Wednesday, 15 May 2019

သတိရတယ်.....




ဆရာကျား(Big Bag ကျားပေါက်)ရဲ့ Anger Management အယ်လ်ဘမ်ထဲက ဒီသီချင်းလေး ကြိုက်တယ်...။ လောလောဆယ် ကျွန်မသီချင်းတွေကို လွယ်လွယ်ကူကူသိခွင့် နားထောင်ခွင့်ရတာ ဖုန်းထဲက Joox ရဲ့ကျေးဇူးကြောင့်ပါ..။ Pencell ကရိုက်ပေးထားတဲ့ Animated MV လေးက ချစ်စရာလေးပါ။ ဆရာကျားသီချင်းတွေက ခံစားမှုအပြင် အတွေးတွေအများကြီးပေးတတ်တယ်...။

 


...... ဒီစိတ်နဲ့ ကျရှုံးရင်း သတိရတယ် ..... 






သင်္ကြန်မတိုင်ခင်က Time Link မှာသွားဝယ်ခဲ့တာ Artist ဟန်ထူးလွင်(ကျားပေါက်) ကိုယ်တိုင်ဆွဲထားတာကို Print ပြန်ထုတ်ထားတဲ့ ဖိနပ်လေး ...။ ကိုယ့်ဖိနပ်ကိုအပ်ပြီးဆွဲရင် ဒေါ်လာ ၃၀၀ အနုပညာကြေးပေးရပါတယ်...။ ဆိုတော့ ကိုယ့်ဆီမှာ Nike တို့ Addidas တို့လို အဖြူပလိန်းလေးတွေရှိရင် သွားဆွဲလို့ရပါတယ်...။ ကြော်ငြာပေးတာ...အလျှော်ခံအောင် ဆွဲပြီးသားအရုပ်ပေါ်မှာ ရေစိုခံဖယောင်း code ပေးတယ်လို့ကြားတယ်...။




ဒါက ကျားပေါက်ရဲ့  Bipolarbear Tshirt




မိုးငွေ့ 


No comments: