ပြည်မြို့ကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က တစ်ညအိပ် ဘုရားဖူးသွားခဲ့ဖူးတယ်...။ အဲဒီတုန်းက ဘုရားတော်တော်စုံအောင်ဖူးခဲ့ရဖူးတယ်...။ ဒီတစ်ခေါက်က ညမအိပ် နေ့ချင်းပြန်သွားကြတာ...။ သူငယ်ချင်းအစ်မတွေနဲ့ အားလုံး ကားမောင်းသမားအပါအ၀င်ဆယ်ယောက်သွားကြတယ်...။ ကားစင်းလုံးငှားလိုက်တာ တစ်သိန်းခွဲပေးရတယ်...။ ရန်ကုန်ကနေ မနက်လေးနာရီခွဲကားလာကြိုပေမယ့် တကယ်စထွက်တာ ငါးနာရီမထိုးခင်ဆယ်မိနစ်အလို...။ ကားမောင်းတဲ့ ကောင်လေးက အသက်ငယ်သေးတယ် နှစ်ဆယ့်သုံးတဲ့...။ ဒီလောက်ငယ်တဲ့ကားသမား အတွေ့အကြုံလည်းနည်းလိမ့်မယ်လို့ စိတ်ထဲထင်ထားတဲ့အတိုင်းပဲ...ထောက်ကြံ့လမ်းခွဲမှာ ကိုယ်တော်လေးက ပြည်လမ်းကိုမရွေးဘဲ ပဲခူးလမ်းအတိုင်းမောင်းနေပါတယ်...။ တော်သေးတယ် အစ်မတစ်ယောက်က လမ်းမှားနေပြီးပြောလို့ ပြန်ကွေ့လိုက်ပါတယ်...။ ကားမောင်းတာတော့ မဆိုးပါဘူး..။ လူကြီးတွေလည်းပါတော့ ခပ်မှန်မှန်ပဲမောင်းပါတယ်...။ များသောအားဖြင့်တော့ လူငယ်တွေက ကားမောင်းကျွမ်းတာထက် ကြမ်းတတ်ကြတယ်လေ...။ ဒါနဲ့ ပါလာတဲ့အစ်မတွေက သူတို့တူလေးရှိတဲ့ ဥက္ကံမြို့မှာ မနက်စာစားမယ်လို့ပြောတယ်...။ ဥက္ကံရောက်တော့ မနက် ခြောက်နာရီလေးဆယ်ငါး...။ ဆောင်းရဲ့ သဏ္ဍာန်က ဒီနယ်မြို့ကလေးမှာတော့ ပီပီပြင်ပြင်ပါပဲ...။ ရန်ကုန်မှာ မနက်သုံးနာရီအိပ်ယာထပြင်ဆင်ချိန်မှာတော့ ပူအိုက်လွန်းလို့ ရေချိုးရတယ်...။ ဒီမှာတော့ အေးစိမ့်နေလို့ရယ်...။ တချို့ အနွေးထည်မပါသူတွေ ပုဝါခြုံထားရတယ်...။ မြူငွေ့တွေအုပ်ဆိုင်းလို့ မှုန်မှုန်မှိုင်းမှိုင်းမြို့ကလေးမှာ နို့စိမ်းခေါက်ဆွဲနဲ့အိမ်ရှင်တွေက မနက်စာကိုဧည့်ခံပါတယ်...။ ထုံးစံအတိုင်း နယ်ကသူတွေရဲ့ ဖော်ရွေမှုကြောင့် မနက်စာကို ခုလိုမနက်စောစောမစားဖြစ်ကြတဲ့ ရန်ကုန်သူတွေ မစားနိုင်လဲစားနေကြရတယ်...။ နယ်ချက်ဆိုတော့ အစားအသောက်ရော ကော်ဖီကအစ အချိုကဲပါတယ်...။ နက်စ်ကော်ဖီတောင်ဆိုင်မှာမှာသောက်ရင် ရေနွေးထပ်ရောသောက်တဲ့ကိုယ်... သူတို့ဖျော်တိုက်တဲ့ ကော်ဖီချိုချိုကို ကုန်အောင်မသောက်နိုင်ခဲ့ဘူး...။ နာရီဝက်လောက်အဲဒီမှာစားသောက်ပြီး ပြည်ကိုဆက်ထွက်လာလိုက်တာ... မနက်ဆယ့်တစ်နာရီကျော်မှရောက်ပါတယ်...။ ရောက်တာနဲ့ န၀ဒေးတံတားအတက်နားက ၀န်ချတောင်ဘုရားကိုစဖူးတယ်...။ ပြောပါရောလား ပဲခူးလမ်းနဲ့ပြည်လမ်းတောင် မခွဲတတ်တဲ့ ကားမောင်းသမားဟာ ပြည်ရောက်တော့ လမ်းမေးရတာ အမောပေါ့...။ လမ်းမသိဘူးလေ...။ ၀န်ချတောင်ဘုရားမှာ ဆွမ်း ရေချမ်းဆယ်ခွက်ဆီကပ်ဖို့ အဆင်သင့်ယူလာတာတွေကို ဆယ့်နှစ်နှစ်ရီမထိုးခင် အပြေးအလွှားကပ်ရတာပေါ့....။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်မီတော့ပြီးသွားပါတယ်..။ အရင်တုန်းက ပြည်ဘုရားဖူးလာတုန်းကတော့ ဒီဘုရားကိုမဖူးခဲ့ဘူးလို့ထင်တယ် ခုတခါပထမဦးဆုံးအကြိမ်ပါ...။
ပြည် န၀ဒေးတံတား ညာဖက်လမ်းချိုးထဲဝင်ပြီး တောင်ပေါ်တက်တဲ့ကားလမ်းအတိုင်းသွားလိုက်ရင် ၀န်ချတောင်ဘုရားကိုရောက်ပါတယ်... ခင်ပွန်းကြီးဆယ်ပါးကိုပြစ်မှားခဲ့တာရှိရင် ၀န်ချတောင်းပန် ဆုတောင်းပြည့်တယ်....
ဝန်ချတောင်ဘုရားဝင်းထဲက ရှေးဘုရင်တစ်ပါး ထုဆစ်တည်ထားကိုးကွယ်ခဲ့တဲ့ လက်ရှင်တော်ဘုရား လက်တော်ကိုခဏချွတ်ယူပြီး ပစ္စည်းတခုခု သို့မဟုတ် ငွေစက္ကူတစ်ရွက်နဲ့ သိဌိတင်လိုရာဆုကိုတောင်း အဲဒီအဆောင်ကိုဆောင်ထားတဲ့..(ဘုရင်နာမည်ကို အဲဒီအဘက ပြောပြပါတယ် မေ့သွားတယ် အဲလို)
ဆောင်းကုန်ခါနီး နွေအကူးမှာ ရွက်နုတွေဝေဖို့ ရွက်ဟောင်းတွေချွေချပြီးသား သစ်ပင်တစ်ပင်ရဲ့ ပြယုဂ်
ပြည်တစ်ဖက်ကမ်းက ရွှေဘုံသာမုနိဘုရား
ရွှေသင်္ကန်းပြန်ကပ်နေတဲ့ ရေဘုံသာမုနိဘုရားကို လှပသောတိမ်တွေနဲ့
ကောင်းကင်အောက်မှာ ဖူးမျှော်ရစဉ်
ရွှေဘုံသာမုနိမုဦးတော်က ရုပ်ရှင်တော်မြတ်
အဲဒီနေ့က ကောင်းကင်ပြာပြာမှာ တိမ်တွေပြန့်ကျဲ လှပလို့နေတယ်....
ရွှေဘုံသာမုနိ ဈေးဆိုင်တမ်းက ကြက်သွန်ပေါက်ကလေးတွေ သုံးစည်းငါးရာပါတဲ့
သနပ်ခါး ဆီးသီး နဲ့ နှီးကြိုးတွေအထပ်ထပ်နဲ့တုတ်ထားတာကတော့ လက်ဖက်ပါတဲ့...
