Friday, 27 June 2025

အငွေ့အသက်များ(၂).....


 


လွန်ခဲ့တဲ့လေးနှစ်ကထွက်ခဲ့တဲ့ Ah Boy နဲ့ ချမ်းမြေ့မောင်ချို တို့ရဲ့ "အငွေ့အသက်"များ ကို ကျနော်တင်ခဲ့ဖူးပါတယ် ...။ အဲတုန်းက သီချင်းရေးဆရာကို သားကြီးမှန်းလုံးဝမသိခဲ့ဘူး အခုYou Tube မှာ သားကြီးသီချင်းတွေကိုပြန်ရှာတော့မှ သူကိုယ်တိုင်ဆိုထားတဲ့ အငွေ့အသက်များ(၂)ကိုတွေ့လို့ ကြိုက်တာနဲ့ လာတင်ပေးလိုက်တာ...။ သားကြီးရဲ့ အသံက ဘယ်လိုပြောရမလဲ ပါးပါးလျားလျားနဲ့ သံစဉ်ထဲမှာ လှလှပပလေး စီးမျောနိုင်တဲ့ အသံမျိုး တစ်ချိန်က "ရုပ်သေးရုပ်" ဆိုတဲ့ သီချင်းနဲ့ပေါက်ခဲ့ဖူးတဲ့ အဆိုရှင်တစ်ယောက်ပေါ့ ခုထိလည်း သူ့သီချင်းတွေက နားထောင်နေကြတုန်းပါပဲ...။ တလောက မော်လ်ဒယ်နေခြည်လင်းလဲ့ရဲ့ မင်္ဂလာဆောင်မှာ သီချင်းလာဆိုတာတွေ့တော့မှ သားကြီးကို ပြန်အမှတ်ရသွားတယ် ဒီကြားထဲ သူ့သီချင်းတွေ ကြိုကြားထွက်နေပေမယ့် ကျနော်မသိခဲ့ဘူး....။ အဲဒါနဲ့သူ့ကို You Tube ထဲသွားပြန်မွှေကြည့်တာ.....။

အငွေ့အသက်များ(၂) ဆိုပြီး စာသားအသစ်တွေနဲ့ အရင်"အငွေ့အသက်များ"ရဲ့ chorus လေးပြန်ဖြည့်ပြီး ဆိုထားတာလေးလှတယ်....။ အငွေ့အသက်များ (၁)ရော (၂)ရော တစ်မျိုးဆီကောင်းတယ်...။



No comments: