
“အချစ်သစ်တဖန်မွေးဖွားခဲ့ပြီ”တဲ့...ဦးထီးကအဲလိုဆိုထားခဲ့တယ်...။
တကယ်ပဲ အချစ်ဆိုတာ အသစ် အသစ် အဖန်တလဲလဲ မွေးနိုင်ပါသလား....။ လူတိုင်း လူတိုင်း အချစ်ကိုခံစားဖူးတတ်ကြမှာပါ...။ ဒါပေမယ့် အချိန်တွေ ရွေ့လျားပြောင်းလဲလာတာနဲ့အမျှ အချစ်အပေါ်ခံစားမှုတွေက ပြောင်းလဲလာတယ်....။
အချစ်ကို ကိုယ့်ခံစားမှုနဲ့ကိုယ် အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်....။ ကိုယ့်အတွက်တော့ အချစ်ဆိုတာ အငွေ့ဆန်ပါတယ်...။ အချစ်ဟာ ဘ၀အတွက် အစိတ်အပိုင်းသေးသေးကလေးသာပါဝင်တယ်ဆိုပေမယ့်လည်း သူကလူတစ်ယောက်အတွက် မရှိမဖြစ်လေးပါ...။ ၀မ်းနည်းအားငယ်နေချိန်ကလေးမှာ အချစ်ဟာ လူတစ်ယောက်အတွက်တော့ အားဆေးတစ်ခွက်ပါပဲ....။ လူတစ်ယောက်ရဲ့ နှလုံးသားအတွက် ၀ိဥာဉ်အတွက် အားဆေးတစ်ခွက်ပဲ...။ အချစ်အကြောင်းကို မသက်ဝေတဂ်လို့ ဒီမှာ ရေးဖူးပါတယ်...။
ဟိုးငယ်ငယ် ဆယ်ကျော်သက်အရွယ်တုန်းက ချစ်ခဲ့ဖူးတဲ့ အချစ်...။ ပြီးတော့ အရွယ်ရောက်လာလို့ ရည်းစားတွေဘာတွေရတော့ ချစ်ဖူးခဲ့တဲ့အချစ်...။ တူတော့မတူဘူးဗျ...။ ကွဲပြားတယ်... အသက်အရွယ်အလိုက် အချိန်အခါအလိုက် ခံစားမှုတွေ အတွေးတွေပြောင်းလဲသွားတယ်....။ အခုလက်ရှိအချိန်မှာတော့ အချစ်ဆိုတာကို ဘ၀အတွက်ပိုပြီးလိုအပ်လာတယ်လို့ မြင်လာတယ်...။ အချစ်ကိုလဲ လွတ်လပ်စွာချစ်ခွင့်ရှိလာတယ်လို့ခံစားရတယ်....။ အသက်ကြီးရင့်လာသည်နှင့်အမျှ အချစ်အကြောင်းရေးရတာပိုပြီး အဓိပ္ပါယ်ရှိလာတယ်....။ လူတစ်ယောက်ရဲ့ စိတ်အဟာရအတွက် အချစ်ဟာ ဘယ်အချိန်မဆို လိုကိုလိုအပ်တယ်...။
အချစ်ဟာ ပျားရည်လိုချိုမြတယ်... အချစ်ဟာ လေပြေလေညှင်းလေးလိုပဲ.... အချစ်ဟာဝိုင်တစ်ခွက်... အချစ်ဟာ ဘာညာဘာညာလို့ အမျိုးစုံတင်စားကြပေမယ့်....တကယ်တမ်းကျတော့ အချစ်ဟာ...အင်မတန်ရိုးစင်းလှတဲ့ အချစ်ပါပဲ...။ လူတွေကသာသူတို့ ပူရင်ပူတယ် အေးရင်အေးတယ်နဲ့ အပြစ်ပုံချနေကြတာ...။ အချစ်ဟာ အချစ်ပါပဲ...ဘယ်တော့မှပျောက်ပျက်မသွားမယ့်အရာ....။
ကြားဖူးကြမလားတော့မသိဘူး စက်ဝိုင်းသီအိုရီတစ်ခုအကြောင်းပါ... စက်ဝိုင်းတစ်ခုပေါ်မှာ လူနှစ်ယောက်ဟာ မရပ်မနားဆက်သွားနေမယ်ဆိုရင် အဲဒီနှစ်ယောက် ဘယ်တော့မှပြန်ဆုံမှာမဟုတ်ဘူး...။ နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ တစ်နေရာမှာ ရပ်စောင့်နေရင်တော့ တစ်ချိန်မှာ ပြန်ကိုဆုံဖြစ်ကြမှာ အသေအချာပဲ....။ လူတွေသဘာဝက လိုက်ရင်ပြေးတတ်ကြတယ်လေ... ဒီတော့ မလိုက်ဘဲ တစ်နေရာမှာ ရပ်စောင့်နေလိုက်ပါ...။
ကိုယ့်အတွက်တော့ အချစ်ဆိုတာ... ဘယ်တော့မှ လန့်နိုးမလာမယ့် အိပ်မက်ထဲက ကိုယ့်ရဲ့ အိန်ဂျယ်လေးပါပဲ....။ ဒါနဲ့စကားမစပ်... ကိုယ့် အိန်ဂျယ်လေးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန်ဂျယ့်ကိုချစ်တဲ့ အချစ်အကြောင်းလေးကို နိဒါန်းရှည်ရှည်ပျိုးပြီးရေးလိုက်ပါတယ်.........။
မိုးငွေ့
16 comments:
တယောက်ကရပ်နေပြီး တယောက်ကဆက်မလိုက်ရင်လည်း မရဘူးနော်
အချစ်ဟာ အချစ်ပါပဲ...
