တက်တူး တကယ်ထိုးဖြစ်သွားခဲ့ပြီပဲ....။ အံ့ဩစရာ....
ကျွန်မက ပုံမှန်ဆို ဘယ်တော့မှ ကိုယ့်အသားအနာခံရမယ့်အလုပ်မလုပ်ဘူး အဲနေ့က တက်တူးမထိုးခင် နားပေါက်အရင်ဝင်ဖောက်တာ....။ လွန်ခဲ့တဲ့ ၁၅-၂၀ နှစ် လောက်က လသာလမ်းက Beauty Saloon တစ်ခုမှာ နားဖောက်ဖူးခဲ့တယ်....။ အဲတုန်းက အကြောမလွတ်တာလားဘာလားတော့မသိ နားကပ်တခါထဲတပ်ပေးတဲ့ စက်နဲ့ဖောက်တာပဲ နားနောက်မှာသွေးမတိတ်ဘဲ သွေးခဲခဲနေလို့ စိတ်မရှည်ဘဲ ချွတ်လိုက်ကတည်းက နားပေါက်ကပြန်ပိတ်သွားခဲ့တာ...။ ခုမှပြန်ဖောက်ဖြစ်တာ ...တစ်ရက်ထဲ အသားနာတဲ့အလုပ်တစ်ခါထဲလုပ်လိုက်တယ်....။ တကယ်တမ်းလုပ်တော့လဲ ထင်သလောက်မနာတော့ပါဘူး နည်းပညာတွေပဲအဆင့်မြင့်လာလို့လား ကိုယ်ပဲ အရေထူလာသလား အနာခံနိုင်သွားတာလား မပြောတတ်တော့ဘူး....။ နားဖောက်မယ်လုပ်တော့ ကြောက်ပြီးချွေးတွေဘာတွေပျံတာ မီးပျက်လို့ ယပ်တောင်တောင်းရသေးတယ်...။ ဖောက်ပေးတဲ့ ကောင်လေးက ဘာမှမနာဘူး ခြင်ကိုက်သလောက်ပဲတဲ့ နှစ်သိမ့်ရှာတယ်...။ တကယ်လဲဖောက်ရော "ဖောက်"ဆိုတဲ့အချိန်လေးပဲ စက္ကန့်ပိုင်းလောက်နာတာ ကျန်တဲ့အချိန်ဘာမှာ နာတာမဖြစ်ဘူး ခုထိ....။ နှစ်ပတ်ကနေ တစ်လထိတပ်ထားပေးပြီး အုန်းဆီလေးတို့တို့ပေးတဲ့ အနာကျက်တာနဲ့ ကြိုက်တဲ့နားကပ်ပြောင်းတပ်လို့ရပြီတဲ့....။ စမ်းချောင်း ပဒုမ္မာလမ်းထဲက Paragon မှာလုပ်တာ...။ ကျွန်မတို့ရုံးက Ex-Junior Colleague တစ်ယောက်လဲပါတယ် သူက ညာဖက်နားတစ်ဖက်ပဲဖောက်တာ...။ သူနားပေါက်ဖောက်မယ်လို့ပြောလို့ ကျွန်မကလိုက်ဖောက်ဖြစ်သွားတာ တကယ်တော့....။ အဲဒါပြီးတော့ ပဒုမ္မာလမ်းနဲ့ကပ်လျက်လမ်း ပန်းခြံလမ်း အိမ်အမှတ်(၁၃) ပထမထပ်မှာရှိတဲ့ Z Tattoo Studio မှာ small tattoo သွားထိုးဖြစ်တယ်....။ အဲဒါလဲလောလောလတ်လတ် အစီစဉ်မရှိဘဲ.... ထိုးဖြစ်သွားခဲ့တာ....။ ကိုဇေလတ်က ပန်းချီဆရာကနေ တက်တူးလိုင်းကိုကူးလာတာမို့ သူ့လက်ရာကိုသဘောကျနေတာ ကြာပြီ...။ ခုတော့ တကယ်ထိုးဖြစ်သွားခဲ့ပြီ....။ တခါမှမထိုးဖူးတော့ နာလားမသိဘူးဆိုတော့ ကိုဇေလတ်က မနာဘူး ဝက်ခြံညှစ်သလောက်ပဲတဲ့....။ အဲနေ့က ခြင်ကိုက်ခံရသလောက်နဲ့ ဝက်ခြံညှစ်သလောက်အနာ နာခံပြီး နားပေါက်နှစ်ဖက်နဲ့ လိပ်ပြာတက်တူးလေးထိုးဖြစ်သွားခဲ့ပါတယ်....။ တက်တူးကစွဲတယ်လို့ကြားဖူးတယ် တကယ်ဟုတ်မှာပါ ပြန်ခါနီး ကိုဇေလတ်ကို နောက်တစ်ခုထပ်လာထိုးဖို့ ပုံပြခဲ့သေးတယ်....။
2022 မှာ ဘဝမှာ မလုပ်ဖူးတဲ့အရာတွေ တော်တော်လုပ်ဖြစ်သွားခဲ့တယ်...ကျေနပ်စရာပဲ...သဘာဝတရားနဲ့ လူတွေဖန်တီးယူတဲ့ အဖြစ်ပျက်တွေကြောင့် လုပ်စရာရှိတာလုပ်ရမယ်ဆိုတဲ့ အသိတရားနဲ့ သင်ခန်းစာတွေကြောင့်လဲပါတယ်....။ သိရမယ့် အရာတွေအားလုံးနီးပါး သိသွားတဲ့အခါ လောကကြီးဟာ ဘာမှမဟုတ်တော့ဘူး ပျင်းစရာလဲတော်တော်ကောင်းသွားတယ်....။ တစ်ယောက်ထဲဖြစ်ဖြစ် အဖော်နဲ့ဖြစ်ဖြစ် အစုအဖွဲ့နဲ့ဖြစ်ဖြစ် နေတတ်အောင်နေနေပါတယ်....။ အမှန်က တစ်ယောက်ထဲနေရတာပိုကြိုက်တာ...။ ဒါကြောင့် ဘာမှသောက်ဂရုမစိုက်ဘဲ နေပျော်အောင် ကိုယ့်ကိုယ်ကို ပြန်ပြီး Entertain လုပ်ရတယ်...ဒါပါပဲ...။
တစ်နေ့တစ်ခါ ပါးပါးလိမ်းပေးပါတဲ့ တက်တူးပေါ်ကို လိမ်းရတဲ့ Oilment လိမ်းဆေးလေးပါ
အညှော်မခံနဲ့လို့ သေချာမှာလိုက်သေးတယ်...
ကိုဇေလတ်ရဲ့ ဘယ်ဖက်လက်ပေါ်က တက်တူးတွေက တကယ်အမိုက်စား
လက်ရာကောင်းဆေးသားကောင်းပုံလှ
တက်တူးထိုးပြီးပြန်အဆင်း ကိုယ့်ဘာသာကိုယ်သဘောကျလို့ အရုပ်တွေကို
ဂြိုလ်နှစ်လုံး လိပ်ပြာနှစ်ကောင်နဲ့ ကြယ်တာရာတွေ
မတူညီတဲ့ ကွဲပြားဂြိုလ်တွေဆီကနေ ကြယ်တာရာတွေရဲ့ တွန်းပို့မှုကြောင့်
လာရောက်ဆုံဆည်းကြမယ့် လိပ်ပြာနှစ်ကောင်လို့ ထင်ရတာပဲ
_________________________
Revolution will prevail
မိုးငွေ့
1 comment:
came here
nice reading
Post a Comment