Monday, 27 August 2012

မိုးညလေပြေ.....


 မိုးစက်တွေက လေပြေနဲ့အတူမလာဘူး....
မဟုတ်ဘူး......
လေပြေကမလာတာ....
မိုးစက်တွေက လေထန်နဲ့အတူပါလာတာ....ရက်စက်စွာ
...အေးစက်စိမ်းပြတ်စွာ....။


အစိမ်းရောင်က မင်းသင်္ကေတများဖြစ်နေရော့သလား...
..
ဟင့်အင်းး...
ကိုယ်နားလည်ထားသလောက်တော့ မင်းက အဖြူရောင်ပါ အဖြူမှ အဖြူဆွတ်ဆွတ်ကလေး....။
တခါတခါ နီးလာလိုက်....ဝေးသွားလိုက်နဲ့.
....မင်းကို ကိုယ်နားမလည်တတ်တော့ဘူး...။

အုံ့မှိုင်းညို့ဆိုင်းနေတဲ့ အရောင်တွေက မင်းကိုဝှက်ထားကြသလား......
ဒါမှမဟုတ်....မင်းတမင်ပုန်းနေတာ
များလား.....
ကိုယ့်ကို လျှို့ဝှက်သိုသိပ်စွာနဲ့....မင်
းပဟေဠိဆန်ဆန်နေပြတတ်တာ ...ကိုယ့်ရဲ့စွဲလန်းမှုကို ခိုင်ခံ့စေဖို့လား...
မေးခွန်းတွေများစွာကြားမှာ ကိုယ်တစ်ယောက်ထဲယောင်ချာချာဖြစ်
နေပြီ အိန်ဂျယ်...(မင်းနာမည်ပါမလာ မချင်းသူတို့တွေက ကိုယ့်စာကိုဖတ်ရင်း မျှော်တလင့်လင့်ရှိနေကြမှာ)....

ကိုယ်ဟာ... မင်းလိုဇာတ်ကောင်တစ်ယောက်ကို ဖန်တီးအသက်သွင်းရာမှာ အောင်မြင်သူတစ်ယောက်လား...
ခုချိန်ထိကိုယ်သေချာမဝေခွဲနိုင်
သေးဘူး...။ (လူတချို့ကတော့ အမြင်ကတ်ပုဒ်မနဲ့ကိုယ့်ကို မဲ့ရွဲ့ဝေဖန်ကြလေရဲ့...အလကားပေါ်ပင်ဖြစ်ချင်တိုင်း လျှောက်ရေးနေတာလို့လေ...)
မင်းကတော့ ခုချိန်ထိ အကြောက်အကန်ငြင်းဆဲပဲ....ကျွန်ေ
တ်ာက အိန်ဂျယ်မဟုတ်ဘူး အီဗယ်လ်..တဲ့။
ထားပါတော့.....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကိုယ့်ရဲ့ အိန်ဂျယ်ပဲလေ....။

မိုးညတွေမှာ ကိုယ့်သံစဉ်တွေကို မင်းကြိုးညှိမပေးခဲ့တာကြာပြီနော
်...။
ကျွန်တော်မှ ဂီတာမတီးတတ်တာပဲလို့ မင်းမပြောပါနဲ့....
အဖြူရောင်သံစဉ်တွေကို မင်းကိုယ့်အတွက်ဖန်ဆင်းပေးခဲ့ဖူ
းတာ မှတ်မိသေးရဲ့လား....
ကိုယ်က အစွဲလန်းကြီးသူမို့...ဘာမဆို အလွတ်ရနေတတ်ပါပြီ...။

အိန်ဂျယ်သေသွားပြီနော်...ဆိုတဲ့ စာကြောင်းလေးတစ်ခုအတွက်နဲ့....
ကိုယ့်ရဲ့ဝညာဉ်တွေ
ဟိုးးး အဝေးကို လွှင့်စင်သွားခဲ့ဖူးတာ မင်းသိလား...။ ကိုယ်ကိုယ်တိုင်ဖန်ဆင်းထားတဲ့ အိန်ဂျယ်ကို ကိုယ့်လက်နဲ့သတ်ပစ်ပါ့မလား။
အိန်ဂျယ်တကယ်သေသွားရင်တောင် ကိုယ်က ကိုယ့်အသက်နဲ့ဆက်ပေးမယ့်သူပါ...
. ယုံတမ်းစကားမဟုတ်ပါဘူး.....
ဒါပေမယ့်လည်း မင်းကို ယုံပေးပါလို့ ကိုယ်မတောင်းဆိုချင်ဘူး...။

