ဝယ်လာတဲ့ မုန်ညင်းချဉ်ကို ရေစင်စင်ဆေးပြ်ီး ခပ်သေးသေးလှီးထားပါ...။ ဆီပူပူဒယ်အိုးထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတစ်လုံး၊ ကြက်သွန်ဖြူးဓါးပြားရိုက်၊ ဂျင်းကိုအချောင်းချောင်းလေးတွေလှီးထားတာကို တစ်ခါတည်းထည့်ကြော် မွှေးလာရင် ကြိတ်ထားပြီးသားကြက်သားထည့် ကြက်သား ပဲငံပြာရည်အကြည်ထည့် ကြက်သားရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးလှီးထားတာထည့် ငရုတ်သီးစိမ်းထည့် ခရမ်းချဉ်သီးလိတ် လာရင်တာ့ မုန်ညင်းချဉ်ထည့်ပြီး ဆား၊ သကြားလိုသလိုထည့် ...။ အရသာချိုချိုချဉ်ချဉ်နဲ့ ထမင်းစားမှိန်လိုက်မယ့်ဖြစ်ခြင်း....။ (ကြိတ်ထားတဲ့ ကြက်သားထဲ အရသာရှိအောင် ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ ပြောင်းမှုန့်နဲ့ ဆီအနည်းငယ်ထည့်ပြီး နယ်ထားပါ)
ရေဆူဆူထဲမှာ ကြက်သားမှုန့်အခဲလေးတစ်တုံးထည့် ပြီးတော့ ကြက်သွန်ဖြူသုံးမွှာလောက်အပြားရိုက်ထည့်...။ အတုံးတုံးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး၊ ခါဂျက်ဥနီ၊ ဂျပန်တိုဖူးပျော့တွေကို တပြိုင်နက်ထဲထည့်လိုက်ပါ...။ ဆယ်မိနစ်လောက်ဆက်တည်ထားပြီး သောက်ခါနီး ငရုတ်ကောင်းမှုန့်ဖြူးလိုက်ရင်... အဟာရဟင်းရည် တစ်ခွက်ရပါပြီ...။ ကြက်ဥကြိုက်ရင်လဲ ဖောက်ထည့်လို့ရပါသေးတယ်...။
မိုးငွေ့
မိုးငွေ့
8 comments:
မမိုးရေ..
အပြေးအလွှားရောက်လာတယ်..စားစရာမို့လို့..
နှစ်မျိုးစလုံးစားသွားပြီနော်...
စားစရာတွေလုပ်ပြီဆိုတော့နေကောင်းပြီပေါ့...
ခင်တဲ့
သဒ္ဓါ
စားချင်စရာလေး...
မုန်ညှင်းချဉ်ရှိတယ်၊ ၀ယ်လို့မရဘူး ကိုယ်တိုင်လုပ် ထားတာ.. ကြက်သားနဲ့မကြော်စားဖူးသေးဘူး။
လုပ်စားကြည့်အုံးမယ်။ ကျေးဇူး..
မကြီးမိုးငွေ့
သရေကျသွားတယ်နော်
မိုးကြီးရာ အနော်ချက်တဲ့ ကြက်သားနဲ့ မုန့် ညင်း
စားလိုက်လို့ ကတော့ မိုးကြီးအမျိုးတောင်မေ့ 
သွားအုံးမယ် :D
မမိုး ဒီမှာ ငတ်ပြတ်နေတာနော် အစားကောင်းအသောက်ကောင်းနဲ့ ဝေးကွာနေတာ . . ဟင်းဟင်း စိတ်ကို လာမချွနဲ့နော် ပြန်လာလို့က ချက်ကြွေးရမယ် ဒါဗြဲး))))
ကြိုက်တယ်..ကြိုက်တယ်..
စားမယ်..စားမယ်..
ဗိုက်တအားဆာနေတယ်...
တကယ်တကယ်
နည်းနည်း ၀လာလို့ ညနေစာမစားဘူးဆိုပြီး နေနေတာ
ခု အစားအသောက်မြင်တော့ မနေနိုင်တော့ဘူး
တစ်ခုခု ထစားမှ ဖြစ်တော့မယ်..
လှချင်တဲ့ ဒုက္ခ ဒုက္ခ
ဟိုက်...ဂျင်းကို အချောင်းအချောင်းလိုက် လှီးတယ်ဆိုပဲ....
ပြေးမှ။ :P
Post a Comment