နောက်ပိုင်း မြို့ထဲနဲ့ဝေးသွားတော့ စာအုပ်တွေကို ကျွန်မတို့နားက Shopping Mall မှာရှိတဲ့ အင်းဝကပဲဝယ်ဖတ်တာများတယ်...။ ပြီးတော့ Instagram မှာလဲ အင်းဝကို followed လုပ်ထားတော့ အသစ်ထွက်သမျှစာအုပ်တွေကို Update လေးသိနေရတယ်....။ The Guys Of Rangoon 1930 စာအုပ်ကိုတွေ့ကတည်းက စိတ်ဝင်စားနေတာ ၁၉၃၀ ခုနှစ်လောက် သူတွေအကြောင်းတစ်ခုခုရေးထားတဲ့ စာအုပ်ပဲလို့အကြမ်းနားလည်ထားပေမယ့် တကယ်ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ အဲဒီစာအုပ်ကို ကိုင်ပြီးဖတ်ကြည့်တော့မှ အဲဒီဖက်ခေတ်တုန်းက အရမ်းကိုနာမည်ကြီးတဲ့ လမ်းမတော်ဖိုးတုတ်အကြောင်းကို အဓိက ဇာတ်တည်ပြီးရေးထားတာကို သိရတယ်...။
လမ်းမတော်ဖိုးတုတ်ဆိုတာ ကြားဖူးနေပေမယ့် သာမန် လူဆိုးလူမိုက်တစ်ယောက်လမ်းသရဲတစ်ယောက်လို့ပဲ ထင်မှတ်ခဲ့တာ....။ စာရေးဆရာခက်ဇော်ရဲ့ စာအုပ်စာတမ်းများစွာကနေ ကိုးကားပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရေးထားတာကြောင့် ဖတ်ရတာ စုံထောက်ဇာတ်လမ်းလေးဖတ်နေရသလို မျောပါသွားစေတယ်....။ စုံထောက်ဇာတ်လို့ပြောတာမှန်တော့မမှန်သေးဘူး... တကယ့်ဖြစ်ရပ်မှန်တစ်ခု အဲဒီခေတ်က လမ်းမတော်ဖိုးတုတ်အပြင် သူ့ရဲ့ မိုက်ဖော်မိုက်ဖက် ဂန္ဓမာသောင်းရီနဲ့ ရုပ်ခပ်ချောချော နောက်ထပ်ဇာတ်လိုက်တစ်ယောက်ကတော့ ဗိုလ်တစ်ထောင်မောင်မိုးတို့အကြောင်းကို အကွက်ကျကျ ရေးသားထားတာက စာအုပ်ကိုအစကဖတ်တာနဲ့ လက်ကမချနိုင်အောင်ရေးသားနိုင်တာ တကယ်ချီးကျူးစရာပါ....။ ကျွန်မက အစပိုင်းက စာမျက်နှာတွေကိုလှန်ကြည့်တော့ အဲဒီလူမိုက်သုံးယောက်ရဲ့ Profile တွေကို ပုံနဲ့တကွပြထားတော့ ဇာတ်အိမ်ဇာတ်ကွက်ကျကျနဲ့ ဝတ္ထုတစ်ပုဒ်လို့မထင်ထားဘဲ ရိုးရိုးတမ်းတမ်း Documentary ပုံစံ မှတ်တမ်းသဘောမျိုးပဲရေးတယ်ထင်ခဲ့တာ......။ တော်ပြီနော် ဒီလောက်ပဲပြောပြတော့မယ် ကျွန်မ Spoil မလုပ်တော့ဘူး....။ ဖတ်ကြည့်ကြည့် တကယ်ကြီးအရမ်းကောင်းလို့ပြောတာ....။
