Saturday, 12 September 2020

Stress.....


ဒီတလော ကိစ္စတစ်ခုခေါင်းထဲရောက်ပြီး လူကအလိုလိုနေရင်း အဲအကြောင်းကိုပဲတွေးမိပြီး စိတ်ဖိစီးမှုတွေ ဖြစ်ပြီး လည်ပင်းမှာ တစ်ဆို့ဆို့နဲ့ နင်နေတဲ့ ခံစားမှုမျိုးဖြစ်တာ တော်တော်ခံရခက်တယ်....။ အစာအိမ်ထဲက gas က အပြင်မထွက်ဘဲ လည်မျိုမှာအလုံးလိုက်တစ်နေတာ အစာစားပြီးတိုင်း အစာတွေက အောက်မဆင်းဘဲ လည်ပင်းမှာရှိနေတာ နင်နေတာမျိုးလေ....။ Acid reflux in throat အဲလိုဖြစ်တာလေ....။ စိတ်နဲ့ကုရတာ ထင်သလောက်မလွယ်ဘူး.....။ သူများကိုပြောပြ ညွှန်ပြရတာလွယ်သလောက် ကိုယ်တိုင် ကျင့်ကြံလိုက်နာဖို့က ခက်ခဲတယ်....။ ဒါပေမယ့် ဇွဲရှိရှိနဲ့တော့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာချည်းပဲမဟုတ်လား....။ ကိုယ့်စိတ်ကို ဒီကိစ္စကို မတွေးနဲ့လို့ ပြန်ခိုင်းစေရတာကိုပဲ ခက်ခဲနေတာလေ....။ တခြားအလုပ်လုပ်နေတဲ့အခါ ကိုယ်ခံစားနေတဲ့ ဝေဒနာကို ခဏတော့ မေ့ပျောက်သွားတယ်....။ ဒါပေမယ့် ရင်ထဲပူပြီး တစ်ဆို့ဆို့ဖြစ်နေတာကြီးက အစာစားပြီးခဏတော့ ပျောက်သွားပေမယ့် နောက်တစ်နာရီလောက်ဆိုပြန်ပြန်ဖြစ်တာ ...တခါတလေ တစ်ယောက်ယောက်က လည်ပင်းလာညစ်ထားသလိုလို ခံစားရသေးတယ်...အဲလိုချိန်ဆို ခေါင်းတွေလည်းကိုက်လာတယ်....။ ဘယ်လိုဝေဒနာမျိုးလဲ....။ နားထင်ကို ပရုတ်ဆီရည်လေးလူး လည်ချောင်းကိုလည်းလူးပြီး လေထုတ်ကြည့်ဖိုးကြိုးစား တခါတလေ အန်ကြည့်တယ် အစာနဲနဲထွက်သွားရင်နေလို့ခဏပြန်ကောင်းသွားရော...။ 

ဒီချိန်မှာ ဆေးရုံဆေးခန်းဆိုတာ သွားဖို့မစဉ်းစားနဲ့လေ ကိုဗစ်ဒုတိယလှိုင်းကလည်းကြမ်းနေတာ တစ်နေ့တစ်နေ့ပိုးတွေ့လူနာဦးရေက တိုးတိုးလာနေတာ....။ ကိုယ့်ဘာသာကိုယ် အွန်လိုင်းမှာစာဖတ်ပြီး ကုရမှာပဲမတတ်နိုင်ဘူး.....။ ကံ စိတ် ဉတု အဟာရနဲ့ပဲ ကြည့်ကြပ်လုပ်ရတော့မှာ.....။ အစာကို နဲနဲဆီပဲစား အစာမကြေတဲ့ဟာတွေရှောင် အပူအစပ် အကြော်အလှော်တွေဖြတ် စိတ်ကိုပူပန်စရာတွေလျှော့ စိတ်ပျော်ရွှင်စရာ ကြည်နူးစရာတွေကိုပဲတွေး စိတ်ဆင်းရဲစရာ ရုပ်ရှပ်ကားတွေ စာတွေကိုမကြည့်မဖတ်ဘူး...။ အိပ်ရေးဝဝအိပ် ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်နေ ရာသီဉတုအလိုက်နေထိုင် အဲလိုတွေသတိထားလုပ်နေရတယ်...။ မီးဖိုချောင်ကိုဆေးခန်းအဖြစ်အသုံးပြုရာမှာ ကျွန်မ ပျားရည်နဲ့ပန်းသီးရှာလကာရည်ကိုဖျော်သောက်တယ်...။ အဲဒါသောက်ပြီးတိုင်း ခံတွင်းရှင်းအောင်‌ ရေတစ်ခွက်သောက် ပလုတ်ကျင်းပေးတာတော့လုပ်သင့်တယ်...။ သူက အက်ဆစ်ဓါတ်ပါတော့ သွားကြွေလွှာတွေကို မထိခိုက်အောင် သတိထားရတယ်....။ လုပ်ဆောင်မှုတိုင်း သတိရှိနေရတာဟာ ဝိပဿနာရဲ့ အရေးကြီးဆုံး အခြေခံအရင်းမြစ်တစ်ခုပဲ....။ ဒီလိုဝေဒနာကို ခုမှခံစားဖူးတာမဟုတ်ဘူး အရင်တခါကလည်း ဖြစ်ဖူးတယ်...။ အဲတုန်းက ဒီပို့စ်မှာ ရေးခဲ့ဖူးသေးတယ်....။ ပြီးတော့ ကျွန်မရဲ့ soul mate က ဆေးဝါးလောကမှာ ကျင်လည်ခဲ့ဖူးပြီး ဆေးအကြောင်းအတော်အသင့်နားလည်ထားတော့ သူ့ကိုလည်း ကိုယ်ခံစားရတာကိုပြောပြတော့ သူက pantocid (Gastroesophagal Reflux Disease) ဆိုတဲ့ဆေးလေးညွှန်းတယ် အစာအိမ်ဆေးပါပဲ အဲဒါကို အစာစားပြီးတစ်လုံးသောက်တဲ့...။ 

ကျွန်မ ဝါတွင်းသုံးလ သက်သတ်လွတ်စားဖြစ်တယ် ဒီနှစ်.....။ သက်သတ်လွတ်ကို ဘာဟင်းတွေချက်စားဖြစ်လဲလို့ အရင်လို နောက်နေ့ငါဘာစားမယ် ဘာချက်မယ်လို့ ကြိုမတွေးဖြစ်တော့ဘူး အိမ်မှာရှိတာ သက်သတ်လွတ်ချက်လို့ရတာရှိရင် ချက်စားလိုက်တယ်....။ ပါချုပ်ဆရာတော်ကြီးရဲ့ ဉပုသ်စောင့်ရခြင်းရဲ့ အကျိုးကျေးဇူးတရားကိုနာတော့ အဲအသိလေးတစ်ခုရသွားတယ်....။ 



မိုးငွေ့


No comments: