ကိုယ်ဟာလေ...ခုချိန်ထိ အပြင်သွားရင် ထီးယူသွားဖို့ပျင်းတုန်းပဲသိလား...။
အဲဒီနေ့က အပြင်ထွက်တော့နေပူကျဲတောက်နေတာပဲ လမ်းတစ်ဝက်လဲရောက်ရော ရုတ်ချည်း မိုးက သဲကြီးမဲကြီးကိုရွာချလိုက်တာ..လမ်းဘေးပလက်ဖောင်းဈေးသည်ဆီမှာ မိုးခိုလိုက်ရတယ်...။ မိုးစက်တွေတရဟောကျနေတာကိုမြင်ရလို့ ပျော်လည်းပျော်တယ် မင်းကိုလည်း လွမ်းတယ် အိန်ဂျယ်..။
မိုးကိုကြည့်ရတာ မကျေနပ်ချက်တွေသိပ်များနေတဲ့ လမ်းပေါ်လျှောက်သွားပြီးအော်ဟစ်ကျိန်ဆဲနေတဲ့ ဂျစ်စီတစ်ယောက်နဲ့တောင်တူသေးတယ်...။
တစ်ခါက ကိုယ်အိပ်မက်ဖူးခဲ့တဲ့ မိုးရေတွေစိုချွဲနေတဲ့ မင်းမျက်နှာကြည်ကြည်လေးကို မြင်ယောင်မိသွားခဲ့တယ်..။
ဂျစ်စီမိုးပဲဖြစ်ဖြစ်... သိမ်မွေ့မိုးပဲဖြစ်ဖြစ် မိုးရေထဲလျှောက်သွားရင်းလည်း မင်းကိုလွမ်းရတာပဲ အိနျဂယြျ....။
မိုးငှေ့
No comments:
Post a Comment