The Guys of Rangoon 1930 စာအုပ်တစ်အုပ်တည်းရှိတယ်ထင်တာ The Guys From Mandalay 1950s လဲထွက်တယ်တဲ့ ညီမလေးယောက်ျား မတ်ကလေးက သူ့မှာရှိတယ်ပြောလို့ အဲစာအုပ်ကိုတော့ မဝယ်ဖြစ်တော့ဘဲ ငှားဖတ်လိုက်တယ်....။ တခါမှ အဲလိုစာအုပ်အထူကြီးတွေကို သုံးလေးရက်နဲ့ပြီးအောင်မဖတ်ဖူးခဲ့ဘူး ဒီ The Guys of Mandalay 1950s က ရန်ကုန်ကဇာတ်လမ်းထက်ပိုမိုက်တာ....။ အဲစာအုပ်ထဲက ဇာတ်ကောင် ဘုန်ကြီးလူထွက် ဓါးပြဗိုလ် စိန်ဓါးမြှောင်ဆိုတာကမှ တကယ်အမိုက်စားကြီး ဉာဏ်ပြေးလိုက်တာမှ ဓါးပြတိုက်ဖို့ ဗျူဟာတွေခင်းတာ ဆွဲတာဆိုတာ အဲခေတ်က ဖဆပလတို့ ဆိုရှယ်လစ်တို့ဆိုတဲ့ လူမိုက်တွေကို အပေးအယူနဲ့အသုံးချတဲ့ နိုင်ငံရေးသမားတေွတောင် လက်ဖျားခါတယ်....။ ဒီစာအုပ်နှစ်အုပ်ကိုဖတ်ပြီးတော့မှ အဲခေတ်က နိုင်ငံရေး လူမှုရေး ပြည်တွင်းရေးတွေကို စုံစုံစိစိ ကွင်းကွင်းကွက်ကွက်မြင်ရတော့တာပဲ....။ ဆင်ဆာမရှိ ဒိုင်ယာလော့တွေ အတုံးလိုက်အတစ်လိုက်နဲ့ ဖတ်ရတာ တကယ်အားရတယ်....။ Mandalay စာအုပ်မှာရန်ကုန်က လူမိုက်ဖိုးတုတ်ရဲ့ သူငယ်ချင်း ဂန္ဓမာသောင်းရီပါ ပါလာတော့ နှစ်အုပ်လုံးဖတ်မှ ပြည့်စုံမှာ ဇာတ်ရေလည်မှာ....။ စိန်ဓါးမြှောင်ခေတ်မှာ လမ်းမတော်ဖိုးတုတ်က ထောင်ထဲမှာ ဆုံးသွားပြီဆိုတော့ သူတို့နှစ်ယောက်မဆုံဖြစ်လိုက်ဘူး...။ လမ်းမတော်ဖိုးတုတ်သာ စောစောစီးစီးမသေခဲ့ရင် သူတို့နှစ်ယောက်ပေါင်းတာနဲ့ ဘယ်သူမှတောင်နိုင်မယ်မထင်ဘူး....။ ရဲတွေ စစ်တပ်တွေလဲ တော်တော်အလုပ်များနေမှာ....။ ကဲ...ကဲ နှစ်အုပ်လုံးဖတ်ကြည့်နော်...။ နိုင်ငံခြားမှာရောက်နေတဲ့ စာဖတ်သူတွေထဲက အရမ်းမနေနိုင်မထိုင်နိုင် ဒီစာအုပ်တွေကို ဖတ်ချင်ပါတယ်ဆို ကျွန်မကိုယ်တိုင်ဝယ်ပို့ပေးမယ်....။ အဲလောက်ဖတ်စေချင်တာကြည့်.....။
မိုးငွေ့
2 comments:
Thanks for your offer and sound very interesting to read since you mention it. I wish I can receive those book from you. But I think that will be costly and too much work for you to send. May be I collect those book from you when(don't know) I visit Yangon. Or if you can convert to pdf or someone at Burmese book download web site (https://www.mmbookdownload.com/) posted those books pdf will be nice. I always download most of Burmese books from that web site to read since I live abroad.
Hello!! Just sent me your address to my email, coralnyo@gmail.com
Post a Comment