Friday, 24 April 2020

မြူနှင်းများဆီရေးတဲ့စာ.....





ဒီဇင်ဘာဟာ နှင်းတွေကို အဖော်ခေါ်ပြီး ကျွန်တော့်ထံ
အလည်ထပ်ရောက်လာတော့မှာ
ဘယ်လိုအင်အားနဲ့ ကြိုဆိုရမလဲ
သူမ ကြိုက်တဲ့ တို့ဟူးနွေးတစ်ပွဲနဲ့လား


``````````````````````````

တစ်စုံတစ်ရာကို
ခင်ဗျား အကြာကြီးရပ်စောင့်ဖူးသလား....


````````````````````````

သိပ်တော့ မထူးခြားပါဘူး
ဘာမှမဖြစ်သလို နေတတ်တဲ့ နေရာမှာ
ကျွန်တော်က တော်တယ်မဟုတ်လား
နာကျင်ပျော်ရွှင်စွာပါပဲ
ခရီးတွေထွက်မယ် စာတွေဖတ်မယ်
တတ်အားသရွေ့လည်း ခင်ဗျားအကြောင်းတွေ
သတိတရ တွေးပစ်ဉီးမှာပါပဲ.....


``````````````````````

တကယ်လို့ တစ်ယောက်ယောက်က မင်းကို နာကျင်စေတဲ့အခါ
အိမ်မှာနေရင်း အိမ်ပြန်ချင်တယ်လို့ ခံစားလာရတဲ့အခါ
စားနေကျ ရှမ်းခေါက်ဆွဲက ပုံမှန်မဟုတ်တော့ဘူးလို့ ထင်တဲ့အခါ
မိုးကုပ်စက်ဝိုင်းကို ငေးရင်း
အဝေးကြီးကို ပြေးထွက်ချင်လာတဲ့အခါ
အားမနာပါနဲ့
ငါ့ဆီ ဖုန်းခေါ်ပါ...
ငါ့ဆီကို ဖုန်းခေါ်ပါ....


`````````````````````

ပြောပြချင်တယ်
တကယ်က
မင်းကို မင်းသိခဲ့ရတာထက် ငါအများကြီးပိုချစ်ခဲ့ကြောင်း


````````````````````

တစ်ယောက်ယောက်ကို
အရမ်းချစ်မြတ်နိုးပစ်လိုက်ဖို့
ကျွန်တော်တို့မှာ
အကြောင်းပြချက်တွေ လိုလို့လား....


```````````````````

မြူတွေဝေနေတဲ့ မြို့လေးရှိတယ်
အတူလျှောက်ဖူးတဲ့ လမ်းလေးရှိတယ်
ပြန်မလာသူတစ်ယောက်ရှိတယ်
ဘဝက ကြေကွဲဖို့ အတော်ထိုက်တန်နေပါပြီ...


````````````````````

တကယ်ပြောတာ
ထပ်ဝေးရမယ်ဆိုရင်
ဘယ်ကမ္ဘာမှာမှ ပြန်မဆုံချင်တော့ဘူး...


````````````````````

ဒီစာရေးပြီးရင် ကျွန်တော်ဖုန်းခေါ်လို့ရမလား
ခံနိုင်ရည်မရှိတဲ့ အလွမ်းသီချင်းတွေ
နားထောင်မိတယ်...
ပြိုကွဲနေတဲ့ တိမ်တွေ ငေးမိတယ်
ကြေ ကွဲ...။
ခေါ်သံတေွ မင်းမကြားနိုင်တော့ဘူး
ဘဝထဲက အပြီးထွက်သွားတဲ့သူကို
တိတ်တိတ်ကလေး ရင်ဘတ်ထဲ ထည့်ဝှက်ထားလို့ရလား
ရူးတယ်....


`````````````````

နှစ်တွေကြာသွားခဲ့ရင်
ကိုယ့်မှတ်ဉာဏ်ထဲ မင်းဘယ်လောက်ကျန်မလဲ
မင်းမှတ်ဉာဏ်ထဲမှာရော
ကိုယ်ဘယ်လောက်ကျန်မလဲ


@@@@@@@@@@


မိုးတွေရွာတဲ့အခါ
နှင်းတွေကျတဲ့အခါ
ရွက်ဝါတွေ ကြွေတဲ့အခါ
တစ်ယောက်ယောက်ကို စူးစူးနစ်နစ်သတိရပစ်ဖို့ပေါ့....

ခင်ဗျားတို့လည်း အကျအရှုံးများတဲ့ ချစ်ခြင်းမေတ္တာနဲ့ လွဲပါစေပေါ့....။

#စပ်ခွန်ဇ
#ခင်ဗျားကို ကျွန်တော်ချစ်တယ်......


မိုးငွေ့






No comments: