Wednesday, 15 October 2014

အနီရောင်ရာဇဝင်......




ခုတလော ကိုယ်အနီရောင်ကို တော်တော်လေးရေဇီဖြစ်နေတယ်...။ ကိုယ့်မှာ အနီရောင်နဲ့ပတ်သက်လို့ အသုံးအဆောင်ပစ္စည်းများများစားစားမရှိခဲ့ဖူးဘူး...။ ကိုယ်ခပ်ငယ်ငယ် ကလေးမလေးအရွယ်တုန်းက မှတ်မှတ်ရရ၀တ်ဖူးတဲ့ အနီရောင်ဝတ်စုံနဲ့ ကိုယ့်အဖေကိုယ်တိုင်ရိုက်ပေးဖူးတဲ့ ဓါတ်ပုံလေးရှိတယ်...အဲပုံလေးကို မီးမီး ဆိုတဲ့အက်ဆေးမှာတင်ခဲ့ဖူးပါတယ်...။ ဒါက ကိုယ့်ငယ်ဘ၀က အနီရောင်အကြောင်း... ။ နောက်ပိုင်း ကြီးပြင်းလာတဲ့အထိ ကိုယ့်ပိုင်ဆိုင်မှုထဲမှာ အနီရောင်တွေသိပ်မရှိခဲ့ဘူး......။ ပြီးခဲ့တဲ့နှစ်ကတော့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်ဆီကို အနီရောင်တွေစုပြုံရောက်လာခဲ့တယ်....။ အနီရောင်ဖိနပ်သုံးရံလက်ဆောင်ရခဲ့တယ်...။ တစ်ရံက စလုံးကနေအဒေါ်ဝယ်ပေးခဲ့တဲ့ အနီရဲရဲလေဒီရှူးအပါးလေး နောက်တစ်ရံက ချစ်သူငယ်ချင်းတစ်ယောက် အော်ဇီကနေပြန်လာတော့ ၀ယ်ခဲ့တဲ့ ကြိုးသိုင်းနီရဲရဲဖိနပ်လေး... နောက်ဆုံးတစ်ရံကတော့ အနီချည်းပဲမဟုတ်ပေမယ့် အသားရောင်အခံမှာ အနီသည်းကြိုးနဲ့ စိန်ပွင့်ကလေးတွေပါတဲ့ ဖိနပ်။

ကိုယ်ပိုင်ဆိုင်ခဲ့သမျှ အနီရောင်လေးတွေကို အောက်ကပုံလေးတွေမှာ ကြည့်ပါနော်...း)

တလောက MK Fashion (ဒဂုံစင်တာ) မှာ အပြင်ကဖြတ်လျှောက်ရင်း အရုပ်မှာဝတ်ဆင်ထားတဲ့ အနီရဲရဲဂါဝန်အကြပ်လေးတစ်ထည်ကို ကိုယ်သိပ်သဘောကျနေခဲ့မိတယ်...။ ဈေးတော့တော်တော်ကြီးမှာပဲ...။ အဲဒါမကျေနပ်လို့ ကိုယ်တိုင် တံဆိပ်ကိုသွားချောင်းခဲ့တယ် ဈေးနှုန်းက Baht 2990 တဲ့ မြန်မာငွေ ကိုးသောင်းကျပ်နီးပါး ဘုရားရေ.... အဲအနီရောင်ဝတ်စုံလေးမျက်စိထဲကမထွက်ဘူးဖြစ်နေတယ်...း))
ဖဘက မဂ္ဂဇင်းတစ်ခုမှာ Katy Perry ၀တ်တဲ့အနီရဲရဲဝတ်စုံသုံးစုံကိုလည်း ကြည့်ပြီးပြီးချင်း ရူးသွပ်သွားခဲ့မိတယ်...။ မျက်နှာသစ်ဆပ်ပြာလေးကုန်လို့ သွားဝယ်ရင်း Mabellen(Newyork) ရဲ့ Red Matte ဆိုတဲ့ နှုတ်ခမ်းနီရဲရဲလေးတစ်ထောင့်ဝယ်ဖြစ်ခဲ့သေးတယ်...။



  ဒီဝတ်စုံလေးသိပ်ခိုက်နေတယ် ချုပ်ပေးပါ မိုင်ဒီဇိုင်နာရေ....






တခါက အခက်ခဲလေးကြုံရင် သွားဟောနေကျ ဗေဒင်ဆရာမကြီးက ကိုယ့်ကိုယ် အဆိုတော်စာရေးဆရာရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးနဲ့ ဇာတာတူတယ်လို့ပြောခဲ့ဖူးတယ်...။ အရောင်ထဲမှာ အနက်နဲ့အကျိုးပေးတယ်တဲ့...။ အဲကျမှ သတိထားကြည့်မိတာ ကိုယ့်အ၀တ်အစားထဲမှာ အများဆုံးက အနက်ရောင်ဖြစ်နေခဲ့တယ်...(စကားချပ်)

တခါတလေ ကိုယ်ဟာ မျက်နှာပေါ်ဘာမှမလိမ်းဘဲ မျက်တောင်မှာ မက်စ်ကာရာ ခပ်ထူထူနက်နက်လေးကော့ပြီး နှုတ်ခမ်းနီရဲရဲဆိုးလို့ ခပ်ဆိုးဆိုးသွမ်းသွမ်း ကောင်မလေးငယ်ငယ်တစ်ယောက်လို ပြင်ဆင်ပြီး လမ်းထွက်ကြည့်ချင်တယ်....။

ဘာရယ်မဟုတ် အနီရောင်ကို ဓါတ်ကျနေလို့ရေးမိသွားတာလေးပါ...။



မိုးငွေ့

2 comments:

စံပယ္ခ်ိဳ said...

မီးလေးကအခုအနီရောင်တွေကိုကြိုက်နေတာပေါ့နော် အိုမားလဲ အရင်ကတော့ကြိုက်တယ် စိတ်အပြောင်းအလဲလား ဘာလားတော့မသိဘူး ခုတော့ အပြာလေးတွေကိုကြိုက်တတ်နေတယ်
အဖြူ အနက်ကတော့ ဟိုးအရင်ကတဲက ရူးခဲ့တာခုထိပါပဲမီးရေ........
တိုဟူးသုပ်အတွက်ကျေးဇူးပါ.....

မဒမ်ကိုး said...

အသက်ငယ်တုန်းဆိုးသာဆိုးလုပ်ချင်တာလုပ်ကြီးရင်လုပ်မရတော့ဘူး
အပြတ်အသတ်အားပေးတယ် မမ