အိန်ဂျယ်ရေ........
ဘာလိုလိုနဲ့ ဒီဇင်ဘာရောက်လာခဲ့ပြန်ပြီ.....
ကိုယ်မင်းကို နှုတ်ဆက်ပါတယ် အိန်ဂျယ် “Sweet December” ရယ်လို့.....
ကိုယ့်ရဲ့ ချိုမြိန်သောဒီဇင်ဘာ နှုတ်ခွန်းဆက်သမှုက ဒီနှစ်ရောမင်းအတွက် ပထမဦးဆုံးဖြစ်ရဲ့လား..။
အတ္တများစွာနဲ့ ကိုယ်သိချင်မိတယ်...။
ဒီဇင်ဘာဟာ မြူနှင်းပွင့်တွေနဲ့မလှပတော့ဘူး...
ဒီဇင်ဘာဟာ အေးမြချမ်းစိမ့်မှုတွေမပေးတော့ဘူး...
ဒီဇင်ဘာဟာ နွေးထွေးတဲ့ ရွှေရောင်နေခြည်တွေမသန်းတော့ဘူး...
ပြီးတော့...
ဒီဇင်ဘာမှာ...အဖြူရောင်အတောင်ပံတွေ ဖြန့်ကျက်မယ့် အိန်ဂျယ်မရှိတော့ဘူး...
ချိုမြိန်သောဒီဇင်ဘာ
Sweet December
မိုးငွေ့
4 comments:
ဒီဇင်ဘာအလွမ်း.....
အိမ်ဂျယ်မရှိတဲ့ဒီဇင်ဘာ... လွမ်းစရာကြီးရယ်
Happy sweet December !
sweet december ပါ မကြီး
Post a Comment