မြကျောက်သရက်သီး အကင်းလေးတွေ တအားမချဉ်ဘူး ငါးပိရည်နဲ့တို့စရာလုပ်လုပ် ဒီတိုင်းလေး ငရုတ်သမီးမှုန့်နဲ့ သုပ်စားစား အလွန်ကောင်းပါ၏။ လေးလုံးတစ်ထောင်ပါ...
ခရမ်းသီး တစ်တွဲမှတစ်ရာ လေးလုံးပါတယ်...
ကြက်သွန်နီပေါက် သဘောင်္သီး ဆီးသီး အထုပ်ထဲက ပဲပုစွန်သီးနဲ့ မကျည်းသီး
ပြောင်းဖူးမီးဖုတ် လတ်လတ်ဆတ်ဆတ်ရှိလို့လားမသိ တော်တော်ချိုပါ၏
သုံးဖူးငါးရာပါတဲ့...
သနပ်ခါးတွေ
ပြည်ဖက်ကမ်းက နေ့လည်စာစားတုန်း လှမ်းရိုက်ဖြစ်တာ... ရေတွေခမ်းလို့ သောင်ထွန်းနေတယ်....
နေ့ချင်းပြန်ဆိုတာ့ ဘုရားအစုံဖူးဖို့ အချိန်မရပါဘူး...အသွားခြောက်နာရီ
အပြန်ခြောက်နာရီလောက်မောင်းရတဲ့ခရီးစဉ်မှာ ကြားထဲက
ဘုရားဖူးရတဲ့အချိန်တော်တော်နဲ သွားပါတယ်..။ နေ့ချင်းပြန်ဆိုတာ့
ပုဆိန်ပေါက်ပဲဖူးရမှာလို့ ဒီခရီးမသွားခင်က ကဖမမပြောတဲ့စကားကို
ပြန်ကြားယောင်မိသွားတယ်..။ ၀န်ချတောင်ဘုရားဖူးပြီးတာနဲ့ ဧရာဝတီမြစ်ကူး
န၀ဒေးတံတားကြီးကိုဖြတ်ပြီး တစ်ဖက်ကမ်းက
ရွှေဘုံသာမုနိဘုရားကိုဆက်သွားပါတယ်..။ ဧရာဝတီမြစ်ကြီးက ခမ်းခြောက်လို့
သောင်တွေထွန်းနေတာများ အဲဒီသောင်ပြင်ပေါ်ကိုသွားပြီး
ပြေးဆော့ချင်စိတ်ပေါက်မိရဲ့...။ ဘုရားဖူးပြီး ဘုရားဈေးတန်းက အသီးအရွက်တွေဘာတွေ ၀ယ်ကြခြမ်းကြပေါ့....။ ပျော်စရာကြီးရယ်...။ တချို့က ရန်ကုန်နဲ့ဈေးသိပ်မကွာတော့အလေးခံပြီး မ၀ယ်တော့ဘူး...။ လတ်ဆတ်တာချင်းတော့ ကွာတာပေါ့လေ...။
ပြည်ရွှေဆံတော်ဘုရားကုန်းတော်ပေါ်က မုဒ်ဦး နှီးဘုရား
ကောင်းကင်ပြာပြာ တိမ်သားတွေအောက်က ရွှေဝါရောင်ဝင်းနေတဲ့ ရွှေဆံတော်ဘုရား
နေ့လည်စာစားပြီးတော့ ပြည်မြို့ပေါ်က ရွှေဆံတော်ဘုရားဆက်ဖူးပါတယ် ဆောင်းနေမွန်းတည့်ချိန်ပေမယ့် မပူပါဘူး လေအေးအေးတွေတိုက်ခတ်နေတယ်....။ ကောင်းကင်ပြာပြာမှာ တိမ်တွေပြန့်ကျဲလို့...။
ရွှေဆံတော်ဘုရားကုန်းတော်ပေါ်ကလှမ်းရိုက်ထားတာ ဆယ်ထပ်ကြီးဘုရားတဲ့ ဥာဏ်တော်ဘယ်နှစ်ပေရှိသလဲတော့မသိဘူး တော်တော်မြင့်တယ်...
