Monday, 5 December 2022

Empty .....




နောက်ဆုံးမှာ 

အချစ်လည်းမရှိ 

အမုန်းလည်းမရှိ 

ဘာမှမရှိတော့တဲ့ 

ဗလာသက်သက်နဲ့ 

ငါတို့အဖော်လုပ်ကြမယ်...

အိုမင်းဆွေးမြေ့တဲ့အထိပေါ့ ...။


တကယ်က ကျနော်က ကဗျာမရေးတတ်တဲ့ထဲမှာ ထိပ်ဆုံးကပါတယ်...။ ကဗျာဆိုတာဘာလဲ ဘယ်လိုရေးရင် ကဗျာဖြစ်လဲဆိုတာကို သေချာနားမလည်ဘဲ ကိုယ့်ဘလော့မှာ ကဗျာလို့ Label တပ်ပြီး တင်လာတာဖြင့်များနေပြီ အားလည်းနာပါတယ်...။ ခုတလော အရင်လို အေးရာအေးကြောင်း မ Chill ရတာကြာပေါ့...။ အမြဲတမ်းအေးအေးဆေးဆေး အလုပ်လုပ် စာတွေရေးနေတတ်တဲ့သူ ကျနော်က ပိုက်ဆံများများရတာထက် စိတ်ချမ်းသာပြီး အေးဆေးနေရတာကိုပိုကြိုက်တယ်...။ အဲဒါလည်း မကြာခဏပြောဖူးပါတယ်...။ 

နောက်ဆုံးမှာ အချစ်လည်းမရှိ အမုန်းလည်းမရှိ ဗလာသက်သက်နဲ့ အဖော်လုပ်ပေးမယ့်သူဆိုတာ အရိုးဆွေးတောင်ရှာမတွေ့နိုင်ပါဘူး...ကဗျာထဲမှာတော့လှလှပပလေးအိုမင်းဆွေးမြေ့တဲ့အထိလို့သာရေးလိုက်တာ...။ ကျနော်တော့ အဲဂျင်းစကားကြီးကို မယုံဘူးဘဲ...။


___________________
Revolution will prevail
မိုးငွေ့

1 comment:

သဒၶါလိႈင္း said...

တကယ့်ကို ဘလော့အပေါ်မှာ သံယောဇဥ်ကြီးသူတယောက်မို့ လေးစားမိတယ် မမိုး.. ဘလော့ကိုအသက်သွင်းဖို့ ကြိုးစားပါအုံးမယ်...