Monday, 23 August 2010

ဟန်နီ....

ဟန်နီ....ရင်ကို သူဖမ်းစားခဲ့တာကြာပြီ ရုန်းထွက်ဖို့ စိတ်ကူးလည်းမရှိ အိုး...နိုး ဟန်နီ...နင်လေ ငါ့အနားရှိတုန်းမှာ မမြင်မိ နင်ထွက်သွားမှ ငါ့စိတ်တွေလေပြီ (အိမ်မက်က နိုးထခဲ့တာ အချိန်တွေနှောင်းသွားပြီလား) (ဟန်နီ....လုံးဝ လုံးဝမမေ့လိုက်နဲ့ အိုး...နောက်ဆုံးချစ်ခွင့် မရှိရင်တောင် ငါ့ကိုတော့ မမုန်းလိုက်နဲ့ဦး ဒီအတိုင်းလေး နေပေးနော်) ဟန်နီ... ရင်မှာ မျှော်လင့်ခဲ့ အချစ်တွေကြာပြီ သူပေးမယ့် အချစ်အနမ်းလေး တို့စောင့်နေ ဟန်နီ...ချိုမြိန်တဲ့ နေ့သစ်ထဲ ပြန်ဆုံချိန် ဟိုအရင်အတိတ်က အမှားတွေပြင်ပြီး (အိမ်မက်က နိုးထခဲ့တာ အချိန်တွေ နှောင်းသွားပြီလား) repeat ဟန်နီ...... ဟူး... ဟူးး...ဟူးးး.... ဟန်နီ.....ဟူးး ဟူးး ဟူးး Fade away .......
ကျမဆီကို အစ်ကိုတစ်ယောက်ပို့ပေးခဲ့တဲ့ သီချင်းလေးပါ...။ လင်းနစ်သီချင်းကို တစ်ပုဒ်စ နှစ်ပုဒ်စ နားထောင်ဖူးပေမယ့်... ဘယ်စီးရီး ဘာသီချင်းခေါင်းစဉ်လဲဆိုတာ တွဲမမှတ်ထားဖူးဘူး...။ ဒီတစ်ပုဒ်ကိုတော့ ခေါင်းစဉ်လေးကိုစတွေ့ကတည်းက ကြိုက်သွားတာ...။ သေချာနားထောင်ကြည့်တော့လည်း ကောင်းတယ်...။ လင်းနစ်ရဲ့ ဆိုသံဆိုပေါက်မပွင့်တစ်ပွင့်ရယ်.... သူ့ချစ်သူကောင်မလေးကို ခပ်ချွဲချွဲလေး တောင်းဆိုပုံလေးတွေက သိပ်ကိုချစ်ဖို့ကောင်းလွန်းလို့ စာလာဖတ်သူတွေကိုဝေမျှချင်သွားတာနဲ့ ဒီပို့စ်လေးရေးဖြစ်သွားတာပါ...။ “ဟန်နီ”ဆိုတဲ့ စကာလုံးလေးနဲ့ သီချင်းလေးမစခင်မှာ.... Lead လေးနဲ့ ခပ်အီအီလေး intro ၀င်ထားတာနဲ့ လင်းနစ်အသံလေးက အတွဲအဖက် သိပ်လှပါတယ်...။ စာသားလေးတွေက ရိုးစင်းသလို သီချင်းလေးကလဲ တစ်ပုဒ်လုံးခပ်အေးအေးပါပဲ....။ သီချင်းလေးကို ခံစားနားဆင်ကြည့်စေချင်ပေမယ့်...upload လုပ်တာ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်....။ အားနာပါတယ် သီချင်းလေးကို ဒီပို့စ်လေးနဲ့တွဲပြီး နားထောင်စေချင်တာပါ... တကယ်။ မိုးငွေ့

6 comments:

အဖြူရောင်နတ်သမီး said...

သီချင်းလေး နားထောင်သွားပါတယ်...




ဟန်နီ...... ဟူး... ဟူးး...ဟူးးး.... ဟန်နီ.....ဟူးး ဟူးး ဟူးး

Cameron said...

နတ်သမီးတို့ကတော့ အကျင့်ကိုမပျောက်ဘူး
ကော်ပီ...ပေ့စ်....လုပ်တာ

သဒ္ဓါလှိုင်း said...

သီချင်းလေးကိုဒေါင်းပြီးနားထောင်အုံးမှပဲ..
ကြော်ငြာကြိုက်လို့...

ခင်မင်စွာ
သဒ္ဓါ

အင်ကြင်းသန့် said...

ရှာပြီးနားထောင်ကြည့်ဦးမယ်။

အရုပ်ကလေး said...

လင်းနစ် သီချင်းမှန်သမျှ အကုန်ရှိတယ် ..။
မမိုးက စောစောက ပြောရောပေါ့ ။သူငယ်ချင်းလည်း သူငယ်ချင်း ..။
လူပါတွေ့ချင်သေးလား ..။
သီချင်း စီးရီးက နာရီလက်တံ ။
နောက်တစ်ပုဒ်ကို ပိုကြိုက်တယ် ..
ဂစ်တာမတီးသော ညများ ဆိုတဲ့ခေါင်းစဉ်နဲ့ သီချင်းကို ..။

idulize(အရုပ်ကလေး)

ညလင်းအိမ် said...

အဲဒီ သီချင်းကို ကြိုက်တယ် ...
အစ်မရယ် ကျွန်တော် ကုတ် (code) ပို့ပေးလိုက်တာတောင် ရအောင်မတင်ဘူး..

တော်တော်ညံ့ .. အဟီး .. :P