Thursday, 18 February 2021

ယုံသွားကြပြီလား.....

 



ကဲ GZ လေးတို့ရေ

စစ်တပ်ကို နိုင်ငံရေးထဲ မပါစေရခြင်း အကြောင်းတရားကို သိသွားပြီလား။

လွှတ်တော်ထဲက အစိတ်သားဟာ ပြည်သူအတွက် ထည့်ပေးထားတာ မဟုတ်တဲ့ အကြောင်း သိသွားပြီလား။

ညပိုင်းသောင်းကြမ်းတဲ့ သူခိုးထဲမှာ သင်္ကန်းခြုံပါ ထည့်ပေးပြီး သာသနာညှိုးနွမ်းအောင် လုပ်ခဲ့တယ်ဆိုတာ သိသွားပြီလား။

လူထုအပေါ် နောက်ဆုံးထွက်သက်အထိ ယုတ်မာတယ်ဆိုတာ ယုံသွားပြီလား။

ပြည်သူဟာ ဒေါသတွေ ထွက်နေကြပေမယ့် မရက်စက်ဘူးဆိုတာ ယုံသွားပြီလား။

ရှစ်ဆယ့်ရှစ် အရေးအခင်းမှာ ဂိုဒေါင်ဖောက်တာ၊လူသတ်ခေါင်းဖြတ်၊မီးရှို့တာတွေကို စစ်တပ်က ခိုင်းစေတယ်ဆိုတာ ယုံသွားပြီလား။

နိုင်ငံရေးသမားစစ်စစ်တွေရယ်၊ပြည်သူတွေရယ်၊ပညာတတ်တွေရယ်ဟာ တစ်ဖက်တည်းဆိုတာ ယုံသွားပြီလား။

စစ်တပ်ရယ်၊လူယုတ်မာတွေရယ်၊သူခိုးဂျပိုးတွေရယ်၊စစ်ထွက်ပါတီဝင်တွေရယ်၊စစ်တပ်ကိုအာဏာသိမ်းစေချင်သူတွေရယ် ဟာ တစ်ဖက်တည်းဆိုတာ ယုံသွားပြီလား။

စစ်တပ်နဲ့က တိုက်နေကြတဲ့ တိုက်ပွဲတွေဟာ ပြည်သူအတွက်မဟုတ်ပဲ လုပ်ပွဲတွေ ဆိုတာ ယုံသွားပြီလား။

အမျိုးဘာသာ အော်နေသူတွေဟာ အမျိုးဘာသာအပေါ် ရက်စက်ယုပ်မာနေကြတယ်ဆိုတာ ယုံသွားပြီလား။

တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်နေကြတဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားတွေ အရေးအတွက်

မဟုတ်ပဲ လုပ်ပွဲတွေဆိုတာ ယုံသွားပြီလား။


မိုးမှောင်(IR)

14.2.2021

6:05(a.m)

No comments: