ချစ်သူ....
ရိုးရိုးလေးပါပဲ
ကဗျာတွေဖန်ဆင်းဖို့
ငါ့ရင်ကိုရောက်ခဲ့သူ
ငါ့ခံစားချက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ
ငါ့ပျော်ရွှင်မှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ
ငါ့နာကျည်းမှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ
ငါ့ဝင်သက်ထွက်သက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ
နူးညံ့မှုတန်ခိုးများ
ကာရံတွေဖြစ်စေသားလို့
သူမဆိုခဲ့ပါဘူး...
စကားလုံးပုလဲများ
ကြွရွစေသားလို့
သူမဆိုခဲ့ပါဘူး...
ဒါပေမယ့်
ငါ့ဘဝအတွက်
ထာဝရရှင်သန်နေမယ့်
အဓိပ္ပါယ်လေးနက်စေမယ့်
စကားလုံးတွေနဲ့သူ
ကဗျာလိုလူ....။
ကျွန်မကို ကဗျာလေးတွေဖန်တီးတတ်လာအောင် ခံစားမှုတွေိကို ပေးစွမ်းနိုင်တဲ့ သူတစ်ယောက်အတွက် ဒီကဗျာလေးရေးဖြစ်ခဲ့ပါတယ်....။ ဒါကြောင့်သူ့ကို "ကဗျာလူ"လို့တင်စားလိုက်တာပါ...။ ပြီတော့ မိုးငွေ့ရဲ့အိန်ဂျယ်အကြိုက်ဆုံး ကဗျာတစ်ပုဒ်လဲဖြစ်ပါတယ်...။ ဒီကဗျာလေးဖြစ်လာဖို့အတွက်...ကျွန်မရဲ့ ကဗျာကြမ်းကို ညလင်းအိမ်က စကာလုံးလှလှတွေနဲ့ ကူညီစီခြယ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။
မိုးငွေ့
အရင်ပို့စ်မှာတုန်းက သူတို့တွေပေးခဲ့တဲ့ ကော်မန့်တွေကို အမှတ်တရပြန်ရေးပေးလိုက်ပါတယ်...။
၁. ညလင်းအိမ် said..(18.10.2010)
:))
၂. blackrose said... (18.10.2010)
ကဗျာလူဆိုတဲ့ စာသားလေးသဘောကျတယ် မကြီးမိုးငွေ့
၃. အနှိုင်းမဲ့ said...(18.10.2010)
အဲဒီလိုဖန်ဆင်းပေးနိုင်တဲ့လူကို အချစ်လို့ခေါ်နိုင်သလား ငါ့အမ
၄. မြတ်မွန် said...(18.10.2010)
တော်လိုက်ကြတဲ့ ကဗျာဆရာတွေ ဂွတ်၏
၅. မိုးယံ...said ... (19.10.2010)
သူ့လူကတမျိုးပဲနော် ဘာတဲ့ ကဗျာလူဆိုလား...။ ရေးတတ်တဲ့သူများကြတော့လဲ သူ့နှလုံးသားက ဖွင့်ဟတဲ့ စာတွေအလား ဖတ်ရသူဘဝင်ခိုက်စေ၏
၆. ကြယ်လွမ်းသူ... said (19.10.2010)
အစ်မရေ ကဗျာဆိုတာ စကားလုံးတွေနဲ့ ဖွဲ့သီထားတဲ့ ခံစားချက်အစုအဝေးကြီးပေါ့နော်.. ကဗျာလိုလူကို ခံစားသွားပါတယ်...။ လင့်ပါယူသွားတယ်နော်..
ခင်တဲ့
ဖိုးကြယ်
No comments:
Post a Comment