မိုးညမှမဟုတ်ပါဘူး....အရင်တုန်း
ကဆို ညတွေတိုင်းမှာ မင်းက ကိုယ့်အတွက်လေပြေလေးဖြစ်ခဲ့ဖူးတာပါ...။
အိပ်မက်တွေတောင်...ကိုယ့်ဆီရော
က်မလာတတ်တော့ဘူး....အဲလောက်ထိ မင်းစိမ်းပြတ်တာ...။
အလွမ်းတွေဟာ...ကိုယ့်ရဲ့ ကောင်းကင်စက်ဝန်းမှာ တိမ်ညိုတွေပမာပိန်းပိတ်နေသလိုပဲ
...
အုံမှိုင်းပြီး ရွာချဖို့ခက်ခဲနေလေရဲ့...။

ကိုယ့်ရဲ့ မိုးညလေပြေကလေးရေ...မင်းဘယ်ဆီမှာ
လဲ.....။


မိုးငွေ့

9 comments:

လရိပ်အိမ် said...

မိုးညလေပြေက လေထဲမှာဘဲ ရှိမှာပေါ့ မိုးငွေ့လေးရေ။ ခံစားသွားတယ်။

mstint said...

ခေါင်းစည်းလေး ဓာတ်ပုံလေးနဲ့ စာသားလေးတွေက ဖွင့်ဟချက်လေးကို ပိုပီပြင်စေတယ် မိုးငွေ့ရေ။
အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

မိုးညလေပြေက မိုးနဲ့အတူပါသွားဘီ မမိုးရ......:)

လွင်ပြင်လှိုင်းငယ် said...

ခံစားလို့ အရမ်းကောင်းတဲ့ အက်ဆေးလေးပဲ ။အမြဲအားပေးလျက်နော်

ဆူးသစ် said...

လေပြေကသူ
ကိုယ်ကမိုးငွေ့
အလွမ်းတို့ တိုးဝှေ့တဲ့အခါ
ဟိုးမှာ...ကြည့်စမ်း
မိုးညရဲ့လမ်းမှာ
မျက်ရည်တွေ မခမ်းစတမ်းရွာတယ်။

သားလတ်
၂၈.၈.၁၂
၂၂:၅၀ နာရီ

ဘာရယ်မဟုတ်ဘူး။ ဒီပို့စ်ကိုခံစားပြီးရေးလိုက်တာ။ ကဗျာရေးရင်ကျွန်တော်ကသားလတ်ဆိုတဲ့ကလောင်နဲ့ရေးလို့ ဒီကဗျာကိုမိုးငွေ့ကိုအမှတ်တရရေးပေးလိုက်ပါတယ်။

ညီလင်းသစ် said...

အင်းယားကန်ဘောင်ပေါ်မှာ ရွတ်ဆိုခဲ့တဲ့ ဟောဒီ ကဗျာလေးကို သဘောကျတယ် မမိုးငွေ့..၊း) ဖတ်ရတာ တကယ့်ကို သိပ်သိပ်သည်းသည်းနဲ့...။

Cameron said...

ကဗျာလေးအတွက် ကျေးဇူးပါ ဆူးသစ်....။
ဟဟ ကိုညီလင်း ကိုညိမ်းကြော်ငြာပေးလိုက်လို့ အင်းလျားကန်က ရွတ်လိုက်တဲ့ အက်ဆေးကိုလာဖတ်တာပေါ့...။

စံပယ်ချို said...

မိုးစက်တွေက လေပြေနဲ့အတူမလာဘူးတဲ့လားဟယ်
ပုံလေးကိုလဲ သဘောကျနေတာ

မိုးခါး said...

မိုးညများမှာ အချစ်ပျောက်ကို ရှာတော့
ဒီမိုးစက်တွေ နှိပ်စက်လို့သွား .............