နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
💐 တရား ဘယ်လိုထိုင်ရမလဲ ❓
🍂 🌿 🍂 🌿 🍂
အချို့တရားထိုင်ချင်တယ် ။ တရားမှတ်ချင်တယ် ။ နည်းစနစ်မသိလေတော့ ဆန္ဒရှိသော်လည်း အထမမြောက်ဘဲ ဖြစ်နေသောသူများနဲ့ စာပေနည်းကျကျရှုမှတ်ပွါးလိုသောသူများအတွက်ရည်ရွယ်ပါတယ်။
တရားဆိုတာ •••ထိုင်၍ဖြစ်စေ သွားရင်းဖြစ်စေ ရပ်လျက်ဖြစ်စေ လဲလျောင်း၍ဖြစ်စေ ရှုမှတ်နိုင်ပါတယ် ။ အများနားလည်လောက်ပြီး အဆင်ပြေနိုင်လောက်မယ့်ထိုင်၍ရှုမှတ်နည်းလေးကိုပြောပြပါမယ် ။
ဦးစွာ ကိုယ်လက်သန့်စင်ပါ ။ ဘုရားကို ဆီမီးရေချမ်း ပန်းစသည်ဖြင့်ကပ်လှူပါ ။ မိမိရတဲ့ဘုရားရှိခိုးနဲ့ဘုရားကန်တော့မေတ္တာပို့ပါ ဘုရားကန်တော့ပြီးလျှင်ဘယ် ခြေထောက်ပေါ်ကိုညာ ခြေထောက်တင်ပါ ။ ဘယ်လက်ပေါ်ကို ညာလက်တင်ပြီးလက်မထိပ်ခြင်းထိထားပါ ။ ခါးကို ဆန့်ပြီးဖြောင့်ထားပြီးလျင်စိတ်ကို နှာသီးဝမှာထားကထွက်လေ ဝင်လေ ရှု့ပါ ။ ထွက်လေ ဝင်လေ ရှု့နေရင်း ...........
(၁) ထွက်လေ ဝင်လေ လေးကို ရှု့နေတာက ( ကာယာနုပဿနာ )
(၂) ဝမ်းနည်းတယ် ၊ ဝမ်းသာတယ် ၊ ချမ်းသာတယ်၊ ဆင်းရဲတယ် ဆိုတဲ့ ခံစားချက်လေးကို ရှု့နေတာက ( ဝေဒနာနုပဿနာ )
(၃) ကိုယ့်သန္တာန်မှာ ဖြစ်တဲ့လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ ယှဉ်တွဲလာတဲ့စိတ် ဒီစိတ်ကလေးကို ရှု့နေတာက ( စိတ္တာနုပဿနာ )
(၄) ကြံတွေးမှု ၊ ကြံစည်မှုတွေ၊ ရုပ် ခန္ဓာ ဓာတ်သဘောတွေကို ရှုနေတာက ( ဓမ္မာနုပဿနာ )
အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ် ။
၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ ( သမ္မာဒိဋ္ဌိ ) လို့ ခေါ်ပါတယ် ။ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်...
၂။ ( သမ္မာသင်္ကပ္ပ ) ဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ လိုတယ်။
၃။ အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် ( သမ္မာဝါယာမ ) ဆိုတဲ့ကြိုးစားဖို့ လိုအပ်တယ် ။
၄။ အဲ့ဒီလို ကြိုးစားဖို့ အတွက် ( သမ္မာသတိ ) ဆိုတဲ့ စိတ်စိုက်ဖို့ လိုတယ် ။
၅။ အဲ့ဒီ သမ္မာသတိ ခေါ်တဲ့ အာရုံ တစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက ( သမ္မာသမာဓိ ) ပါ။ ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင် ( ၅ ) ပါး ကို " ကာရာပကမဂ္ဂင် ( သို့ ) ကာရကမဂ္ဂင်"လို့ ခေါ်တယ်။
တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့အခါ ဒီ မဂ္ဂင် ( ၅ ) ခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီ ဆိုရင်ဖြင့် သဘာဝတွေကို အမှန်အတိုင်း သိနိုင်မှာဖြစ်တယ် ။
ဆိုကြပါစို့၊ ထွက်လေ ဝင်လေလေးကို ရှုမှတ်နေတယ် ဆိုရင် ထွက်လေ ဝင်လေလေးကို သူ့သဘာဝလေး အတိုင်း မသိသိအောင် ကြိုးစားတာဟာ (သမ္မာဝါယာမ )အဲ့ဒီ ထွက်လေ ဝင်လေလေးကို အမြဲတမ်း သတိကပ်ထားတာက ( သမ္မာသတိ ) ထို ထွက်လေ ဝင်လေ အာရုံ တစ်ခုထဲပေါ်မှာ စိတ်ကိုငြိမ်အောင်ထားတာက( သမ္မာသမာဓိ )ထွက်လေ ဝင်လေလေးရဲ့သဘာဝကို စဉ်းစားတွေးခေါ်နေတာက ( သမ္မာသင်္ကပ္ပ ) ဟော... အဲ့ဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်း ဆိုရင် ထွက်လေ ဝင်လေလေး ရဲ့သဘာဝတရားကို အမှန်မြင်လိုက်တဲ့ ( သမ္မာဒိဋ္ဌိ ) ဆိုတာ ပေါ်လာတော့တာပါပဲ ။
ဘာကို_အမှန်မြင်သလဲ ဆိုတော့ ထွက်လေ ဝင်လေလေးဟာ သူ့သဘာဝ ထွက်လေ ဝင်လေပဲ၊ " ငါမဟုတ်ပါလား "ဆိုတဲ့ အယူမှန်သွားတာကို ( သမ္မာဒိဋ္ဌိ ) အမှန်မြင်ခြင်းလို့ ခေါ်တယ်။ ငါမဟုတ်ဘူး ဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့ ။
အဲ့ဒီ_အမှန်မြင်လိုက်တဲ့အခါ ရုပ် နာမ် ဓမ္မ သင်္ခါရတွေနဲ့ ပတ်သက်ပြီး " ငြီးမွေ့မှု "ဆိုတာ ပေါ်လာတယ် ။ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်တည်း " တွယ်တာမှု "ဆိုတာ မရှိတော့ဘူး ။ တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက် " လွတ်မြောက် "သွားတာပဲ ။
အဲ့ဒီလို အဆင့်ဆင့်အကျိုးရှိသွားအောင်မြတ်စွာဘုရားက ကာယ ၊ စိတ္တ ၊ ဝေဒနာ ၊ ဓမ္မ လို့ဆိုတဲ့ သတိပဋ္ဌာန် အာရုံ လေးပါး ပေါ်မှာ လူတိုင်း လူတိုင်းဟာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် မိမိတို့ အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဥာဏ်တွေ အားလုံး ပေါ်လာကြမှာပါတဲ့။
အဲ့ဒီလို_ပေါ်လာတဲ့အခါမှာ ဝိမုတ္တိ " လွတ်မြောက်မှု " ဆိုတာကို ရလာမှာဖြစ်ပါတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
Credit >> Original uploader
,မေတ္တာဖြင့် Ashin Thu Mingala
ဣမိနာ ပုည ကမ်မနေ သဗ်ဗ အန်တရာယောဝိနဿတု ။
💘#Credit to HTET OO HLAING .
No comments:
Post a Comment