မမသက်ဝေတို့ ခုတလော တော်တော် တဂ်ဖြစ်နေတာ....။ ဒေလီးလိုက်ခ်စ်တုန်းကတော့ လိုက်မရေးဖြစ်ပါဘူး...။ ကိုယ်ရဲ့ တစ်နေ့တာအကြိုက်တွေက သိပ်များလွန်းလို့ စာမျက်နှာဆန့်မယ်မထင်...။ ခုတစ်ခါ မကြိုက်ဆုံးများကိုတော့ ရေးမယ်....ရေးမယ် ရေးချင်တယ်.ကွယ်...။ ကိုယ်ဘာတွေမကြိုက်လဲဆိုတာကို လူသိစေချင်နေတယ်.. အဟဲ...။
- မနက်မိုးလင်းလာလို့ အိပ်ယာကနေချက်ချင်းထရတာကို မကြိုက်....
- အိပ်ယာကနိုးလာချိန်မှာ အိုက်စပ်စပ်ဖြစ်နေတာကို မကြိုက်....
- ရုံးသွားခါနီး မနက်စာကို ဘိုစာနဲ့စားရတာမကြိုက်....
- ရုံးကိုဖက်ရှင်ကျကျဝတ်မသွားနိုင်တဲ့ နေ့တွေဆို ကိုယ့်ကိုယ်ကိုမကြိုက်...
- အိမ်ကအထွက် ညကမပြင်ဆင်ထားမိလို့ တွေ့တဲ့ ဖိနပ်ပါးကိုကောက်စီးလိုက်ရတာမကြိုက်...
- အိမ်ပေါ်ကဆင်းလာလို့ အိမ်ရှေ့မှာ ဓါတ်ဆီကားတွေတန်းစီနေတာကိုတွေ့ရင်မကြိုက်.....
- ရုံးရောက်လို့ အလုပ်စလုပ်တာနဲ့ အချိန်တိုင်း....ဖုန်းမြည်နေတာကိုမကြိုက်.....(လာသမျှဖုန်းက ကိုယ့်ဖုန်းပဲဖြစ်နေတော့ ကြာလာ ကိုင်ပေါက်ချင်လာတယ်)
- အလုပ်အားတုန်း မျက်နှာစာအုပ်နဲ့ ကိုယ့်ဘလော့တွေကိုဝင်ကြည့်ဖို့ လိုင်းတွေအမြဲကျနေတာကိုမကြိုက်...
- ဘလော့ထဲရောက်သွားလို့ ကိုယ့်ပို့စ်တွေမှာ ကွန်မန့်တွေလာရေးကြတာကို မတွေ့ရင်မကြိုက်...(တိတ်တိတ်ကလေး လာဖတ်ပြီး မမန့်သွားတာကို မကြိုက်... မကြိုက် လုံးဝမကြိုက်....)
- မီးပူတိုက်၊ ပန်းကန်ဆေးရတာကိုလဲ မကြိုက်....
- ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မကြိုက်....
- ချောကလက်မကြိုက်.... ကြက်မောက်သီးမကြိုက်....
- ငါးကျည်းကြပ်တိုက်ဟင်း လုံးဝမကြိုက်...
- ပွင့်ပွင့်လင်းလင်းမရှိဘဲ မြုံစိစိလုပ်တတ်တဲ့သူတွေကိုမကြိုက်...
- မနာလိုဝန်တိုစိတ် စာနာစိတ်မရှိသူကိုမကြိုက်....
- ဆူညံပူညံ ပွစိပွစိသံတွေကို မကြိုက်....
- ကိုယ့်ကို pressure လာပေးတာကိုမကြိုက်....
- ရုံးဆင်း အိမ်ပြန်ချိန် စားပြီးသားထမင်းဗူးတွေကို ပြန်သယ်ရတာမကြိုက်....
- ညနေ...ကားတိုးစီးရရင် ကားထဲက လူနံ့တွေကိုမကြိုက်.... (အဲဒါကတော့ ငယ်ငယ်ကတည်းက တကယ့်အလာဂျီပဲ လုံးဝမရဘူး ဟန်ကိုမဆောင်နိုင်တာ)
- အိမ်ရောက်လို့... ရေမချိုးခင် အ၀တ်တောင်းထဲက အ၀တ်တွေပုံနေတာကိုတွေ့ရင်မကြိုက်...
- ညဘက်တီဗီကြည့်တဲ့အချိန် စကားလာပြောတာကိုမကြိုက်....
- ညအရမ်းအိပ်ငိုက်နေတဲ့အချိန်မှာ ဇာတ်ကားသိပ်ကောင်းတယ်ဆိုပြီး လာနိုးတာကို မကြိုက်...
- အိပ်မပျော်ခင် သီချင်းတစ်ပုဒ်နှစ်ပုဒ်နားမထောင်လိုက်ရတာကို မကြိုက်.....(တခါတလေ mp4လေး ဘက်ထရီကုန်နေတဲ့အချိန်)
- အိပ်မပျော်တဲ့ ညတွေမှာ ဟိုတွေး ဒီတွေး အချိန်ကုန်ပြီး ပို့စ်တစ်ပုဒ်တောင်မရလိုက်တာကို မကြိုက်...
8 comments:
တစ်ခုကျန်ခဲ့သလားလို့..အခုချိန်ထိ အပျိုကြီးဖြစ်နေရတာကိုလဲ မကြိုက်..မကြိုက် (လုံးဝ) မကြိုက် ဆိုတာလေးးးး... kwi kwi :P
မမိုးရဲ့ မကြိုက်တာလေးတွေကို သဘောကျတယ်..
တော်ကြာ မကြိုက်တဲ့ထဲ ပါမှာစိုးလို့ ကွန်မန့်ပေးသွားတယ်နော်...
အတာသင်္ကြန်မှာပျော်ရွှင်ချမ်းမြေ့ပါစေ..
ဆန္ဒအားလုံးပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေနော်
အခုတပတ် သောကြာနဲ့ စနေမှာ အလုပ်တွေ များနေလို့ ဒီပိုစ့်ကို အတွေ့နောက်ကျတာကို မကြိုက်...
တွေ့တွေ့ချင်း အပြေးကလေး လာမန့်ပေမယ့် ပထမ မဖြစ်တော့တာကို မကြိုက်...
သို့သော် ချစ်စရာပိုစ့်လေး ရေးပေးတဲ့ ညီမ မိုးငွေ့ကိုတော့ ချစ်ခင်စွာနဲ့ ဒီပိုစ့်လေးကို ကြိုက်...း))
မယ်နှိုင်း...ဟုတ်တယ် ကျန်သေးတယ် အဲလိုခနဲ့တဲ့တဲ့နဲ့ လာလာမန့်တာကို မကြိုက် လုံးဝ လုံးဝ လုံးဝ မကြိုက် မကြိုက်....
လာပြီး မမန့်ပဲပြန်သွားမလို့ပဲ မကြိုက်ဖူးဆိုလို့ ကွန်မန့်ပေးသွားပါတယ်။ တိုးတိုးလေးမေးသွားမယ် နောက်ထပ်ဘာတွေများမကြိုက်တာရှိသေးလဲ။
အဟိ...ပြောပြဘူး....
ဘလော့ထဲရောက်သွားလို့ ကိုယ့်ပို့စ်တွေမှာ ကွန်မန့်တွေလာရေးကြတာကို မတွေ့ရင်မကြိုက်...(တိတ်တိတ်ကလေး လာဖတ်ပြီး မမန့်သွားတာကို မကြိုက်... မကြိုက် လုံးဝမကြိုက်....)
တူများကို ပြောတာလား ဟင်...း)
ခွင့်လွှတ်ပါနော်... ရုံးမှာ မြန်မာစာဖတ်လို့ပဲရတယ် ... ရိုက်လို့မရဘူး။
အိမ်က laptop ပျက်သွားလို့ အသစ်ဝယ်လိုက်တာ(ကြွားတာ) window 7 မှာ မြန်မာစာ သွင်းတာ ဖတ်လို့ပဲရတယ်။ ရိုက်နည်းမသိပြန်ဘူး။ သနားကမားလေးပါ။ ဘလော့ရေးခြင်း ကွန်မန့်မန့်ခြင်းများနှင့် ဝေးနေသူလေးပါ။ မြင်သာမြင်ရ မကြင်ရ အဲ မြင်သာမြင်ရ စာရိုက်လို့ မရတဲ့ ဘွလေးပါ.... ခုက သူများဟာ ငှားရိုက်တာ... ဘလော့တွေ လိုက်ဖတ်လို့ပဲရပြီး လိုက်မန့်ချင်ရင် e လိုမန့်မှ ရမှာမို့ e မကောင်းသူလေးကို ခွင့်လွှတ်ပါလို့...
မမမိုးငွေ့ရေ ပူးတေ ရောက်ပါတယ်... ကိုယ့်အစ်မတွေ အားလုံးဆီရောက်တယ် သိလား။ အပေါ်မှာ ပြောထားသလို ပြဿနာ အရပ်ရပ်ကြောင့် မမန့်သွားဖြစ်တာပါနော် ချစ်မ
ခင်မင်စွာဖြင့်
ပူးတေ
(တိတ်တိတ်ကလေး လာဖတ်ပြီး မမန့်သွားတာကို မကြိုက်... မကြိုက် လုံးဝမကြိုက်....) ဆိုလို့ မန့်သွားတယ်နော် မမိုး....ဟုတ်တယ် တစ်ခါတစ်ခါတွေကျ မမိုးဆီစာလာဖတ်တယ်။ဒါပေမယ့် ရုံးမှာကျတော့ ကွန်မန့်ကိုအချိန်ပေးရိုက်နေဖို့ အခြေအနေမပေးတာကြောင့်
မမန့်ခဲ့ဖြစ်တာတွေရှိတယ်။ :)))
Post a Comment