Idiots အဖွဲ့က ကိုတွတ်ပီ(ရေမွန်)ကိုယ်တိုင်ရေးဆိုတဲ့ သီချင်းတွေကို သူ့ပထမအယ်လ်ဘမ် “လူအဂီတ” ထဲက “ချန်ခဲ့” “မင်းနဲ့နီးဖို့” “နေရစ်ခဲ့တော့” “မင်းအတွက်မင်း” စတဲ့ သီချင်းတွေကို 2011 ကတည်းကနားထောင်ဖူးခဲ့တာ...ခုထိလည်းကြိုက်တယ်...။ သီချင်းအားလုံးလိုလို အအေးတွေများပါတယ် ရေမွန့်သီချင်းတွေကို ကျွန်မက Slow Rock, Soft Rock အမျိုးအစားတွေလောက်ပဲနားထောင်တယ် ကျန်တဲ့ ခပ်ကြမ်းကြမ်းဆူဆူညံညံတွေကိုတော့ မခံစားနိုင်လို့ နားမထောင်ဖြစ်ဘူး....။
2016 မှာထပ်ထွက်တဲ့ ဒုတိယအယ်လ်ဘမ်က “ခေတ်သစ်ကျောက်” အဲဒီထဲက ကျွန်မတစ်ပုဒ်ပဲကြိုက်တယ် “မလိုတော့ဘူး”ဆိုတဲ့ သီချင်းလေး...။ ဟိုတလတုန်းက On Air အစီစဉ်မှာ ရေမွန်လာဆို သွားကတည်းက ကြိုက်လို့ Joox ထဲရှာပြီး သိမ်းထားသေးတယ်...။ ကျန်တဲ့ “သူရဲကောင်း” “ဘာလိုနေသေးလဲ” “တစ်ခန်းရပ်” “ယုံကြည်မှု” “မင်းနဲ့ပတ်သက်ရင်” စတဲ့ သီချင်းတွေလည်းကောင်းပါတယ်...။ “မလိုတော့ဘူး” ကတော့ High Light ဖြစ်နေတဲ့ Hit အဖြစ်ဆုံးသီချင်းပေါ့...။ စာသားတွေလည်း သိပ်ကောင်းတယ်...။ အဲဒီစာသားထဲမှာမှ ကျွန်မအကြိုက်ဆုံးက “မလိုတော့ဘူး”.....။ ရေမွန်ဆိုလိုတဲ့ မလိုတော့ဘူးနဲ့ ကျွန်မကြိုက်တဲ့ မလိုတော့ဘူး အဓိပ္ပါယ်ချင်းကဆန့်ကျင်ဖက်....။ ရေမွန်က သူ့ချစ်သူသာမရှိရင် အသက်ဆက်ရှင်ဖို့နဲ့ တခြားဘာမှ မလိုတော့ဘူးလို့ရေးထားတာ...။ ကျွန်မကတော့ အသက်ရှင်ရပ်တည်နေဖို့ ကျွန်မ မလိုအပ်တော့မယ့် အရာတစ်ခုအတွက် “မလိုတော့ဘူး” ဆိုတဲ့အဓိပ္ပါယ်သက်ရောက်မှုကိုကြိုက်လို့..။
မလိုတော့ဘူး တို့နှစ်ယောက်အိပ်မက်များ
အရင်လိုမျော်လင့်စရာ
မလိုတော့ဘူးပေါ့ နှလုံးသားကိုငါ
ရင်မခုန်နိုင်ကွဲရှ
မလိုတော့ဘူးနှစ်သိမ့်အချစ်နဲ့
စကားလုံးများ
သတိရလွမ်းဆွတ်ဖို့အကြောင်းတရား
မလိုတော့ဘူး
မလိုတော့ဘူး
မလိုတော့ဘူး မင်းအကြောင်းရေးနေကြ
ငါဆိုမယ့်သီချင်းများ
မလိုတော့ဘူး တီးခတ်ပြနေစရာ
ဂစ်တာအိုလေးအား
မလိုတော့ဘူး နမ်းရှိုက်ယုယပွေ့ဖက်ဖို့
ငါ့လက်များနဲ့နှုတ်ခမ်းအစုံကို
မလိုတော့ဘူး
ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ကျန်နေခဲ့တစ်ယောက်ထဲ
ဘာအတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူူးကွယ်
မလိုပါငါ့အတွက်
အူး....ဟူး......
မလိုတော့ဘူး အမှတ်တရလက်ဆောင်များ
အပြန်အလှန်ပေးစရာ
မလိုတော့ဘူး တို့နှစ်ယောက်ဓာတ်ပုံများ
မှန်ဘောင်ရိုက်သွင်းကာ
မလိုတော့ဘူး မင်းနဲ့ကြည့်ဖို့ရုပ်ရှင်တွေ
အတူလျောက်ခဲ့မိုးသည်းထဲကနေ့
မလိုတော့ဘူး
ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ကျန်နေခဲ့တစ်ယောက်ထဲ
ဘာအတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူူးကွယ်
မလိုပါငါ့အတွက်
ငါကျွမ်းလောင်ဆဲ အပူမီးတောက်တွေနဲ့
အာရုံထဲမင်းအရိပ်တွေပဲ
ငါအဓိပ္ပါယ်မဲ့စွာဖမ်းဆုပ်ကြည့်လဲ
လေထုထဲ လွင့်ပျယ်သွားခဲ့
SOLO
ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ကျန်နေခဲ့တစ်ယောက်ထဲ
ဘာအတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူူးကွယ်
သံစဉ်တွေဖက်မယ်
ဒဏ်ရာကို ငါအစားထိုးလဲ
မင်းမရှိတော့ ဒီသဘာဝအလှတရား
အရာဝတ္ထုများဘာမှ
မလိုတော့ဘူးပဲ.......
Bonus : ရေမွန်ကိုယ်တိုင် ခေတ်သစ်ပျိုမေမှာ Solo တီးပြီးဆိုပြသွားတာ
မိုးငွေ့