ချစ်သူများနေ့မှာ ကိုယ်တိုင်အမှတ်တရရေးစရာမရှိတော့ မုန့်ပဲလုပ်ကျွေးတော့မယ်နော် ...
စားပြီးရင် လည်းသီချင်းလေးနားထောင်သွားကြပါဦး....။
ဒါက တစ်ကိုယ်တော် Valentine သမားများအတွက် Special ပါ....
1800တန်ဆိုင်က၀ယ်ထားတဲ့ pan cake ring ကို ကွကိုယ် cutter လုပ်လိုက်တယ်....
Cheese နဲ့ ကြက်သားပြားတွေကိုလဲ အသည်းပုံလေးတွေဖြတ်ထားတယ် ပိုတဲ့ဘေးသားတွေကိုသပ်သပ်ဖယ်ထား...သူ့ကိုလည်း အသားညှပ်ပေါင်မုန့်နှစ်ခုစာလုပ်လို့ရတယ်...။
Sandwich ထဲထည့်မယ့်ဆလပ် ခရမ်းချဉ်သီး မိုင်ရောနစ်
ချိစ်ပြားကနဲနဲကြီးသွားတယ် ပေါင်မုန့်ထပ်ပိုသေးအောင်လုပ်ပေးပါ မဟုတ်ရင် မုန့်က ချိစ်အရသာများပြီးငံနေမယ်...
ဟုတ်ကဲ့...တစ်ယောက်တစ်ခုအတူတူစားနော်... ချစ်သူစုံတွဲတွေကို အဓိကပြောတာပါ...
စိုင်းစိုင်းနဲ့ဘန်နီဖြိုးတို့ဆိုထားတဲ့ တစ်ကိုယ်တော် Valentine သီချင်းလေးကိုနားထောင်သွားပါဦး
♫ ♥●••·˙˙·••●♥♫ Happy Valentine's Day ♫ ♥●••·˙˙·••●♥♫
8 comments:
Sandwich ကိုကြိုက်တယ် အိမ်ကလူကိုလဲမကြာခဏ လုပ်ပေးတယ့်  အသည်းလေးတော့ မလုပ်ဖူးလို့ပါဆယ်ပါယူခဲ့ပြီနော် တစ်ကိုယ်တော်
Valentine သမားများအတွက် Special ဆိုတော့
အိုမားတို့ပါဘူးပေါ့လေ စိတ်ဆိုးဒယ် ထိပ်ထိုးမယ်
တစ်ကိုယ်တော်သမားတွေအတွက်ဆိုတော့ ဟန်ကျသ
ပေါ့ဗျာ....၊ခက်တာက ဆင်းဒဝစ်ကြိုက်ဘူးးးးးးးးးးးးးး
ဒါပဲပေါ့ ညီမမိုးရယ်..၊ ဖယောင်းတိုင်တွေ ထွန်းမှ၊ ချော့ကလက်တွေ စားမှ ဖေဖော်ဝါရီ ၁၄ ဟာ ပိုပြီး အဓိပ္ပါယ် ရှိတာ မဟုတ်ပါဘူး၊ အခုလို “ဆန္ဒwish” လေး တစ်ခုနဲ့လည်း ငြိမ်းချမ်းနေတာပဲ မဟုတ်လား၊း)
သွားရည် ယိုသွားတယ် ညီမရေ...။း)
အစ်ကိုညီလင်းပြောတယ် “ဆန္ဒwish”တဲ့...။ အဲလိုလေး တခါမှတောင်မစဉ်းစားမိဘူး...း)
မုန့်လေးကလှလွန်းတော့
စားရက်စရာတောင်မရှိဘူးအမရေ
သည်ဗယ်လင်တိုင်းကတော့ အပြိုကြီး လူပြိုကြီးတွေ ကြော်ငြာဝင်နေတဲ့ ဗယ်လင်တိုင်း ဖြစ်နေပါပေါ့လားး)
တစ်ကိုယ်တော် ဗယ်လင်တိုင်းကနေ နှစ်ကိုယ်ပျော်ဗယ်လင်တိုင်းကို အမြန်ပြောင်းနိုင်ပါစေဗျားး)
ဖေ့ဘုတ်မှာ အဲဒီပုံတင်ထားကတည်းက စားချင်နေတာမမရေ။ ခု ပိုပီး သွားရေယိုလာပီနော်။ ဂလုဂလုဂလု
မီးကတော့ ဘာမှကိုတိဘူးးးးးးးး
ဘာမှလဲ အာရုံမရဘူးးးးးးးးး
စိုင်းစိုင်းနဲ့ ဘန်နီဖြိုးတောင် ဘယ်လိုဆိုသွားမှန်း
နားမထောင်မိလိုက်ဘူးးးးးးးး
စရောက်ကတည်းက အဲ့မုန့်တွေပဲ အာရုံက
ရောက်နေတာ ဟီးးးးးးးးးးးးး
အော် မုန့်နှယ် မစားရက်စရာ.....
ချစ်ချာရေးပါလားနော် :)))
Post a Comment