ဆိုတာ ကိုယ်တိုင်သိဖို့က မလွယ်ဘူးလေ..။ ဟောဒီ.... မိုးကောင်းကင်အောက်မှာ ရွေးချယ်မှုနဲ့ ရလာနိုင်သမျှ အရာအားလုံး အချစ်မပါဘူး..။ အချစ်ဆိုတာ ရွေးချယ်ယူလို့မရဘူး..။ တချိန်မှာ u ချစ်တတ်လာတဲ့ တစ်ချိန်မှာတော့...u ရိပ်မိလာပါလိမ့်မယ်..။
ကိုယ်လဲ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးတယ်...။ ကိုယ့်နဲ့ချစ်သူဖြစ်လာမယ့်သူနဲ့ဘယ်လိုစပြီးဆုံစည်းမလဲပေါ့..။ ဒါတွေဟာ အပြင်မှာဖြစ်ဖို့က ခဲယဉ်းပါတယ်..။ ရုပ်ရှင်တွေထဲမှာပဲ တကယ်ရှိတာ..။ မယုံမရှိနဲ့... ကိုယ်ကလက်တွေ့ပဲလေ...။ ကိုယ့်ဘ၀မှာလေ... ကိုယ့်ချစ်သူကို တိတ်တိတ်ကလေးချစ်နေခွင့်ပဲရချင်တာ...။ ကိုယ့်စိတ်ကို ကိုယ်သိတယ်... ကိုယ်အရမ်းမျှော်လင့်ထားတာ ဖြစ်မလာခဲ့ရင် ကိုယ်ရင်ကွဲပြီးသေရလိမ့်မယ်...။
1 comment:
ပာုတ်ပါတယ်ဗျာာ
အချစ်ဆိုတာသိပ် ဆန်းကြယ်တဲ့အရာပါ . ..
Post a Comment