Friday, 29 September 2017

အမုန်းများစွာအတွက်.....



ငါဟာ ရက်စက်တတ်သူပါ မင်း ခုတော့စိတ်နာသွားပြီး ကျောခိုင်းထားခဲ့ မင်းလေးမလွမ်းနဲ့မေ့ပစ်လိုက်ပါ ငါလှည့်စားခဲ့သူကြီး ခွင့်မလွှတ်လိုက်ပါနဲ့ ငါဟာ စိမ်းကားခဲ့ပါတယ် မင်းလေးမုန်းတတ်ဖို့ပါပဲ... အသည်းကွဲသွားလည်းပဲ ဒီမှာ ဟန်ဆောင်နေမယ် မနာကျင်သလိုပါပဲ အမုန်းများအတွက်ပါကွယ်....

ဒီသီချင်းလေးလဲ ကျွန်မနေ့စဉ်ပုံမှန်နားထောင်နေကျ ကျွန်မ iTune ထဲကတစ်ပုဒ်ပဲ...။ အမုန်းများစွာအတွက်က တကယ်တော့ မြေပဲယိုအဖွဲ့ရဲ့ သီးသန့်အယ်လ်ဘမ်ထဲက သီချင်းမဟုတ်ဘူး...။ အဆိုတော်ပေါင်းစုံပါဝင်တဲ့ အမုန်းများစွာအတွက် အယ်လ်ဘမ်ထဲက မြေပဲယိုအဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်...။ အဲဒီတုန်းက အချစ်များစွာအတွက် အမုန်းများစွာအတွက် အနမ်းများစွာအတွက် ဆိုတဲ့ သီချင်းတွေက မိုင်ဖေးဘရိတ်သီချင်းတွေပါ...း) ဒီအမ်တီဗီထဲမှာ သရုပ်ဆောင်တဲ့ ကောင်မလေးက ကျွန်မနဲ့ ညီမတစ်ဝမ်းကွဲတော်ပါတယ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ ညီမအငယ်ဆုံးလေးပါ...။ ခုတော့ အိမ်ထောင်ကျပြီး သားလေးနဲ့သမီးလေးနှစ်ယောက်အမေအဖြစ် နယူးယောက်မှာ နေထိုင်နေပါတယ်...။ ဒီအမ်တီဗီက နှစ်တော်တော်ကြာနေပြီ ဆယ်နှစ်တောင်တော်တော် ကျော်နေလောက်ပြီထင်တယ်..။

မိုးငွေ့

1 comment:

Aunty Tint said...

နားဆင်သွားတယ် မိုးငွေ့ရေ ♥♥♥