နွေဦး(၂)တုန်းက မင်းလာဖတ်ပြီး ကမ်းခြေကိုရော ကိုယ့်ကိုရောသတိရလိုက်တာကိုပြောဖူးခဲ့တယ်….။ ဒီတစ်ခါရောမင်းလာဖတ်ဦးမှာလား အိန်ဂျယ်….။ နွေဦးဆိုတဲ့ စကားလုံးလေးဟာ ကိုယ်တို့နှစ်ယောက်စတင်ဆုံဆည်းစေခဲ့တဲ့ နှစ်ပတ်လည်အမှတ်တရစကားလုံးလေးပါ….။ အဲဒီကတည်းက ကိုယ်ကမ်းခြေကိုမရောက်ဖြစ်တော့တာ နှစ်နှစ်ပြည့်သွားခဲ့ပြီလေ….။ မင်းလည်းကိုယ့်လိုပဲအဲကတည်း ပြန်မရောက်တော့တာမဟုတ်လား….။
ကိုယ်ပြန်မြင်ယောင်ကြားယောင်ကြည့်မိတယ်….ကမ်းခြေရဲ့အသံစုံဂီတတွေ ကောင်းကင်ရဲ့ညအော်သံတွေ ကြယ်တာရာရဲ့အလင်းလဲ့လဲ့တွေ…. ပင်လယ်ပြင်မှာအရောင်ပြန်နေတဲ့ ငွေခြည်ရောင် လခြမ်းကွေးကွေးရဲ့အရိပ်တွေ…. လေထဲမှာနူးညံ့စွာစီးမျောပြီး နှလုံးသားထဲထိနစ်ဝင်သွားစေတဲ့ ဂီတသံစဉ်လေးတစ်ခု….။ လင်းလက်တောက်ပတဲ့ အဖြူရောင်အပြုံးတစ်ခု…။ အရာအားလုံးဟာ ကိုယ့်အတွေးထဲကို ……….အစဉ်လိုက်ဝင်ထွက်နေကြတယ်…….။ ဒီအတွေးစလေးတွေ ကိုယ့်ဘယ်ဖက်အိတ်ကပ်လေးထဲကို အသာအယာလေးပုန်းခိုလိုက်လာခဲ့လိုက်တာ ရာသီစက်ဝိုင်းနှစ်ခါလည်ခဲ့ပါပေါ့လား…..။
ကိုယ်မသိလိုက်ပေမယ့် တိတ်တဆိတ်လေး ကိုယ့်နွေဦးဆီကို ကမ်းခြေရဲ့သဲမွမွသောင်ပြင်မှာလို ခြေရာလေးခပ်ဖွဖွချန်ထားခဲ့ပါ အိန်ဂျယ်……..။
ဟိုအရင်ညတွေတုန်းကလို ကော်ဖီအတူသောက်ခဲ့ဖူးတာတွေ စကားလက်စုံပြောခဲ့ဖူးတာတွေဟာ ခုချိန်မှာ ပုံပြင်တစ်ပုံဖြစ်သွားခဲ့ပြီဆိုတာ မယုံနိုင်စရာပါပဲ…..။ ကိုယ်ယောင်ဖျောက်နေတတ်တဲ့မီးမလင်းတော့တဲ့ မင်းရှိရာဆီကို ကြယ်စင်တွေရဲ့အလင်းနဲ့ရှာဖွေဖို့ ကိုယ့်မှာအင်အားတွေချိနဲ့နေခဲ့ပြီလေ…….။ မမြင်စေချင်လို့ အမှောင်တွေနဲ့ပိတ်ကာဆီးထားတဲ့ ကန့်လန့်ကာတစ်ခုကို စိတ်လိုက်မာန်ပါ ကိုယ်တိုင်လှစ်ဟကြည့်လို့မရလောက်အောင်… အကန့်အသတ်တွေက ပြည့်နှက်လို့ရယ်ကွယ်…..။
လရောင်ခပ်ပါးပါးမှာ အလွမ်းငွေ့ငွေ့တွေလွတ်ထွက်သွားမှာစိုးလို့ တင်းတင်းကျပ်ကျပ်ပိုက်ထွေးရင်း ရူးမိုက်စွာမင်းကို စောင့်မျှော်ဆဲပါ…။
နွေဦးရဲ့လေပြေနဲ့အတူ အဖြူရောင်ပါးပါးလေး ကိုယ့်မြင်လွှာမှာစွဲထင်ခဲ့ဖူးတာကို မဆုံးတဲ့ရုပ်ရှင်တစ်ကားလို ကိုယ်တစ်ယောက်တည်း ပရိတ်သတ်အဖြစ်ထိုင်ကြည့်နေတတ်တုန်းပဲ…..။
အိန်ဂျယ်ရေ…. ကိုယ့်ရဲ့ နွေဦးအတွေးစလေးကို ခဏကလေးဖြစ်ဖြစ်အချိန်ပေးပြီးဖတ်သွားခဲ့တယ်ဆိုရင် မင်းကိုကိုယ်ကျေးဇူးတင်မိနေတော့မှာ….။
မိုးငွေ့
5 comments:
အမှန်ပါပဲ....
ဘယ်တော့မှ မရိုးတဲ့ အမြဲလိုလို ဆန်းသစ်မှုကိုပေးစွမ်းနိုင်တဲ့ အိန်ဂျယ် ...
မင်းကို ကိုယ်ကျေးဇူးတင်ပါတယ် :)))
ချစ်မရေ....ဂွတ်နိုက်ထ်ပါရှင်
ချစ်တဲ့....မိုးနတ်
မီးမှိတ်လို့တိတ်တိတ်လေးနေပေမယ့် သူလည်းကြိတ်လွမ်း
ရင်လွမ်းနေမှာပေါ့မမီးရယ်.....ဟုတ်တယ်ဟုတ်...၊
ဒါနဲ့စကားမစပ် အချိန်ပေးပြီးလာဖတ်တဲ့ အိန်ဂျယ်တစ်
ယောက်တည်းကိုပဲ ကျေးဇူးတင်တာကတော့ တဆိတ်
မျက်နှာလိုက်ရာကျပါတယ်ဗျာ..... :))))
အိန်ဂျယ်ရေ ဖတ်ပြီးပလား။ သမီးက ကျေးဇူးတင်မလို့တဲ့ ။
( စပ်စုထှာနော်းP )
ဒီမှာတော့ နှင်းတွေနဲ့ ချမ်းစိမ့်နေတုန်းမမရေ..
Post a Comment