Thursday, 30 July 2009

မိုးရာသီအလွမ်း

ကောင်လေးရေ..... ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင် မျှော်လင့်ထားတဲ့ မနက်ဖြန်တွေအတွက် နာရီတွေအားလုံးကို မိုးစက်အဖြစ်နဲ့ ရွာချလိုက်ချင်ပါတယ်....။ လောလောဆယ်မှာတော့ ငါလွမ်းတတ်တယ်ဆိုတာ မင်း မေ့ချင်မေ့နေလိမ့်မယ် ဒါမှမဟုတ်.... အရာအားလုံးနဲ့အတူ ငါ့ကိုထားပြီး ပြောင်းလဲချင် ပြောင်းလဲသွားနိုင်တယ်..။ ရပါတယ်...ဘာပဲဖြစ်ဖြစ် ရင်ထဲက နေရာလေးတစ်ခုကိုတော့ အချိန်ဆိုတဲ့ ရထားကြီးက မတိုက်စားနိုင်လောက်ပါဘူး...။ ဒါပေမယ့်.....အခု မိုးတွေရွာတဲ့ ရာသီမှာ ငါ...မင်းကိုတွေ့ချင်တယ်... ။ ။ ( အမည်မသိကဗျာဆရာ)
5th Aug တွင် မိုးငွေ့နှင့်အတူ ရောက်ရှိလာသည့် သူငယ်ချင်းကလေးနှင့် စက္ကူရတုဆုံဆည်းမှုအမှတ်တရ

3 comments:

peachick said...

အမည်မသိကဗျာဆရာဆိုတော့...ဘယ်သူများလဲလို့
ဘလောက်ပိုင်ရှင်ဖြစ်နေတာကိုး...
ကောင်းတယ်နော်..ကဗျာလေးက..
အမကမိုးရာသီကိုနှစ်သက်တယ်နဲ့တူတယ်နော်..
အဲဒီကဗျာလေးကို paint နဲ့ပြန်ရေးထားတယ်..
အမှတ်တရပေါ့..အမ

ပန်းခင်းလေး said...

မိုးရာသီအလွမ်းလေးကို ခံစားသွားတယ် :)

. said...

မိုးးရာသီ အလွမ်းး တဲ့လားး . . .

ကဗျာနာမည်လေးးကိုက တော်တော်လှနေပြီ