Monday, 2 January 2017

မင်္ဂလာနှစ်သစ်လေးပါ....:)


      


ကျွန်မ ဘလော့ရေးတဲ့ သက်တမ်းတလျှောက်မှာ နှစ်တစ်နှစ်ရဲ့အစ ဇန်နဝါရီ(၁)ရက်နေ့ နှစ်သစ် အကြို နှုတ်ဆက်စကားနဲ့ပတ်သက်လို့ ပို့စ်တစ်ခါမှမရေးခဲ့ဖူးဘူး...။ ဒီနှစ်တော့ နှစ်သစ်နှုတ်ခွန်း စကားလေး ပြောပါရစေ..။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိထင်ရှား သတ္တဝါအားလုံး ကျန်းမာချမ်းသာလို့ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ...နှစ်သစ်မှစပြီး အစစအရာရာ အောင်မြင်အဆင်ပြေကြပါစေလို့ မင်္ဂလာနှုတ်ဆက်စကားလေးပြောချင်ပါတယ်...။

2017 ရဲ့ ပထမဆုံးရက်မှာ ကျွန်မစလုပ်ရတာက ကော်ဖီသင်တန်းစတက်ခြင်းပါပဲ...။ ဒီအတွက် ကျွန်မရဲ့ နှစ်သစ်အစဟာ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့စရလို့ မင်္ဂလာရှိပြီးရင်းရှိနေပါပြီ..။ ပြီးတော့ နောက်လတွေ ကျရင်လည်း ဆက်တိုက် နိုင်ငံခြားခရီးစဉ်တွေရှိနေတော့ ကျွန်မအတွက် 2017ဟာ ခရီးသွားနှစ်လို့လည်း ဆိုလို့ရနိုင်ပါတယ်..။ အားလုံး မင်္ဂလာရှိသောနှစ်သစ်လေးပါ....:) ပုံလေးကတော့ တခါက ဘလော့ဂါဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးမောင်မောင်ရဲ့ လက်ရာပါ...။


Happy New Year......

1 comment:

သက္ေဝ said...

HAPPY NEW YEAR... ;)