ဘယ်တော့မှပျောက်ပျက်မသွားမယ့်အရာ....။ :)
အချစ်အကြောင်း သိချင်လို့ လာဖတ်သွားပါတယ် မမိုးရေ.... :)
ဂျင်း
ချစ်သူတစ်ယောက်
ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာ
ကမ္ဘာကြီးထဲမှာ ပိုပြီးနေပျော်လာအောင်
ဖန်တီးပေးလိုက်သလိုပဲ...
မျှော်လင့်ချက်တွေက
ပိုအားကောင်းလာတယ်။
ဘ၀ကိုရင်ဆိုင်ဖို့
ခွန်အားတွေ ပိုရှိလာတယ်
အရာရာကိုရင်ဆိုင်ဖို့
ပိုပြီးရဲရင့်လာတယ်......တဲ့။
စစ်မှန်သော..အချစ်စစ်နဲ့
မနှေးအမြန်ဆုံစည်းနိုင်ပါစေရှင်
ခင်မင်စွာဖြင့်
အချစ်အကြောင်းလေး ဖတ်သွားတယ် မမရေ... အင်း.. အချစ်ဟာ အချစ်ပါပဲ... :D
ရိုးရိုးလေးပါ အချစ်က အချစ်ပါဘဲ...
အဲဒီအပေါ်မှာမှ စိတ်ခံစားချက်က အမျိုးမျိုးပြောင်းလဲသွားတာလို့ ထင်ပါတယ်...
အိမ်ကလူကိုဘေးမှာထားပြီး
အချစ်အကြောင်းလေးဖတ်နေပါတယ်...
စက်ဝိုင်းမှာ ၂ ယောက်လုံးရပ်နေရင်တော့
ဒုက္ခပါပဲနော်...
ဖွင့်ဆိုချက်တွေ အမျိုးမျိုးပါပဲလား မိုးငွေ့ရေ.. အင်္ဂလိပ်မှာတော့ Love တစ်လုံးထဲပဲ။ မြန်မာမှာတော့ အချစ်နဲ့ မေတ္တာဆိုပြီး ကွဲနေတယ်။ မေတ္တာအဖြစ်နဲ့ဖွင့်ဆိုတဲ့ အချစ်မျိုးနဲ့ပဲ တွေ့ထိခံစားဖူးတော့... မိုးငွေ့ပြောသလိုပဲ အချစ်ဟာ အချစ်ပါပဲဆိုပြီး သဘောပေါက်လိုက်ပါရဲ့....
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
အချစ်ဆိုသည်မှာ....ဘာညာဘာညာ... :)
ခင်တဲ့(ဖိုးကြယ်)
အင်း...အချစ်..အချစ်....ကျွန်တော်တော့ အချစ် ကို အချစ်
အတိုင်းပဲထားလိုက်တော့တယ်အစ်မရယ်...၊ဒီလိုလေး ချစ်
နေရတာကပိုကောင်းသလိုလို....
မကြီးရယ်...ပစ်ပစ်ဆိုစောင့်နေတာ
တော်တော်တောင်ကြာနေပြီလေ..
အချစ်ကဘယ်ရောက်နေမှန်းမသိ
ဒါပေမဲ့လည်းအမရယ် အချစ်ဆိုတာက
ချစ်နေဖို့ဘဲလိုတာပါ
အချစ်အကြောင်းဖတ်ရင်း... ခံစားသွားတယ်မမ..
သြော်....အချစ်..အချစ်... :)
ဟင့် ဟင့် ဟင့် ဟင့်  လွမ်းရတယ်ကွာ
ဘာမှတော့မဆိုင်ဘူးနော် ကိုယ့်ဘာသာလွမ်းချင်လို့ပါ
အသစ်တဖန်ပေါ့။ ကောင်း၏။း) အချစ်သည် အမြဲဆန်းသစ်၏။း)
ခင်တဲ့
မေသိမ့်
ရင့်ကျက်လာတဲ့ အခြေအနေ၊ ထောင့်ပြောင်းသွားတဲ့ အမြင်တွေကနေ အချစ်ကို ပြန်ကြည့်ရတာ..၊ တဖန်ပြန်ပြီး မွေးဖွားရတာဟာ စိတ်ဝင်စားဖို့ ကောင်းတယ်၊ တခါတလေမှာ အချစ်ကို အနုပညာနဲ့ ခံစားဖို့ လိုသလို တခါတလေမှာတော့ အချစ်ကို အတတ်ပညာနဲ့ တည်ဆောက်ဖို့လည်း လိုလိမ့်မယ်လို့ စဉ်းစားမိသွားတယ်...။
တည်မြဲခိုင်ခံ့မှု အလွယ်တကူပြောင်းလဲမှုဆိုတဲ့ အချစ်တွေရဲ့ ဖြစ်တည်မှုအကျိုးတရားတွေဟာ ကာယကံရှင်းနှစ်ဦးတို့ရဲ့ လုပ်ဆောင်ချက် ခံယူချက်တို့ရဲ့ အကြောင်းတရားများပေါ်မှာ မူတည်တယ်လို့ ထင်မြင်မိတယ် မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အချစ်...အချစ်..အချစ်...
သြော်... အချစ်က ပြောတယ်...
အသက်တွေ ကြီးပြီတဲ့...
မအိုသေးပါဘူး... အချစ်ကတော့...။ :)
Post a Comment