Monday, 7 September 2020

မိုးစက်များကပြောသော.....

 





ဒီနှစ်ကျွန်မအတွက် နောက်ထပ်မိုးရာသီ သီချင်းတစ်ပုဒ်ကတော့ ရွှေမှုန်နဲ့ရွှေထူးတို့မောင်နှံနှစ်ယောက် ဆိုထားတဲ့ ''မိုးစက်များကပြောသော''..... ဆိုတဲ့ သီချင်းလေးပဲ....။ ဒီသီချင်းလေးက MV ထွက်ထားပြီးသားပါ...။ ကျွန်မ သူတို့ MV ထဲက ရန်ဖြစ်တာကိုမကြိုက်လို့မတင်ဘဲ အရုပ်မပါတာတဲ့ သီချင်းကိုပဲတင်ပေးလိုက်တာပါ...။ ပြီးတော့ ကျွန်မက ရွှေထူး Fan တစ်ယောက်မဟုတ်ဘူး သူ့သီချင်းတွေကို အရင်စထွက်ကတည်းက လူငယ်တော်တော်များများနားထောင်ပြီးပေါက်တယ်ဆိုတာသိခဲ့ပေမယ့် ကျွန်မရဲ့ နေ့စဉ်နားထောင်နေကျ အနှစ်သက်ဆုံးသီချင်းထဲမှာ တခါမှမပါခဲ့ဖူးဘူး (Y-zet တို့နဲ့ featuring ဆိုထားတာကလွဲရင်).....။  ခုသီချင်းလေးကကောင်းပါတယ် ခပ်အေးအေးလေးနဲ့ ခုလိုမိုးတဖျောက်ဖျောက်ကျတဲ့အချိန်နဲ့လိုက်ဖက်တဲ့ လွမ်းဆွေးစရာ စာသားတွေနဲ့.....။ ရွှေမှုန့်အသံလေးက နားထောင်လို့ကောင်းသားပဲ သီချင်းဆိုတတ်လိမ့်မယ်လို့မထင်ထားဘူး....။ သူ့ဇာတ်ကားတွေကိုတော့ အများကြီးကြည့်ဖူးပါတယ်....။ သရုပ်ဆောင်လည်းကောင်းတယ် ငယ်ငယ်လေးနဲ့....။

ဒီသီချင်းလေးနားထောင်တော့ ကျွန်မရေးခဲ့ဖူးတဲ့ "Black Coffee" တို့  "အနက်ရောင်မိုးကောင်းကင်" တို့ကို သွားသတိရမိတယ်...။ အဲဒီအက်ဆေးလေးတွေနဲ့ဒီသီချင်းလေးနဲ့လိုက်ဖက်တယ်လေ....။


(ရွှေမှုန်)

မိုးရေထဲမှာထီးအတူဆောင်း နှစ်ယောက်လုံး စိုရွှဲကာချစ်တုန်း     

လူကြီးတွေမသိအောင် ဖုန်းတွေပြော မနက်ခင်းတွေအဓိပ္ပါယ်အပြည့်ဆုံး 

ဘာတွေမှားယွင်းသွားတာလဲ စဉ်းစားမရပါခက်ခဲ  ..........  🎼🎵♬

ရန်တွေဖြစ်ကြပြန်ချစ်ကြနဲ့ အချစ်တွေတိုးလာတာပေါ့  

အရွယ်ရောက်စ ငါ့နှလုံးသားဟာ နင့်အပေါ်နစ်လာပါရော    အရမ်းချစ်ခဲ့ကြတယ်လေ...

ဒီလိုဇာတ်သိမ်းလေးတွေမဖြစ်ချင်ဘူး  🎼🎵♬


(ရွှေထူး)

တချို့အချစ်တွေကလေထဲမှာ  

တချို့အချစ်တွေကရင်ထဲမှာ     

တချို့အချစ်တွေက မှောင်မဲပြီးလှောင်ပိန်းနေလဲ ပျော်ရွှင်တဲ့လူတချို့ကတော့ ယုံဆဲပါ    

တချို့အချစ်တွေကဖြူစင်တယ် ယုန်တွေလို     

တချို့အချစ်တွေက ကျန်ခဲ့တယ် ပုံပြင်လို    

တချို့အချစ်တွေက ဘာဆိုဘာမှမဟုတ်ခဲ့ဘဲနဲ့ ဘဝကိုပျက်လောက်တဲ့အထိ အရာရာပုံနေသလို


(ရွှေမှုန်)

ဆုံမှတ်တို့မရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုဝေးပြီ    ငါတို့ဝေး........ 🎼🎵♬

တခါတလေတော့လည်း သတိရမိတယ် အဆင်ပြေပါမလား စိတ်ပူဆဲ     

ဘယ်တော့မှ ထပ်တွေ့ဖို့တော့ မဖြစ်နိုင်ဝေးပြီ ငါတို့ဝေး  🎼🎵♬

ဘယ်လိုအရာမှ မနှစ်သိမ့်နိုင်ဘူး သေရာပါ ငါအလွမ်းတွေယူ ထွက်သွားလေသူ


(ရွှေထူး)

တချို့အချစ်တွေက နန်းတော်ထဲ         

တချို့အချစ်တွေက လမ်းပေါ်ဝဲ      

တကယ်တမ်းကျတော့ အရေးကြီးတာ နားမလည်မှုနဲ့ နှစ်ဦးသား သက်ဆုံးတိုင်မြဲဖို့ပဲ  

တချို့အချစ်တွေက သကြားနဲ့တူ                                        

တချို့အချစ်တွေက ဓါးနဲ့တူ                                  

တချို့လူတွေအတွက်ကျတော့ first love ဆိုတာကြီးကို ပြန်မကြားချင်လောက်အောင် နားမှာခါးခဲ့ဖူးတယ် 


(ရွှေမှုန်)

ကော်ဖီဆိုင်ထဲက ပျော်ရွှင်စရာအလွမ်းများ ငါအလွမ်းများ တွေးနေမိတာ တစ်နေ့မှမမေ့သေးဘူး ငါ့မှာ 🎼🎵♬

အပေါ်ယံတွေကြား နင်ငိုနေမှာ ငါစိုးတာ ထွက်မသွားဖို့တားချင်ပေမယ့် 

ငါမင်းရဲ့စိတ်ကိုအလိုလိုက်တာ.....🎼🎵♬


မိုးငွေ့


No comments: