ချစ်သောအိန်ဂျယ်ရေ.......
ဒီလို လာခေါ်လို့ ကိုယ့်မှာမင်းကို ရင်ဖွင့်ဖို့ အကြောင်းတစ်ခုခုရှိပြီဆိုတာ ခြောက်ခုမြှောက်ပို့စ်မှာတော့ မင်းအလွတ်ရနေလောက်ပေါ့....။
ဟိုအရင်က ကိုယ်တကယ် သတိမထားမိခဲ့ဘူး... ကိုယ်ဟာ ကိုယ်ခံစားပြီးရေးခဲ့တဲ့ စာတွေအပေါ် ဆတ်ဆတ်ထိမခံနိုင်တာ....ကိုယ့်အသည်းကို အပ်နဲ့လာပေါက်သလိုခံစားရတာ အဲဒါတွေကို သိလာရချိန်မှာ တော်တော်လေးတုန်လှုပ်မိသလို ပြင်းပြင်းပြပြလည်း ခံစားလိုက်ရတယ်....။
လွတ်လပ်စွာရေးသားပိုင်ခွင့်နဲ့ တားမြစ်ပိတ်ပင်မှုကို ကွဲပြားစွာ ကိုယ်သိရှိခံစားရတဲ့အခါ အရင်လို ချစ်စရာ ကြည်နူးစရာ အက်ဆေးတွေ... ရေးဖို့ကိုယ့်မှာ အားအင်တွေ စုပ်ယူခံလိုက်ရ သလိုပဲ.... ။ တစ်ချိန်က ဘလော့ဂါတစ်ယောက် ကိုယ့်ကိုအားပေးဖူးခဲ့တာ အမှတ်ရမိတယ် ဆရာမောင်သာရတို့လို အသက်ဘယ်လောက်ကြီးသွားလဲ အချစ်အနုအရွလေးတွေရေးလို့ ရပါသေးတယ်တဲ့....။ ကိုယ်တော့ အဲလိုအနုတွေရေးဖို့ အချိန်တွေ သက်တမ်း ကုန်ဆုံးသွားပြီ ထင်ပါရဲ့.....။
မင်းကို ပျော်စရာ ဝမ်းသာစရာတွေထက် စိတ်ဆင်းရဲစရာတွေပဲ လာပြောပြမိလို့ ကိုယ်တကယ်တောင်းပန်ပါတယ်...။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရင်ဖွင့်သံကိုနားထောင်ပေးတဲ့အတွက် ဒီစာကိုလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အိန်ဂျယ်....။
Still loving….
Revolution will prevail
မိုးငွေ့
No comments:
Post a Comment