ဒီလိုအရောင်စိမ်းစိမ်းနဲ့ ရေသန့်ဗူးမမြင်ဖူးလို့ ရိုက်ခဲ့တာ...
ဘုရားရဲ့သောက်ရေစင်နားက
ရွှေတောင်မြို့က ရွှေမျက်မှန်ဘုရား
ပြည်ရွှေဆံတော်ဘုရားပြီးတော့ ပြည်ကနေပြနှ်ထွက်လာခဲ့ပါတယ်..။ ပြည်မြို့မှာရှိတဲ့တခြားဘုရားတွေကို ဆက်ဖူးဖို့ အချိန်ကမရတော့ဘူးလေ...။ ရွှေတောင်က ရွှေမျက်မှန်ဘုရား...
ရွှေနတ်တောင်ဘုရားကတော့ ပြည်အဝေးပြေးလမ်းမကြီးကနေအတွင်းဖက်ကို ဆယ့်လေးမိုင်လောက်ထပ်ဝင် ရပါတယ်...။ နေ့ချင်းပြန်ဘုရားဖူးခရီးစဉ်က စုစုပေါင်းဘုရားငါးဆူ ဖူးခွင့်ရခဲ့ပါတယ်...။ ကားမောင်းသမား နဲနဲနှေးတာကလွှဲရင် ကျန်တာအားလုံးအဆင်ပြေပါတယ်။
ရွှေနတ်တောင်ဘုရား
ပေါင်းတည်တို့ အုတ်ဖိုတို့ကျော်ပြီး သာယာဝတီ ဥက္ကံမရောက်ခင် ၀က်ပုတ်ဆိုတဲ့မြို့ကလေးရဲ့ ကားလမ်းမပေါ်က အသီးအရွက်ဆိုင်ကလေး ခရမ်းချဉ်သီးတစ်ထုပ် လေးရာတဲ့... တပိသာလောက်ရှိမယ်...
ရန်ကုန်ပြန်ရောက်တော့ ဆယ်နာရီခွဲ ဆယ့်တစ်လောက်ရှိပြီ....။
ဟူးးး......ကားစီးရတာ တော်တော်ပင်ပန်းတယ် အသွားတုန်းကတက်ကြွသလောက် အပြန်တော့လူက နှုန်းခွေပြီး ငိုက်လိုက်တာမပြောနဲ့...။ ရန်ကုန်ပြန်ရောက်တော့ ရာသီဥတုက ပူမြဲတိုင်းပူအိုက်နေတာပါပဲ....။ ခရီးသွားပို့စ်တွေရေးတဲ့အထဲမှာ ကျမအညံ့ဖျင်းဆုံးဖြစ်လိမ့်မယ် ဓါတ်ပုံတွေကအစလေ....။ ဤတွင် ပြည်ခရီးစဉ်ပြီးပါ၏။
မိုးငွေ့
10 comments:
တောင်ပေါ်လက်ဘက်လေးသုတ်စားချင်လိုက်တာ....၊
မစားရတာ ၁၀စုနှစ်လောက်ရှိပြီပေါ့...၊အရင်ကတော့
တောင်ပေါ်က မယ်သီလရှင်တွေထုတ်တာ...၊ခုတော့လူ
တွေထုတ်တယ်ထင်ရဲ့...၊အဲ့လက်ဘက်က ဝမ်းချုပ်တာ
တွေ၊ညဘက်စားလို့အိပ်မပျော်တာတွေမရှိဘူးရယ်....၊
သူကလက်ဘက်စစ်စစ်လည်းမဟုတ်....၊ထားပါတော့
လေ.....၊ပြည်ဆိုတာ ကိုယ့်ရဲ့ ဒုတိယဇာတိမြေလိုဖြစ်
နေတော့ ဓာတ်ပုံလေးတွေကြည့်ရတာ ပြည်ကိုလွမ်း
မိရဲ့ဗျာ.....၊စကားမစပ် ပြည်နဲ့ပဲခူးကို မှားတာကတော့
ဒီငတိအတော်လွန်သဗျ...... :)))))
အိုးးးးးးးး
ပြည်ဘုရားဖူးလားးးးးးး
မိုးနတ်လဲ ရောက်ဖူးတယ်..
ပြည်ရွှေဆံတော်ဘုရားလေ.သိပ်ပြီးကြည်ညိုဖို့ကောင်း
တယ်...ဆယ်ထပ်ကြီးဘုရားကတော့ ညဏ်တော်
ဘယ်လောက်ရှိမယ်မသိ....အမိုးမိုးလို့မရဘူးတဲ့..
ရွှေမျက်မှန်လဲ ဖူးဘူးတယ်...ပြည်ကနေနဲနဲဆက်သွားရ
တာတော့ မှတ်မိတယ်...ရွှေဘုံသာမုနိကတော့
ခဏခဏရောက်ဖြစ်တယ်...ပြည်မြို့ကြီးကလေ
ရာဇ၀င်နဲ့ မရဲ့...ဗေဒါရေကြည် ...ပြီးတော့
သီရိခေတ္တရာမြို့ဟောင်း....မှော်ဇာ...ဘုရားကြီး
ဘုရားမာ ဘုရားထောင် ဘောဘောလေးဘုရား
အားလုံးဟာ ရာဇ၀င်တွေနဲ့ချည်းပဲ..ပြည်ဟာ
ဒဏ္ဍာရီထဲကမြို့ပြတစ်ခုပဲ ...စိတ်ဝင်စားစရာတွေနဲ့
ပြည့်နှက်နေတယ်....သိပ်ပူပြီး ရေမသန့်တာရယ်
ခြင်သိပ်ကိုက်တာရယ်ကလွဲရင် ပြည်ကိုသိပ်သဘောကျ
တယ်...လွမ်းလဲ အရမ်းလွမ်းတယ်...:)))
မရယ် ...နေ့ချင်းပြန်ခရီးဆိုတော့ ခုလိုရာသီဥတုပူပူ
မှာ မတစ်ယောက်အတော်ပင်ပန်းရှာရော့မယ်..
တစ်ပါတ်လောက် အပြင်မထွက်ပဲ အားမွေးလိုက်အုံးနော်...အိမ်မှာပဲနေပြီး အေးဆေး
နှပ်နေပေါ့...ညလေး နက်ဖြန် ဘရိတ်ဖတ်စ်
လာပို့ပေးမယ်..ဒါထက် မ အိမ်လိပ်စာလေး
တဆိတ် :P
ချစ်တဲ့....မိုးနတ်
ပြည်ကို မရောက်တာ ဆယ်နှစ်ကျော်ပြီ..ပြည်တွင်းခရီးလေးတွေကို ဖတ်ပြီး မြန်မာပြည် အလွမ်းပြေ၏..နောက်ထပ် များများသွားနိုင်ပါစေ...
ပြည်ကို ခဏခဏရောက်ဖူးတယ် ၀န်ချတောင်ဘုရားကို တခါမှမဖူးဖူးဘူး ဒီတခါရောက်မှသွားရမယ် မရောက်ဖူးသေးတဲ့ နေရာတွေလည်ခွင့်ရတာကျေးဇူးတင်ပါတယ်
အမိုးငွေ့ ဘုရားဖူးလေး လာဖတ်ရင်း ညီမ သွားခဲ့တုန်း က ကာလလေးကိုတောင် သတိရသွားတယ် .. န၀ဒေး တံတားကြီးကို ဖြတ်ရတဲ့အချိန်နဲ့ လမ်းသစ်က မောင်းတဲ့အချိန် ဘေးပတ်ဝန်းကျင်ရှု့ခင်းကို ကြည့်ရတာ အရမ်း သာယာတာပဲ၊ ညီမတုန်းက ခရီးသွားရင်း အပြန်ဖြတ်လာတာဆိုတော့ န၀ဒေးတံတား မရောက်ခင် တောင်ပေါ်နားက ဘုရားတွေကို မ၀င်ခဲ့လိုက်ရဘူး .. အဲ့နားဝန်းကျင်က ရှု့ခင်းလေးတွေကို လွမ်းမိသွားပီကွယ် ...
