တာလီဘန်တွေ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရဲ့နိုင်ငံသားတော်တော်များများဟာ သူတို့ရဲ့ဘဝလုံခြုံမှုကို ဘယ်လိုထိခိုက်လာမယ်ဆိုတာ မသေချာကြပါဘူး။ ဒါပေမယ့် သူတို့နိုင်ငံသားမဟုတ်တဲ့ အပြင်လူတစ်ယောက်အတွက်တော့ သူတို့ဘယ်လိုဖြတ်သန်းနေကြရတယ်ဆိုတာကို အပြည့်အဝနားလည်ဖို့ ခက်နိုင်ပါတယ်။
Shamsia Hassani ဆိုသူဟာ Kabul University မှာလေ့လာသင်ကြားနေတဲ့ ပန်းချီပညာရှင်တစ်ယောက်ဖြစ်သလို အာဖဂန်နစ္စတန်ရဲ့ ပထဆုံးအမျိုးသမီး street artist တစ်ယောက်ဖြစ်လာခဲ့တာပါ။ သူမရဲ့လက်ရာတွေကို canvas တွေပေါ်မှာ ရေးဆွဲရုံမက စွန့်ပစ်ထားတဲ့ ဗုံးကြဲအဆောက်အအုံ့ရဲ့ နံ့ရံတွေပေါ်မှာ တွေ့နိုင်ပါတယ်။ Hassani ရဲ့လက်ရာတွေဟာ အမျိုးသားများလွှမ်းမိုးသော လူ့ဘောင်တွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဌကို သရုပ်ဖော်ရုံတင်မက သူမရဲ့အိမ်လို့ခေါ်တဲ့နေရာရဲ့ အလင်းနဲ့အမှောင်ထုကြားက တိုက်ပွဲကို တစ်စေ့တစ်စောင်း ဖော်ပြထားတာပါ။
Shamsia Hassani ကို 1988 ခုနှစ်မှာ အီရန်ရှိ အာဖဂန်မိဖတွေဆီကနေ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဘဝအစပိုင်းမှာ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ရပါတယ်။ အီရန်နိုင်ငံသားတစ်ယောက်ဖြစ်ဖို့ ဥပဒေအရခွင့်မပြုခံရတဲ့ သူမဟာ အာဖဂန်မှာပဲ နေထိုင်ခဲ့ရပါတယ်။ “သူတို့နိုင်ငံသားမဟုတ်တဲ့အတွက် အီရန်နိုင်ငံမှာ အာဖဂန်နိုင်ငံသားတွေကို အလုပ်လုပ်ခွင့်မပြုတာကို ကျွန်မမှတ်မိနေသေးတယ် အစိုးရကခွင့်မပြုပေးတာကြောင့် ကျွန်မမိဖတွေ အလုပ်အကိုင်ရှာဖွေဖို့ အရမ်းကိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ဒါပေမယ့် ငယ်သေးတော့ ဒါတွေကို သိပ်နားမလည်ခဲ့ပါဘူး” လို့ ပြောပြခဲ့ပါတယ်။
နောက်ဆုံးမှာ သူမဟာ အာဖဂန်နစ္စကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 2010 ခုနှစ်မှာတော့ Kabul မှာ Combat Communication ကနေပြုလုပ်ကျင်းပတဲ့ graffiti workshop တစ်ခုကိုတက်ရောက်ခဲ့ပြီး ဒါက ဆယ်စုနှစ်တစ်ခုအကြာမှာ သူမကိုဒီလမ်းကြောင်းပေါ်ကို ရောက်ရှိစေခဲ့ပါတယ်။ “Berang မှ လုပ်ဖော်ကိုင်ဖက် ၉ ယောက်နဲ့အတူ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ် Combat Communication က UK မှ graffiti အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ CHU ကို ဖိတ်ကြားပေးခဲ့ပါတယ်” လို့ သူမရဲ့အခွင့်အလမ်းအစကို ပြောလာခဲ့တာပါ။
“ကျွန်မဒီအလုပ်ကို တကယ်နှစ်သက်ခဲ့တယ် ဒါက အရမ်းကိုအကျိုးရှိမယ်လို့ထင်တယ် graffiti က ကျွန်မမြို့ရဲ့စစ်ဒဏ်ခံနေရတဲ့နံ့ရံတွေကို အရောင်အသွေးစုံတဲ့ ပန်းချီကားတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အရာတစ်ခုလို့ ကျွန်မယုံကြည်ခဲ့တယ် အရောင်တွေက ကျွန်မမြို့ပေါ်က စစ်ပွဲဇာတ်လမ်းတွေကို ဖုံးကွယ်ပေးလိမ့်မယ် လူတွေဟာ ကျဉ်ဆံနဲ့ အက်ကွဲကြောင်းတွေအစား အမြင်သစ်တွေကို တွေ့မြင်ရမှာပါ ပြပွဲတွေကို တစ်ခါမှမမြင်ဖူးတဲ့ လူတွေအတွက် ကျွန်မရဲ့အနုပညာကိုခံစားဖို့ နည်းလမ်းတစ်ခုဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ် သူတို့ဟာအသစ်တစ်ခုခုကို ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းရနိုင်ပါတယ် တစ်ချို့က