ကူးယူဖော်ပြပါသည်။
တိဘက်က သိုးအရမ်းမွေးတယ် ။
သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင်က လာစားတဲ့ ဝံပုလွေကို သတ်ဖို့ ညဖက်စောင့်တယ် ။
အဲ့ဒီမှာ အဖြစ် တစ်ခုသွားတွေ့တယ် ။
ညဖက် ဝံပုလွေလာခါနီး သိုးတွေက အနံ့ကြိုရတယ် ။
ဂဏာမငြိမ်တွေဖြစ်တယ် ။
အော်တယ် ဟိုပြေးသည်ပြေးလုပ်ကြတယ် ။
ခဏနေတော့ ဝံပုလွေဝင်လာတယ် ။
အေးအေးဆေးဆေးပဲ ဝင်လာတာ ။
တစ်ကောင်ထဲပဲ ။
သိုးတွေမှာ အော်ပြီး ပြေးကြတယ် ။
တစ်ခြံလုံးကို ညံနေတာပဲ ။
တကယ်က သိုးအုပ်က ရာချီတယ် အများကြီးပဲ ။
တစ်ကောင်တစ်ချက်တက်နင်းရင်ကို ဝံပုလွေ အစအနရှာရမှာမဟုတ်ဘူး ။
ဒါပေမယ့် ဝံပုလွေ အနားကို မကပ်ဘူး ။
ဝံပုလွေကို မထိရဲဘူး ။
အချင်းချင်းပဲ တိုးကြဝှေ့ကြတယ် အချင်းချင်းပဲ တက်ကြနင်းကြတယ် ။
ငယ်သံပါအောင်ပဲ အော်နေကြတယ် ။
ခဏနေတော့ ဝံပုလွေက သိုးတစ်ကောင်ကို ဖမ်းကိုက်တယ် ။
အဖမ်းခံရတဲ့ သိုးခမြာ အော်လိုက်တာ !
ဘေးကသိုးတွေက ကြည့်နေတယ် !
အဖမ်းခံရတဲ့သိုးခမြာ သွေးတွေရွှဲပြီး
ရုန်းလိုက်ကန်လိုက်တာ !
ဘေးကသိုးတွေ ကြည့်နေတယ် !
ခဏနေတော့ အဖမ်းခံရတဲ့သိုး သေသွားတယ် !
အသံငြိမ်သွားတယ် !
ဘေးကသိုးတွေလဲ အသံငြိမ်သွားတယ် !
ဝံပုလွေဟာ သိုးအုပ်အလည်မှာ ကျကျနနထိုင်ပြီး သူဖမ်းထားတဲ့သိုးကို အေးအေးဆေးဆေး ထိုင်စားတယ် ။ ဘေးက သိုးတွေက လဲ မြက်လေးဝါးတဲ့သူကဝါး ချောင်လေးမှာခွေတဲ့သူကခွေ ဖြစ်ကုန်တယ် ။
ခဏကြာလို့ ဝံပုလွေက စားသောက်ပြီး ဘိုက်ဝလို့ ပြန်ထွက်သွားတဲ့အချိန်မှာ တချို့သိုးတွေက ပြန်အိပ်ပြီး ဟောက်တောင်ဟောက်နေပြီ ။
သူတို့စိတ်ချတယ်လေ ဒီနေတော့ ငါမဟုတ်ဘူး ။
ငါအစားမခံရဘူး ။
တခြားအစားခံလိုက်ရတဲ့သိုးဟာ ငါမဟုတ်ဘူး
ငါနဲ့မဆိုင်ဘူး ။
နောက်နေ့ဝံပုလွေလာရင် ငါမဟုတ်ဖို့ပဲ အရေးကြီးတယ် ။
ငါနဲ့လွတ်အောင်ငါနေမယ် ။
ဝံပုလွေမမြင်ဖို့ မမိဖို့ပဲ လိုတယ် ။
ဝံပုလွေမမိဖို့ တခြားသိုးကို နင်းဆိုလဲနင်းမယ်
ဝှေ့ဆိုလဲဝှေ့မယ် ဝံပုလွေကိုတော့
ကြည့်တောင်မကြည့်ရဲ ထိတောင်မထိရဲ ငါနေမယ် ။
ဒါဟာ တိရိစ္ဆာန်လောကမှာတော့ ဖြစ်နေကျပါပဲ ။ မထူးဆန်းပါဘူး ။
ဒါပေမယ့်ဒီလိုအဖြစ်မျိုး လူတွေကြားမှာ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် ဝမ်းနည်းစရာပဲ ။
ကျွန်တော်တို့က လူတွေမဟုတ်လား ။
ဒါပေမယ့် အလွန်ကို စိတ်မကောင်းစရာပါ ။
ခုလူတွေကြားမှာ သိုးတွေ တွေ့ရပါတယ် ။
အချင်းချင်းနင်းတဲ့သိုးတွေ !
ချောင်လေးမှာ ကပ်နေတဲ့သိုးတွေ !
ဝံပုလွေစာ ကိုယ်မဖြစ်ဖို့အရေး !
တခြားသူကို ထိုးကျွေးနေတဲ့သိုးတွေ !
ဝံပုလွေကိုငဲ့ပြီး အချင်းချင်း လက်နက်နဲ့
ရန်ပြုပေးချင်တဲ့သိုးတွေ !
ဝံပုလွေကို ကာကွယ်နေတဲ့သိုးတွေ !
ဖြစ်ရလေဗျာ ။
ကျွန်တော်တို့က လူတွေလေ သိုးတွေမှ မဟုတ်ဘဲ ။
လူနဲ့ တိရာစ္ဆာန် မှာ ကွာတာက
အသိဉာဏ် စဥ်းစားဉာဏ်ပဲ ရှိပါတယ် ။
စဥ်းစားဉာဏ်မရှိပဲ မဆင်ခြင်ဘဲ လုပ်နေမယ်ဆိုရင်
လူဟာ တိရိစ္ဆာန်နဲ့မကွာတော့ပါဘူး ။
ပြီးတော့လေ တိရိစ္ဆာန်ဝံပုလွေက သိုးကိုသတ်တာ လောလောဆယ် သူစားဖို့ပဲ သတ်တာ သိလား ။
သူတစ်ကောင်နဲ့ဘိုက်ဝရင် ဆက်မသတ်တော့ဘူး ။
လူဝံပုလွေကတော့
ငါ့ဖို့ ငါ့သားသမီးဖို့ ငါ့မြေးဖို့ ငါ့မြစ်ဖို့နဲ့
လောဘက ဘယ်တော့မှ အတောမသတ်ဘူး ။
ဒါအတွက်သတ်ရမယ်ဆိုလဲ တစ်ရာနှစ်ရာ
တစ်ထောင်နှစ်ထောင် သူဂရုစိုက်မှာမဟုတ်ဘူး ။
စဥ်းစားဖို့ပါ ။
နိုင်ငံအသီးအပွင့် 70% လောက်ငါယူမယ်
မင်းတို့ကျန်တဲ့ပြည်သူတွေက ကျန်တဲ့ 30% လောက်ကို
ခွဲယူကြကွာ
အဲဲ့ဒီမှာ အချင်းချင်း နင်းချင်နင်းကြ
ကောက်ကျစ်ချင်ကောက်ကျစ်ကြ
ယုတ်မာချင်ယုတ်မာကြ
အချင်းချင်း နိုင့်ထက်စီးနင်းလုပ်ချင်လုပ်ကြ
အချင်းချင်းခေါင်းပုံဖြတ်ချင်ဖြတ်ကြ ဆိုပြီး အုပ်စိုးတာကို အရိုးအရင်းကိုက်ရလဲ မနည်းဘူးဟ ဆိုပြီး ပြည်သူချင်းချင်းပဲ ရမယ်ရှာချင်တဲ့သူတေပဲ များနေရင်တော့လဲ ကျွန်တော်တို့နိူင်ငံရဲ့ ကံပေါ့ဗျာ ။
Crd
Ps: အဲတော့စဉ်းစားပါ ကိုယ်တိုင်ကရော သိုးတစ်ကောင်ဖြစ်နေလားလို့ !!!