တိမ်ညိုညိုတွေကောင်းကင်မှာ လေအလျင်နဲ့ရွေ့လျားပြေးလွှားနေကြတယ်…။
တိမ်တွေနဲ့မင်းနဲ့သိပ်တူတာပဲသိလား အိန်ဂျယ်….။
မင်းလည်း ကိုယ့်ကို မြင်ရင် အဲလိုထွက်ပြေးနေကြလေ…:)
ကိုယ့်အတွက်မင်းဟာ အိန်ဂျယ်ဖြစ်သလောက် ကိုယ်ကတော့ မင်းအတွက် စုန်းကဝေတစ်ယောက် တစ္ဆေတစ်ကောင်လောက်ထက်တောင်မပိုပါဘူး…..။ မင်းနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ဘဝအကျိုးပေးက ဒီလောက်နဲ့ပဲဆိုလည်း ကိုယ်လက်ခံရမှာပေါ့လေ….။
ကိုယ့်အတွက်မင်းဟာ Essential မဟုတ်ပေမယ့်…. ကိုယ့်စာမျက်နှာမှာတော့ မင်းအတော်များများ နေရာယူထားတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး…။
မင်းဟာ ကိုယ့်ရဲ့ဘဝအမောဖြေလေးပါ အိန်ဂျယ်….။
မင်းဟာ ကိုယ်ရဲ့စကားလုံးပါ…။
မင်းဟာ ကိုယ့်ရဲ့ဂီတပါ….။
အိန်ဂျယ်… အိန်ဂျယ်…. အိန်ဂျယ်…. တစ်ချိန်ကျရင်… ကိုယ့်ဘဝရဲ့အမှတ်တရမှတ်တိုင်လေးတစ်ခု အဖြင့် ကမ္ဗည်းတင်ကျန်ရစ်စေမယ့် သူ…။
တိမ်လို လေအလျင်အတိုင်း ရွေ့လျားနေပေမယ့်လည်း ကမ္ဘာကြီးလုံးနေတဲ့အတွက် တချိန်ချိန်မှာ တစ်ပတ်လှည့်ပြန်လာရမယ် မဟုတ်လား…(တွေ့လား.. စက်ဝိုင်းသီအိုရီကို ကိုယ်လက်ခံ ကျင့်သုံးနေဆဲပဲ)
မင်းနဲ့ကိုယ်စစတွေ့ချင်းတုန်းက အချိန်ကိုအမှတ်ရမိတယ်… အဲဒီတုန်းက ကိုယ်ရဲ့ သံယောဇဉ်မျှင်မျှင်ကလေးတွေကို ဟောဒီစကားလုံးလေးတွေက မင်းဆီကိုအရောက်ပို့လို့ ကူညီခဲ့ကြတယ်…..။ မင်းကိုယ်တိုင်လည်း ခံစားသိမြင်ခဲ့ပါတယ်…..။ မင်းလည်း မင်းခံစားသိမြင်တာလေး စာလုံးလေးတွေနဲ့ ပြန်လာပြောသွားခဲ့တာပဲ……။ ဟုတ်တယ် ကိုယ်နဲ့မင်းကြားက မင်းပထမဦးဆုံးနဲ့ နောက်ဆုံးရေးခဲ့ဖူးတဲ့ အဲဒီစာလုံးလေးတွေကို ကိုယ် တစ်သက်လုံးသော့ခတ် သိမ်းထားလိုက်ချင်ရဲ့….။
မိုးငွေ့
6 comments:
အမရေ..တိုက်ဆိုင်စွာပဲ ညီမလည်းဒီနေ့ တိမ်အကြောင်း လေးတင်မိတယ်၊ ရွေ့လျားတိမ်ရဲ့ အိန်ဂျယ်စာစုလေးကို ဖတ်သွားခဲ့တယ် အမ..
ညီမလည်း The world is circling ဆိုတာ လက်ခံတယ် :)
အင်း...အိန်ဂျယ်က တိမ်ညိုဆိုရင် ကောင်းကင်မှာ
တည်မှာပေါ့နော်
ဟင်.. ကမ္ဘာက လုံးနေတုန်းပဲလား? ဒါဆို ဆရာကျော်ဝင်းတော့ သွားပြောဦးမှ ပါလေ၊ သူက ပြားပြီလို့ ပြောနေလို့...၊းP
ညီမမိုးကို ချစ်ခင်သော စိတ်အခံနဲ့ စ,ချင်စိတ် ပေါ်လာလို့နော်..၊း) အိန်ဂျယ်ပို့စ်လေးတွေရဲ့ ထုံးစံမပျက် နူးညံ့တဲ့ အရေးအဖွဲ့လေးပါ ညီမရေ...။
အိန်ဂျယ် စာစုလေးတွေ ဖတ်ရတိုင်း နူးနူးညံ့ညံ့ ခံစားရတယ်
ရိုးသွား ရိုးမရှိတဲ့ အိမ်ဂျယ်ပါပဲ ဗျာ
ဖတ်လိုက်တိုင်း ခံစားရတယ် ။
ဒါနဲ့ စကားမစပ်
ဘယ်လို စကားလုံးလေးမို့
သော့ခတ်သိမ်းထားချင်တာလဲ ဟမ် :p
မမိုးရဲ့  အိန်ဂျယ်ပို့ စ်တွေက နူးနူးညံ့ညံ့ သိမ်သိမ်မွေ့ မွေ့ လေးနဲ့  ချစ်စရာကောင်းတယ်..း)
Post a Comment