အဲဒီရှေ့မှာဓာတ်ပုံရိုက်ပြီး မိနစ်အနည်းငယ်ဖျော်ဖြေမှု ရကောင်းရနိုင်ပါတယ်” လို့ သူမရဲ့အနုပညာဖန်တီးမှုရဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် Shamsia ဟာ သူမရဲ့လက်ရာတွေကိုဖန်တီးဖို့ သူတို့နိုင်ငံဟာ အန္တရာယ်များလာတဲ့အတွက် ပျော်ရွှင်မှုတွေကို ဖြန့်ဝေဖို့အပြင်မထွက်နိုင်ခဲ့တာဖြစ်ပြီး သူမရင်ဆိုင်ရတဲ့ ယဉ်ကျေးမှုကွဲလွဲချက်တွေလည်း ရှိလို့နေပါတယ်။ “အာဖဂန်နစ္စတန်ကလူတွေဟာ အနုပညာကိုဆန့်ကျင်တာ မဟုတ်ပါဘူး ဒါပေမယ့် သူတို့က အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြပါတယ် ဒါကြောင့် ကျွန်မအပြင်မှာ graffiti လုပ်နေတာကို တွေ့တဲ့အခါ သူတို့ကမကောင်းတဲ့စကားတွေ၊ ကျိန်ဆဲတာတွေ လုပ်ကြပြီး တစ်ချို့ကဒါကို အပြစ်ရှိတယ်လို့ ဆိုကြတယ် public နေရာတွေမှာ ပန်းချီဆွဲတဲ့အခါ ဆယ်ငါးမိနစ်လောက်ကြာတာနဲ့ မလုံခြုံဘူးလို့ ခံစားလာရတယ် ဒါကြောင့်ဒီကနေ ထွက်သွားရတယ် တကယ်လို့ကျွန်မ နှစ်နာရီသုံးနာရီလောက် အချိန်ရမယ်ဆိုရင် ကျွန်မဖန်တီးမှုတွေက ပိုကောင်းမှာပါ ဒါပေမယ့် လုပ်နိုင်တာက ဆယ့်ငါးမိနစ်အတွင်း ရိုးရှင်းတဲ့အရာတစ်ခုကို ဖန်တီးတာပဲဖြစ်ဖြစ် အကုန်မပြီးသေးတဲ့ အပိုင်းအစတစ်ခုပဲဖြစ်ဖြစ်ပါ” လို့ အခက်အခဲတွေကို ပြောလာပါတယ်။
“တစ်ခြားပြသနာကတော့ နေရာမရှိတာပါ ဘယ်သူကမှ သူတို့ရဲ့နံ့ရံပေါ်မှာ ပန်းချီဆွဲတာကို မလိုချင်ကြဘူး သူတို့ကြိုက်တာတစ်ခုခု ဖန်တီးပေးရင်တော့ လက်ခံကြပါတယ် ကျွန်မရဲ့အနုပညာတွေကို မလိုချင်ဘူးလို့ လာပြောကြတာတွေလည်း ရှိတယ် ဒီနှစ်နှစ်ဆယ်အတွင်းမှာ အမျိုးသမီးတွေဟာ နယ်ပယ်အသီးသီးမှာ တိုးတက်လာတာနှေးကွေးပေမယ့် အလားအလာအရမ်းကောင်းပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အခြေအနေတွေက ပိုဆိုးသွားပြန်ပါပြီ နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုရဲ့ရလဒ်က ဘာမှမဖြစ်ခဲ့ပါဘူး” လို့ ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ်။
ကံကောင်းစွာနဲ့ပဲ Shamsia ဟာလုံခြုံပေမယ့် သူမရဲ့စိတ်ပျက်ဝမ်းနည်းမှုတွေအတွက် သူမရဲ့တိုင်းပြည်ကနေ ထွက်ခွါခဲ့ပါတယ်။ “ကျွန်မရဲ့ဖန်တီးမှုမှာ ဇာတ်ကောင်ရှိပါတယ် သူမကလူသားတစ်ယောက်ဖြစ်ပြီး ကျွန်မကအမျိုးသမီးတစ်ယောက်ဖြစ်နေတာကြောင့် အမျိုးသမီးတွေကို ပိုနားလည်ပါတယ် အမျိုးသမီးတွေက ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းမှာ အမျိုးသားတွေထက် ကန့်သတ်ချက်တွေအများကြီး ရှိပါတယ် ကျွန်မရဲ့ဇာတ်ကောင်မှာ ပိတ်ထားတဲ့မျက်လုံးတွေက ကြည့်ကောင်းတဲ့အရာတွေမရှိတဲ့အတွက်ဖြစ်ပြီး ဝမ်းနည်းမှုကိုမခံစားနိုင်တော့အောင် အရာအားလုံးကို လျစ်လျူရှုဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ် အိမ်မက်တွေပျောက်ဆုံးနေပြီး နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေ၊ အတိတ်နဲ့ အနာဂတ်အတွက် ရုန်းကန်နေရတဲ့ သူမရဲ့ဇာတိမြေကိုချစ်မြတ်နိုးတဲ့ မျှော်လင့်ချက်မဲ့မှုကို တိုက်ထုတ်နေတဲ့ သူတစ်ဦးရဲ့ပုံကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်”....။
Credit : SHWEMOM
Photos fromm shamsiahassani's instagram
______________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment