တကယ်တော့ “အချစ်များစွာအတွက်”ဆိုတာ ကိုမျိုးကေျာ့ရဲ့ “ဘာကိုစတေးရမလဲ”သီချင်းကို မြေပဲယိုအဖွဲ့က သီချင်းထဲက စာသားတစ်ခုဖြစ်တဲ့ အချစ်များစွာအတွက် ကိုယူပြီး သူတို့အယ်လ်ဘမ်ရဲ့ ခေါင်းစီးအဖြစ် ဗားရှင်းပြောင်းဆိုထားတာပါ...။ ကျွန်မကတော့ ကိုမျိုျးေကျာ့ဆိုတဲ့ ဗားရှင်းရော မြေပဲယိုအဖွဲ့ ပြန်ဆိုထားတဲ့ ဗားရှင်းပါကြိုက်တယ်...။ ဒီသီချင်းလေးဟာ ကျွန်မ နေ့စဉ်ကားစီးရင်း နားထောင်နေကျ ကျွန်မ itune ထဲအမြဲရှိနေတဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါ..။
Chorus: ဘယ်လိုလဲ အိုး...ချစ်သူလေးရယ်...မနိုးသေးခင် အိပ်မက်လေးထဲ... သိပ်ချစ်လွန်းတော့လဲ အချစ်များစွာအတွက် ဒီမှာ ကိုယ်ဘာစတေးရမလဲ ........

ဘယ်လိုလဲ အိုး ချစ်သူလေးရယ် မင်းအပြုံးတွေကိုယ်အတွေးထဲ သိပ်ချစ်လွန်းတော့လဲ အချစ်များစွာအတွက် ဒီမှာ ကိုယ်ဘာစတေးရမလဲ........
ဒီလိုပဲ အချစ်ဆိုတဲ့အရာ အမြဲခိုင်မြဲဖို့ တုန့်ပြန်ခြင်း သူ့အပြုံးလေးတွေက ကိုယ့်ရဲ့ဘ၀မျှော်လင့်ချက်အဖြစ် စတေးရတယ် အချိန်တွေ ကုန်ဆုံးခဲ့ရတယ်....
ဆယ်နှစ်ကျော်လောက် သီချင်းအသစ်မထွက်ဖြစ်ခဲ့တဲ့ မြေပဲယိုအဖွဲ့ဟာ ဟိုတလောက အယ်လ်ဘမ်အသစ် ထွက်မယ်ကြားတယ်..။ အဖွဲ့ဝင်ငါးယောက်နဲ့ဖွဲ့ထားတဲ့ မြေပဲယိုအဖွဲ့က ခုဆို လူဟောင်းသုံးယောက်နဲ့ အဖွဲ့ဝင်အသစ်တစ်ယောက်ဖြစ်သွားပါပြီ...။ ကျော်သူစိုးကတော့ မပါတော့ဘူး...။ မင်းမော်ကွန်းကို ကျွန်မ ရန်ကုန်ကျောင်းလာတက်စ ခုနှစ်တန်းနှစ်ကတည်းက မြင်ဖူးတယ် အဲတုန်းက သူကငါးတန်း ကလေးသရုပ်ဆောင်ဖြစ်နေပြီ....။ ကျွန်မတို့ ညနေ 13လမ်းမှာ ကျူရှင်သွားတက်ရင် လမ်းထိပ်မှာ ကျောင်းကားနဲ့ အမြဲတွေ့တတ်တယ်..။ ဆံပင်ကောက်ကွေး အသားဖြူဖြူနဲ့ သရုပ်ဆောင်လည်းကောင်းတဲ့ ကလေးတစ်ယောက်..။ ခုတော့ သူက သားပျို သမီးပျို အဖေတစ်ယောက်တောင်ဖြစ်လို့...း) သူ့ကို ဗီဒီယိုခေတ်က “နတ်သမီးပုံပြင်” ဆိုတဲ့ဇာတ်ကားလေးမှာကတည်းက အားပေးလာတာ သရုပ်ဆောင်ပိုင်းရော သီချင်းဆိုတာရော ကြိုက်တယ်..။
မိုးငွေ့
No comments:
Post a Comment