ကျမလေ ကျမဘလောက်လေးကို တစ်ခါတစ်ခါဖွင့်ကြည့်ဖို့ နေ့တိုင်း မရိုးအီနိုင်အောင် ရင်ခုန်နေမိတုန်းပဲ...
ဘယ်သူတွေများ ကျမကို comment တွေပေးသွားပြီလဲ...။ ကျမအရေးအသားကို ဘယ်လိုဝေဖန်ကြမလဲ...။ ဘယ်နှစ်ယောက်ဝင်ဖတ်ပြီးသွားပြီလဲ စသဖြင့် ကျမစစခြင်း c box ကိုအရင် စပ်စုမိတယ်...။
ကျမ စိတ်ဓါတ်တော့ မကျပါဘူး...။ ဒါပေမယ့် ကျမကို ကွန်မန့်မပေးလဲ ၀င်လာပြီးဖတ်သွားတဲ့သူတွေ အများကြီးရှိမှာပါ....။ ကျမ အရေးအသားတွေ အများကြီးလိုနေသေးတယ်ဆိုတာကျမသိတယ်...။ ကိုယ့်ကိုကိုယ်လဲ ဘလော့ဂါတစ်ယောက်လို့ သတ်မှတ်လို့မရသေးဘူး...။ ဘာလို့လဲဆိုတော့ ကျမက စာရေးချင်တာတစ်ခုပဲသိတာလေ...။ ကျန်တာ ကွန်ပျူတာနဲ့ဆိုင်တာ ဘာမှလဲ မကျွမ်းကျင်ဘူး...။ ကျမဘလောက်ကို ဘာတွေ ထပ်ထည့်ရင် ကောင်းမလဲဆိုတာကိုလဲ မလုပ်တတ်ဘူး ဖြစ်နေတယ်...။ ဒီတော့ ဒါတွေက အရေးမကြီးပါဘူးလေ...။ အဓိက က ကျမဖတ်ထားသမျှ စာတွေကို လူတွေအားလုံးဆီ လက်လှမ်းမီသလောက် မျှဝေနိုင်ဖို့ပါပဲ...။
လောလောဆယ်မှာတော့ ကျမ ၀ိသာခါကျောင်းအစ်မအကြောင်းရေးဖို့ ကို ဘုန်းဘုန်းဆီသွားပြီး တရားနာဖို့ရာ
ကျမ Mp 4 က ပါဝါမရတော့တာနဲ့ မသွားဖြစ်သေးဘူး...။ ဒါနဲ့ရေးစရာ အကြောင်းမရာ ရှာမတွေ့သေးခင်မှာ
ဂျာနယ်ကျော်မမလေးရဲ့“သူလိုလူ” စာအုပ်ကိုဖတ်နေပါတယ်...။ ဂျာနယ်ကျော်မမလေးက သူခင်ပွန်းသည် ဦးချစ်မောင်ရဲ့ နေ့စဉ်မှတ်တမ်းကို ရေးထားတဲ့စာအုပ်ပါ...။ အင်မတန်ကောင်းတဲ့စာအုပ်လေးပါ...။ ဒီစာအုပ်မဖတ်ခင် ကျမ လက်စသတ်ဖတ်ပြီးသွားတာကတော့ ဂျူးရဲ့ “ လရဲ့ အောက်မိုင်အဝေးမှာ” ဆိုတဲ့စာအုပ်ပါ...။ လူငယ်ပညာပေး ဇာတ်လမ်းလေးပါ..။ တလောက city mart မှာ တွေ့လို့ ၀ယ်ပြီး ဒုတိယအကြိမ် ပြန်ဖတ်ခြင်းပါ..။
ဘာပဲဖြစ်ဖြစ် အားပေးမှုလေးတော့ရချင်တာအမှန်ပါပဲ....။ ခုကျမပုံစံကဘာနဲ့တူနေသလဲဆိုရင်.....ကိုယ့်ချစ်သူက ကိုယ့်ကို အရမ်းချစ်နေပါလျက်နဲ့ “ချစ်တယ်”ဆိုတဲ့ စကားတစ်ခွန်းကို မျှော်လင့်တောင့်တနေရသလိုမျိုးပဲ...
ဟီး....ဟီး...ဥပမာပေးတာသိပ်ကို နူးညံ့နေလွန်းပြီလားဗျ...။ anyway ဗျာ...ရှင်တို့တွေဆီက ကျမ အမှတ်တရလေး တစ်ခုခု ဖတ်ချင်နေပါတယ်...။ ကျမဘလောက်ကို အလည်ရောက်လာတဲ့ ဘယ်သူမဆို ကောင်းကောင်းဆိုးဆိုးရေးပေးသွားကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်...။
မိုးငွေ့
3 comments:
`မိုးဖွဲ့..´
ကြိုင်ပျံ့ရှား ၊ စကားဆီကနှောင်
လေ့တစ်သွေး မဝေးမကွာလှလေဘူ့
နန်းယက္ခတောင်။
ညိုလို့သာပန်းတော့တယ်၊မြယွန်းဆီကမှောင်။
ပူအောင်ဖွဲ့ဖန်ပျိုး။
ဆည်လို့ထဲ၊ကြည်ကွဲအောင်မဆင်လာနှင့်
ရှစ်ခွင်မှာ ပြာရီမှည့်
လွမ်းနယ်ချဲ့..မိုး
(မြ၀တီမင်းကြီး ဦးစ)...
အမှတ်တရလေးပေါ့။ အမ
ကျေဇူးညီမ
ငယ်ငယ်က မောင်စိန်ဝင်း(ပုတီးကုန်း)တို့ မိုးမိုး(အင်းလျား)တို့ရဲ့ မိုးနဲ့ပတ်သက်တဲ့ ကဗျာတွေ ဖတ်ဖူးတယ် အဲဒါတွေရှာပြီး ထပ်တင်ပေးဦးမယ်
ကိုယ့်ကိုကိုယ့် အရင်မိတ်ဆက်လိုက်အုံးမယ်
အပဲာ . . .ကျွန်တော်က ဘလော့တွေ လျှောက်ဖတ်နေတတ်တဲ့ လူတယောက်ပါ.
အမ ကစာအရေးအသားကောင်းပါတယ်
ကောင်းတာဆိုးတာ . .ဝေဖန်တာတော့
ကျွန်တော်လည်းညဏ်မီသလောက်ဝေဖန်ပါ့မယ်ခင်ဗျာ. .
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ
အားပေးးလျက်ပါနော်. . .
Post a Comment