ကိုစည်သူရဲ့ ဒီသီချင်းကိုနားထောင်ဖူးခဲ့တာ သူစုံတွဲထွက်ခဲ့ဖူးတဲ့ စီးရီးတစ်ခွေကပဲ... ခွေနာမည်မမှတ်မိတော့ဘူး....။ သူ့အရင်က ဘိုဘိုနဲ့ချောစုခင်ဆိုခဲ့ဖူးပြီး....။ မှတ်မိသေးတယ် အဲခေတ်က Mp3 တွေခေတ်စားနေတဲ့ချိန် မြေနီကုန်းမီးပွိုင့်နားရွှေမန်းရုပ်ရှင်ရုံဘေးက ဆိုင်ခန်းတွေမှာဖွင့်တဲ့ ဆိုင်တစ်ခုမှာ ကျွန်မရဲ့ Mp3 Air Pod အပြာရောင်လေးထဲကို အဲသီချင်းသွားထည့်ခဲ့ဖူးတာလေး....။ သီချင်းအပုဒ်ရေ ရာနဲ့ချီဆန့်တဲ့ တစ်လက်မသာသာ Air Pod လေး...ခုထိရှိသေးတယ် သုံးလို့ရသေးလား ပြန်ရှာပြီး စမ်းကြည့်ဦးမယ်....။ Air Pod နောက်ပိုင်း Zen ဆိုတဲ့ Mp4 စက်လေးတစ်ခုလဲရှိသေးတယ် အရှေ့ပိုင်းသီချင်းပို့စ်တစ်ခုမှာ ပြောခဲ့ဖူးပါတယ်...။ Zen ကတော့ အပုဒ်ရေထောင်ချီဆန့်တာ....။
ပြောရမယ်ဆို ကျွန်မက ဂီတနဲ့ ကလေးကတည်းက မစိမ်းခဲ့ဘူးပဲ....။ ကလေးတုန်းက အိမ်မှာအဒေါ်တွေက အအေးဆိုင်ဖွင့်တော့ Song Box ကြီးနှစ်လုံးနဲ့ ဘက်ထရီအိုးနဲ့ သီးချင်းတွေအမြဲဖွင့်နေတာ....။ အဲခေတ်က 1977-78 ဝန်းကျင်.... ကံ့ကော်တောမျိုးအောင် သီချင်း Hit ဖြစ်နေချိန်ပေါ့....။ ပြီးတော့ အန်တီချိုပြုံးရဲ့ ဘိုင်စကုတ်မင်းသမီးမချို သီချင်းတို့ဘာတို့ အဒေါ်တွေဖွင့်ဖွင့်တာကို ကြားနေခဲ့ရတာ....။ အဲကနေ လက်ကိုင်ပါတဲ့ ကက်ဆက်တိတ်ခွေထည့်နားထောင်ရတာ ရေဒီယိုလည်းပါတယ် ...။ တစ်ဆင့်တက်ပြီး Sony Walkman, Air Pod, Zen စသဖြင့် သီချင်းနားထောင်လို့ရတဲ့ စက်တွေ ကျွန်မပိုင်ဆိုင်ခဲ့ရဖူးတယ်....။ ခုတော့ ခေတ်ရဲ့အလိုအရ All-in-One လက်ကိုင်ဖုန်းတစ်လုံးမှာပဲ အစုံပါနေတော့ အရင်လို သီးခြားမဟုတ်တော့ဘူး....။ ဒီဖုန်းနဲ့ပဲ သီချင်းနားနေထာင် ဓါတ်ပုံရိုက် ရုပ်ရှင်ကြည့် အစုံလုပ်လို့ရနေတဲ့ ခေတ်ကို ရောက်သွားပြီကိုး.....။
ခုတလော ကိုစည်သူရဲ့ သီချင်းအဟောင်းတွေကို Joox ကနေပြန်နားထောင်ဖြစ်နေတဲ့ထဲက ဒီသီချင်းလေးကို တင်ပေးလိုက်တာပါ....။ ကျွန်မတို့ RC3 မှာ ပထမနှစ်ကျောင်းစတက်ကတည်းက ကိုစည်သူက RC2 မှာ နောက်ဆုံးနှစ်ကျောင်းသား ကျွန်မတို့နဲ့ စီနီယာတော်တော်ကျပါတယ်...။ အဲတုန်းက RC2 မှာ Fresher Welcome တွေလုပ်တိုင်း ကိုစည်သူက သီချင်းဆိုနေကျ သွားသွားကြည့်ကြတာလေ...။
ပြန်မရနိုင်တော့တဲ့ အချိန်တွေ.... ပြောပြရတာ အရသာရှိ...။ ပြီးတော့ ကျွန်မတို့ခေတ်ရဲ့ Campus Life ကို ခုခေတ်ကလေးတွေ မရခဲ့ဖူးတာလေးလည်း မျှဝေချင်သလို သီချင်းဟောင်းလေးတွေ ရှာနားထောင်ရင်း Yangon University တက်ခဲ့ဖူးတဲ့ စာဖတ်သူ အစ်ကို အစ်မတွေ အလွမ်းပြေစေဖို့ ရည်ရွယ်ပါတယ်....။
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment