Friday, 2 December 2022

Careless Whisper (DJ).....




George Michael ရဲ့ Careless Whisper ကို ကျနော်တို့ဆီက အဆိုတော်တူးတူး ကော်ပီပြန်ဆိုတာ သူ့ခေတ်မှာ မတရားပေါက်ခဲ့တာရော....။ တူးတူး သီချင်းတွေပေါက်တဲ့အချိန်က ကျနော်အထက်တန်းကျောင်းသူပဲရှိသေးတယ် ...။ ကျနော်တို့လသာ(၂)ကကျောင်းသူတွေ တူးတူးနဲ့ဟေမာန်ဝင့်ဝင့်ကို မင်္ဂလာဆောင်တော့ ငိုယိုလိုက်ကြတာ သူများငိုတာ ဝမ်းနည်းတာကို ရယ်စရာလို့တော့မပြောလိုပါဘူး ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်တွေတိုင်းရဲ့ အသည်းစွဲတွေ Crush တွေကတော့ အစဉ်ဆက်မပျက်ရှိနေကြဦးမှာပဲလေ...။

George Michael သီချင်းတွေကို ကျနော် သေသေချာချာနားထောင်ဖူးတာက ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်မှာ အဲခေတ်က CD လောက်ပဲထွက်သေးတာ MP3 MP4 ဘာညာတောင်မထွက်သေးဘူး....။ ကျနော် သူ့သီချင်းကို CD workman နဲ့နားထောင်ဖူးခဲ့တာ...။ Last Christmas တို့လိုသီချင်းတွေကိုတောင် Remix တွေဘာတွေနဲ့လည်း နားထောင်ဖူးခဲ့သေးတာ.. တော်တော်မိုက်တယ်....။






အခု ကျနော် Sound Cloud ကနေပြန်ရှာထားတာ Careless Whisper ကို ပြန်လုပ်ထားကြတာ ခုတင်ပေးတာက DJ Pantelis Soulful ရဲ့ Remix ဖြစ်ပါတယ်...။ အတော်လေးမိုက်တယ် ကျနော်ခုတလော နေ့တိုင်းနားထောင်ဖြစ်နေတာ လမ်းလျှောက်လဲနားထောင် ပုံဆွဲလဲနားထောင် ရေချိုးလဲနားထောင် အိပ်ရာဝင်လဲနားထောင်ဖြစ်နေတဲ့သီချင်းတစ်ပုဒ်....။

ဒါနဲ့ မနေ့က Sweet December လို့တောင် မနှုတ်ဆက်လိုက်ရ ခုတလော ကျနော် အလုပ်တွေရှုပ်...စိတ်တွေမော အရင်လိုအချိန်တွေ ပြန်လိုချင်မိ..... ။


___________________
Revolution will prevail
မိုးငွေ့

No comments: