ဒီနှစ်က export မရှိလို့ စိန်တစ်လုံးသရက်သီးတွေ ဖောဖောသီသီစားရတယ်....။ ဈေးကွက်ထဲစဝင်တုန်းကတော့ တစ်လုံးကို ၈၀၀/- နောက်ပိုင်း တစ်လုံးကို ၂၀၀, ၃၀၀ ထိ ဈေးကျသွားတယ်...။ မန္တလေးနဲ့ ကျောက်ဆည်ဖက်ကထွက်တဲ့ စိန်တစ်လုံးကတော့ အကောင်းဆုံးပေါ့....။ အသားကကျောက်ကျောလိုချောပြီး အမျှင်မပါဘူး ချိုတယ် ဒါတွေက စိန်တစ်လုံးသရက်သီးရဲ့ ဘယ်သူနဲ့မှမတူတဲ့ အားသာချက်...။ တစ်ခုမကောင်းတာတော့ အချိုမတည့်တဲ့ အချိုစားလို့မရတဲ့ ရောဂါအခံရှိသူများ မစားကြနဲ့ပေါ့....။ နှလုံးသမားတို့ ဆီးချိုသမားတို့ကို ရှောင်ခိုင်းထားတာတော့ ဖတ်ဖူးတယ်...။
မူလ မန္တလေး ကျောက်ဆည်ဖက်ကပဲ အဓိကထွက်တယ်လို့သိရပေမယ့် နောက်ပိုင်း ပြည်တို့ ဘာတို့ဖက်ကထွက်တဲ့အသီးတွေလည်းရှိတယ်....။ အပြင်ဗန်းကကြည့်ရင်တော့ ပြည်စိန်တစ်လုံးဆို ဘယ်လောက်မှည့်မှည့် အခွံရောင်က ဝါဖျော့ဖျော့...။ မန်းတို့ ကျောက်ဆည်တို့ဖက်ကအသီးကတော့ အခွံက အဝါရင့်ရင့်....။ တချို့ဘယ်မြို့တွေကထွက်မှန်းမသိ ဈေးပေါပေါနဲ့ရောင်းတဲ့ အသီးတွေကတော့ အချိုပေါ့ပြီး အမျှင်များတယ်...။ ကျွန်မကတော့ တိုက်ရှေ့က သစ်သီးသည်ဆီက ဝယ်စားဖြစ်တာများတယ်....။
For Crust:
180g disgestive biscuits
80g melted butter
For Filling:
160g fine sugar or powder sugar
250g cream cheese
150g mango puree
80g icing
For the mango glaze:
200g mango puree
50g water
30g sugar
4 tsp gelatin
5 tbsp hot water
1 tsp lime juice
Credit to the cooking foodie from you tube.
၈ လက်မအဝိုင်းရှိတဲ့ မုန့်ဖုတ်ခွက် (ဖြုတ်/တပ်လို့ရတဲ့ခွက်အရှင်) ခြောက်သွေ့အောင်သုတ်ထားပါ...။ ဘီစကစ်မုန့်ချပ်တွေိကို အိတ်တစ်ခုထဲထည့်ပြီး ကျေညက်အောင်ချေထားပါ...။ ဆလုံတစ်ခုထဲမှာ ဘီစကစ်အမှုန့်တွေကို ထောပတ်အရည်ပျော်နဲ့ရောပြီး မုန့်သားညက်တဲ့အထိနယ်ပေးပါ...။ ရလာတဲ့ဘီစကစ်အမှုန့်တွေကို မုန့်ဖုတ်ခွက်ထဲထည့်ခင်းပြီး ဖန်ခွက်ဖင်နဲပြားသိပ်နေအောင်ဖိပေးပါ...။ ပြီးရင် ရေခဲသေတ္တာထဲအအေးခံထားပါ...။
အခန်းအပူချိန်မှာထုတ်ထားတဲ့ cream cheese ကို ဇလုံသန့်သန့်တစ်ခုထဲထည့်ပြီး ယောင်းမနဲ့စေးပြီးပျော့လာအောင်နယ်ပေးပါ...။ စေးညက်လာတော့မှ သကြားထည့်ပြီး ထပ်မွှေပေးပါ...။ နောက် သရက်သီးအနှစ်နဲ့ ခရမ်ရောပြီး သမအောင်မွှေထားပါ...။ မုန့်သားညက်ပြီဆို အအေးခံထားတဲ့ မုန့်ဖုတ်ခွက်ထဲ အသာလောင်းထည့်လိုက်ပါ...။ ရေခဲသေတ္တာထဲ ခဏပြန်ထည့်ထားပါ...။
ပန်းကန်လုံးတစ်ခုမှာ gelatin ကို ရေနွေးငါးဇွန်းနဲ့ရောပြီး ဖျော်ထားပါ...။ မီးအရှိန်ပျော့ပျော့မှာ သရက်သီးနှစ် သကြားနဲ့ရေတို့ကိုရောကျိုပေးပါ အဆက်မပျက် မွှေပေးပါ...။ အိုးကပ်ပြီးတူးသွားမှာစိုးလို့ပါ... ဆူပွက်လာပြီဆို gelatin ဖျော်ထားတာနဲ့ လီမွန်ရည်လေးထည့်လိုက်ပါ မီးဖိုပေါ်ကချပါ....။ gelatin တွေ သရက်သီးနှစ်ထဲပိုပျော်ဝင်သွားအောင် ဆက်မွှေပေးပါ....။ သရက်သီးနှစ်နဲနဲအေးပြီဆို cheese ပေါ်ဖြေးဖြေးလောင်းချလိုက်ပါ....။ မီးဖိုသုံးစရာမလိုတဲ့ အေးခဲတဲ့နည်းပေါ့...။ ရေခဲသေတ္တာထဲ အနည်းဆုံး ၃နာရီ ဒါမှမဟုတ် တစ်ညသိပ်ပြီး ခွဲစိပ်သုံးဆောင်လို့ရပါပြီ...။ ဆိုင်တွေမှာ ရောင်းသလို မုန့်မျက်နှာပြင်မှာ သရက်သီးလေးထောင့်တုံးလေးတွေလှီးပြီး အပေါ်မှာအလှဆင်လို့ရပါတယ်...။
ဒီနှစ်စိန်တလုံးပေါလို့ သူ့ကိုအရင်းပြုပြီး မုန့်တွေ တစ်မျိုးပြီးတစ်မျိုးလုပ်စားဖြစ်တယ်....။ နောက်တစ်ပို့စ်ကျရင် တခြားသရက်သီးမုန့်တွေကို ထပ်တင်ပါ့မယ်...။
မိုးငွေ့
1 comment:
ညီမမိုးငွေ့က တော်လိုက်တာ...၊ Mango Cheesecakeက စားချင်စရာ...၊ သရက်သီးရာသီဆို ကျနော်တို့က မြန်မာပြည်မှာ မရှိတာများလို့ စိန်တလုံးအပါအဝင် သရက်သီးတွေ အများကြီးမစားရတာ ကြာပြီ၊ ဒီဖက်မှာတော့ ခုချိန် Apricot တွေ အရမ်းပေါလို့ Apricot pie တွေလုပ်စား ကြသလို ယိုလည်း ထိုးကြတယ်...။ (နှစ်တွေ ကြာသွားပေမယ့် ခင်မင်ရတဲ့ ဘလော့ဂါတယောက်မို့ ပြန်တွေ့ရတာ တကယ်ပဲ ဝမ်းသာမိတယ် ညီမရေ...)
Post a Comment