ထိုင်းအဆိုတော် Da Endorphine ကို ကျွန်မစသိတာ 2008 2009 လောက်ကပါ...။ မိုးငွေ့နှင့်အတူ ဘလော့စရေးနေတဲ့အချိန်ဆိုပါတော့...။ အဲကတည်းက ကျွန်မရဲ့စာတွေကို ဒီနေ့အထိ အားပေးလာတဲ့ ကျွန်မရဲ့ စာဖတ်သူညီမလေး အနှိုင်းမဲ့ကို အဲဒီအဆိုတော်ရဲ့ MTV ဗီစီဒီပေးဖူးတယ်...။ မယ်နှိုင်းက ဂီတဝါသနာပါတယ် ပြီးတော့ Da Endorphine နဲ့ မယ်နှိုင်းက စတိုင်လ်ချင်းတူလို့ သူ့ကို Da ရဲ့ သီချင်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးဖူးခဲ့တယ်...။ Da က တေးရေး တေးဆိုအပြင် 2016 2017 မှာ The Voice Thailand မှာ ဒိုင်လုပ်ပါတယ်...။ သူ့အနုပညာလှုပ်ရှားမှုတွေက ဂီတလောကမှာ တော်တော်ကျယ်ပြန့်ပါတယ်.....။ ပြီးတော့ နှစ်တွေအများကြီး ပရိတ်သတ်ကို သိမ်းသွင်းလာနိုင်ခဲ့တဲ့ Pop နဲ့ R&B အဆိုရှင်တစ်ယောက်ပါ...။ သူ့သီချင်းတော်တော်များများ ဒီနေ့ခေတ်အထိ ရုပ်ရှင်နဲ့ တီဗီ စီးရီးဇာတ်လမ်းတွဲတွေမှာ သုံးခွင့်ရခဲ့ပါတယ်...။
မနေ့တနေ့တုန်းက အမှတ်မထင် မတွေ့တာကြာပြီဖြစ်တဲ့ မယ်နှိုင်းကို Shopping Mall မှာဆုံခဲ့သေးတယ် သူနဲ့ သေချာတောင်စကားမပြောလိုက်ရပါဘူး...။ ကျွန်မကို သူက အစ်မ ဒီဖက်ကို ပြောင်းလာနေပြီဆိုတဲ့... ဒါလေးပဲပြောလိုက်ရတာ...။ သြော်မေ့သွားလို့ Feeling 92 စာအုပ်ပူပူနွေးနွေး ထွက်ထားတဲ့ ကဗျာဆရာမလေးဆီက စာအုပ်လက်ဆောင် မတောင်းလိုက်ရဘူး...။ ကျွန်မခုထိ တီတင့်ဦးစီးထုတ်ထားတဲ့ ဘလော့ဂါ 92 ယောက်ပါတဲ့စာအုပ်ကို မဖတ်ရသေးတာ ဝယ်မယ်ဆိုတော့ အင်းဝပဲရှိတာလေ ဒီနားမှာက..။ တီတင့်ကတော့ လက်ဆောင်လာယူလို့ခေါ်ထားတာပဲ မရောက်ဖြစ်သေးတာ FMI ဖက်ကို...။ မေမေခရီးကပြန်လာလို့ တီတင့်ဆီအလည်သွားမှ အဲစာအုပ်လေးသွား ယူတော့မယ် စိတ်ကူးတယ်..။
မိုးငွေ့
No comments:
Post a Comment