Tuesday, 2 August 2011

အမြဲတမ်းအတွက်....မင်း

အဲဒီညက မင်း....ဘာစိတ်ကူးပေါက်တယ်မသိ ကိုယ်နဲ့စကားတွေအများကြီးလာပြောနေတယ်....။

အဲဒီချိန်တုန်းက ကိုယ်လက်တော့လေးဖွင့်ပြီး မင်းနဲ့စကားပြောခဲ့တာတွေကို ပြန်ဖတ်နေတဲ့အချိန်......။ မင်းနစ်မှတင်ထားတဲ့ ရေခဲရုပ်လေးကိုလည်း လှမ်းကြည့်ကြည့်နေရင်း... ဗြုန်းဆို.... မင်းရုတ်တရက်ကြီးရောက်လာတာ.... ကိုယ်ဖြင့်လန့်သွားတာပဲ........။

အိပ်မက်မက်နေတာများလား....။ ဘာလားပေါ့.....။ အပြင်နဲ့အထဲ နည်းနည်းရောသွားတယ်....။

မင်းတကယ် ကိုယ်ထင်ပြပြီးရောက်လာခဲ့တဲ့အချိန်နဲ့ မင်းကို ကိုယ်အိပ်မက်မက်တဲ့ အချိန်သိပ်မကြာလိုက်ဘူး...။ နှစ်ရက်ပဲခြားမှာ.....။ ခဏလောက်တော့ပြန်လာခဲ့ပါ....အိန်ဂျယ်လို့ ကိုယ်ဆုတောင်းခဲ့တာ ပြည့်သွားတဲ့သဘောလား..။

ကိုယ်တို့ဘာတွေပြောဖြစ်ခဲ့ကြသလဲ.....။

ဟင်းချက်စားတဲ့ အကြောင်းတွေ......... မင်းကသူငယ်ချင်းတွေနဲ့ M3မှာ အသည်းကွဲသီချင်း သွားဆိုဖြစ်ခဲ့တဲ့ အကြောင်းတွေ..........ကိုးတန်းကတုန်းက ချစ်ခဲ့ဖူးတဲ့ မင်းရဲ့ ငယ်ချစ် ကောင်မလေးအကြောင်း....အဲဒီနောက် ရည်းစားဘယ်နှစ်ယောက်ထားခဲ့ဖူးတယ်ဆိုတာတွေရယ်ပေါ့....။

ခါတိုင်းနဲ့မတူတာတစ်ခုတော့ သတိထားလိုက်မိတယ်....။ မင်းစကားပြောတာ နည်းနည်းဂျစ်ကန်ကန်နိုင်နေတယ်......။ တစ်ခုခုအတွက် ...ဟာနေတဲ့ ခံစားမှုတစ်ခုခုအတွက်.... ပေကပ်ကပ်လေးဖြစ်နေသလားလို့....။

I am not angel .... just evil တဲ့....။ ကျတော်က အိန်ဂျယ်မဟုတ်ဘူး မိစ္ဆာပါတဲ့လေ........။
ဘာပဲဖြစ်ဖြစ် You are my ANGEL........forever....ပဲ...။


မိုးငွေ့

7 comments:

Mon Petit Avatar said...

မိုးငွေ့လေးရဲ့ ဆုတောင်းတွေအမြဲအကောင်အထည်ပေါ်နိုင်ပါစေနော်။

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ်ဆိုတဲ့ ဝေါဟာရ တော်တော်များများ သုံးတယ်နော်... ရင်တွေတစ်ထိတ်ထိတ်နဲ့ ဖတ်ရတာ...:P:P:P ခံစားအားပေးလျှက်ပါမမရေ..

အဖြူရောင်နတ်သမီး said...

ဒီအိန်ဂျယ်လေးလည်း လာဖတ်သွားပါတယ်..
ရင်တွေတထိတ်ထိတ်နဲ့ ဖတ်ရတာ..
အပေါ်က အိန်ဂျယ်လိုမျိုးပေါ့...:P :P :P

mstint said...

'You are my ANGEL........forever' ဆိုတာလေးသဘောကျတယ်း)
'ကိုယ်ထင်ရင် ကုတင်ရွှေနန်း' ဆိုတဲ့ စကားလိုပေါ့ မိုးငွေ့ရေ။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

ထာဝရ အိန်ဂျယ်လေး ကိုတမ်းတရတဲ့အဖြစ်က ရင်ခုန်စရာကောင်းလိမ့်မယ် ထင်ပါရဲ့... မျှော်လင့်နေတုန်း ဆိုက်ဆိုက်ရောက်လာတဲ့ အဖြစ်ကတော့ တိုက်ဆိုင်မှုထက် ခံစားချက်တွေ ဆက်သွယ်နေတာ ဖြစ်နိုင်မယ်ထင်တယ်။

မေသိမ့်သိမ့် ကျော် said...

မိုက်တယ်....း) You r my angel ပေါ့...း)

ခံစားမိသွားတယ်ရှင်။


ခင်မင်လေးစားလျက်

ညိမ်းနိုင် said...

အိန်ဂျယ့်အခန်းဆက်တွေက ဖတ်လို့ကိုမရိုးနိုင်ဘူး...
နောက်ပို့စ်မှာ အိန်ဂျယ့်အကြောင်းဘာရေးမလဲလို့တွေးနေ
မိတယ်....