မရောက်ဖူးသေးတဲ့ ပြည်ဘုရားတွေ ဖူးခွင့်ရလို့ ၀မ်းသာလိုက်တာ မမိုး။
ချမ်းမြေ့ပါစေ...
ချစ်တဲ့သဒ္ဓါ
အားကျလိုက်တာ..
ဘုရားတွေဖူးသွားပါတယ်အစ်မမိုးငွေ့.။
မျက်မှန်ကလေး ချွတ်ပေးကြစေချင် ဆောင်းပါးထဲက ရွှေမျက်မှန်ဘုရားက အဲဒီမှာ ရှိတာကိုး..။
ပြည်ကိုရောက်ဖူးတယ်မမ။ဒါပေမယ့် ရွှေဆံတော်ဘုရားပဲဖူးဖူးတာ။ ဆုတောင်းအရမ်းပြည့်တယ်တဲ့။ နောက်တခေါက်များသွားခွင့်ကြုံရင် ရွှေမျက်မှန်ဘုရားဖူးချင်လိုက်တာ။ တီဗွီထဲမှာပဲခဏခဏ ဖူးဖူးတာမို့။
ကျမမိဘများကပြည်ဇာတိပါ။
ဒါပေမဲ့ ကျမကို ထားဝယ် တပ်ရင်း( ၆ ) မှာမွေးပါတယ်။
ပြည်မှာဘဲကြီးပြင်းလာခဲ့တယ်..။
ပြည်ရွှေဆံတော်ကနေပြီးဧရာဝတီမြစ်ကိုကြည့်ရ
တဲ့ခံစားမူကိုခုထိမမေ့နိုင်ပါဘူး။
လာမဲ့တန်ဆောင်တိုင်မှာ ပြည်ကိုသွားပါမယ်..။
ဓါတ်ပုံတွေကိုကူးယူပါတယ်နော်..။
ကိုယ်တိုင်ပြည်ကိုရောက်သွားသလိုပါဘဲ..။
ရင်ထဲမှာ အမြဲထာဝရ ရှိတဲ့နေရာ ( ၃)ခုရှိပါတယ်။
( ၁ ) ထားဝယ်မြို့စပါးတောင်ကနေပြီးထားဝယ်မြို့
ကိုမြင်ရတဲ့နေရာ..။
(၂) စစ်ကိုင်းဆွမ်းဦးပုညရှင်ရဲ့အကျော်ပင်ရိပ်
ကနေပြီးကြည့်လိုက်ရင်..
ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့..ဒုဌ၀တီမြစ်၊
ဇော်ဂျီမြစ်နဲ့ပန်းလောင်မြစ်တို့ရဲ့
့ရေအရောင်..၊
(၃) ပြည်ရွှေဆံတော်ဘုရားကနေပြီးတည်ငြိမ်စွာ
စီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေပြင်..
အဲဒီနေရာ( ၃ )ခုကိုတွေးလိုက်တိုင်းမြင်ပြီး
မြင်လိုက်တိုင်းလွမ်းပြီးမိပါတယ်....။
မေတ္တာရည်လျက်
မခင်မိုးညို
ခံစားရတဲ့အမည်မသိ
တွေးလိုက်တိုင်းမြင်..
မြင်လိုက်တိုင်းလွမ်းတဲ့
ပြည်မြို့ကို ..ထာဝရ သတိရနေပါတယ်..။
ဓါတ်ပုံတွေ ကူးခွင့်ပေးပါနော်..။
ပြည်ကိုရောက်နေသလိုပါဘဲရှင်..။
ကျေးဇူးတင်ပါတယ်။
မေတ္တာရည်လျက်
မခင်မိုးညို
Post a Comment