ခုတစ်ပတ်အလှည့်ကျတာကတော့ အခက်ဆုံး ဈေးအကြီးဆုံးမုန့် Macaron နဲ့ Mousses Cake ရယ် Chocolate Garnish လုပ်နည်းနဲ့ Caramel Pudding တို့ပဲဖြစ်ပါတယ်...။ Macaron ကို ကြားဖူးနားဝရှိနေတာက ပြင်သစ်မုန့်ုဖြစ်တာရယ် အချိုကဲတဲ့မုန့်ဆိုတာပဲ...တစ်ခါဖူးလားမသိ စားဖူးတယ်..။ ကျွန်မတော့သိပ်မကြိုက်ဘူး...။ ဒီမုန့်လုပ်ဖို့ ဘာဂျုံမှမသုံးရပါဘူး ကြက်ဥအကာနဲ့ ပေါင်ဒါသကြားရယ် Almond Powder ရယ်ပဲ...။ အဓိကဈေးကြီးသွားစေတာကတော့ Almond Powder ကြောင့်ပါ..။ Almond စေ့ကို အမုန့်ပြန်လုပ်ထားတာကို ပေါင်ဒါသကြားနဲ့ဇကာစစ်ထား..။ ကြက်ဥအကာနဲ့ ရိုးရိုးသကြားကို soft pick form ရတဲ့အထိ စက်နဲ့ရိုက်မယ်...။ ရလာတဲ့ ကြက်ဥအကာထဲကို စစ်ထားတဲ့ Almond Powder ရောထည့်မွှေ ခပ်သာသာလေးပဲနှံ့အောင်မွှေရင်ရပြီး ပြီးမှကိုယ်ကြိုက်တဲ့အရောင်ရောပြီး Piping Bag ထဲထည့်ပြီး မုန့်ဖုတ်ဘမ်းပေါ် အရွယ်ညီညီညှစ်ချရပါတယ်...။ ဒီမုန့်လုပ်တဲ့အခါ ပထမဆုံးက ကြက်ဥအကာရိုက်တာလိုတာနဲ့မုန့်ပျက်ပြီပဲ... ဒုတိယက မုန့်ဘမ်းထဲညှစ်ချတဲ့အခါ Piping bag ကိုတည့်တည့်ထောင်ကိုင်ထားပြီးမှာ ညှစ်ချရပါတယ်..။ အဲဒီမှာလည်းနဲနဲလွဲတာနဲ့ မုန့်တွေဟာ အက်ကွဲပြီးထွက်လာကြမှာပါ..။ ဒီမုန့်ရဲ့အရသာက အထဲကပျော့ပြီး အပြင်က ကျွတ်ရွရွလေး အချိုကဲတဲ့မုန့်..။
ကြက်ဥအကာကို မွှေတံနဲ့ အဲလိုစမ်းသပ်ရတယ် ရမရကို အဲလိုထောင်လိုက်ရင် ကြက်ဥအကာတွေက အောက်ကိုပြန်မကျရပါဘူး
ပုံတွေမရိုက်ထားနိုင်လို့ Google ကနေပြန်ယူပြီးပြတာပါ
Macaron တကယ်စစ်စစ်က အဲလို အပေါ်ယံအကြွပ်တစ်လွှာနဲ့ အပျော့တစ်လွှာပါရမယ်
မုန့ှ်ညှစ်ချတာမညီတော့ မုန့်တွေကွဲအက်ကုန်တယ်တွေ့လား
ဒါက အရောင်စပ်ထားတာလေးတွေ
Chocolate Mousses Cake
ဒီကိတ်လေးက အပြင် ချောကလက်အရည် (Chocolate Glaze) လောင်းထားလို့ အတွင်းက ကိတ်သားကိုမမြင်ရတော့ဘူး...။ OMG!!! I am so stupid ဒီတစ်ခါလည်း ကိတ်ကိုလှီးပြီးသားပုံ မရိုက်ထားလိုက်မိပြန်ဘူး...။ အထဲမှာ Mousses Cream နှစ်လွှာပါတယ်...။ အတွင်းပိုင်းက ခရင်မ်အလွှာကို ကိုယ်နှစ်သက်သလို သုံးလွှာလည်းလုပ်လို့ရပါတယ်..။ ပထမဆုံး ချောကလက်ကိတ်သားကို အရင်ဖုတ်ပါတယ် ..။ မုန့်ကိုအအေးခံပြီးတော့မှ ကိတ်လှီးတဲ့ဓါးနဲ့ ကိတ်သားတွေကိုလွှာထားလိုက်ပါတယ်...။ ကိတ်မုန့်ဖုတ်နေတဲ့အချိန်မှာ Mousses Cream ကိုလုပ်ထားရပါတယ်...။ Mousses Cream မှာ Cream ရယ် Cocoa Powder ရယ် အရေးကြီးတာက ခရင်မ် မုန့်သားထဲကနေမပျော်ကျအောင် Gelatin မှုန့်ထည့်ရပါတယ်..။ ကျောက်ကျောလို အရေကိုခဲစေတဲ့ အမှုန့်တစ်မျိုးပါပဲ ဒါပေမယ့် သူက မာခဲနေတာမျိုးမဟုတ်ဘဲ ဂျယ်လီလိုတုံတုံလေးဖြစ်ရုံလောက်လေးပေါ့...။ ဂျယ်လီလုပ်တဲ့အခါ သူ့ကိုသုံးတယ်..။ Mousses Cream ကို စက်နဲ့ရိုက်ပြီး ရေခဲသေတ္တာထဲသိမ်းထား ။ 15မိနစ်လောက်နေမှ ကိတ်သားကိုအောက်ဆုံးမှာခံပြီး ခရင်မ်တစ်လွှာထည့်လိုက် ကိတ်သားထည့်လိုက်နဲ့ ကိတ်လုပ်တဲ့ Ring အပြည့်ဖြည့် အပေါ်ဆုံးလွှာက Mousses Cream နဲ့ပြန်ပိတ်ပြီးပြီဆို ခဲခန်းထဲထည့်သိမ်းထားရပါတယ်..။ နောက်နေ့မှ အလှဆင်ခါနီး ချောက်လက်ရည် လုပ်ပြီးလောင်းချပါတယ်..။ ကိတ်မျက်နှာပြင်ကိုတော့မိမိနှစ်သက်ရာအလှဆင်နိုင်ပါတယ်...။ Chocolate Mousses Cake ကိုများသောအားဖြင့် အသီးလတ်လတ်ဆတ်ဆတ်တွေနဲ့ဆင်ပါတယ်..။ ဒါမှမဟုတ် ပုံဖော်ထားတဲ့ ချောကလက်အချောင်းတွေ အချပ်တွေကို ပြန်စိုက်လည်းရပါတယ်...။
Pintrest ကနေယူထားတဲ့ ပုံလေးပါ
ဒါက White Chocolate ကို အရည်ဖျော်ပြီး စီလီကွန်ပုံစံခွက်မှာ ပန်းပွင့်ပုံပြန်လောင်းထားတာပါ...။ အဲဒါကို အအေးခံပြီး ပန်းပွင့်တွေကို ဓါးချွန်လေးနဲ့ကော်ထုတ်ပြီး ကိတ်မုန့်မှာကပ်ပြီး အလှဆင်နိုင်ပါတယ်...။
ကျွန်မလုပ်ထားတာက အတွင်းအလွှာသိပ်မထွက်လာဘူးဖြစ်နေတယ် ဆရာကနောက်တစ်ခါထပ်စမ်းလုပ်ခိုင်းဦးမယ်တဲ့
Maccron ထည့်ထားတဲ့ ထမင်းဗူးလေးက အဲဒီနေ့က ဆရာနဲ့ တခြားသင်တန်းသားတွေကိုကျွေးဖို့ လက်ဖက်သုပ်ထည့်သွားတာပါ...။ ဗီဇာသင်တဲ့နေ့က ကြက်သွန်ဖြူ နှုတ်နှုတ်စဉ်းရင် ဆရာက ကြက်သွန်ဖြူနံ့ရရင် လက်ဖက်စားချင်လာရောလို့ပြောတာနဲ့ ဒီတစ်ပတ်သင်တန်းတက်တော့ လက်ဖက်ချဉ်စပ်ထောင်းရယ် အကြော်ရယ် ပုစွန်ခြောက်ချိုချိုအကောင်သေးသေးလေးတွေ များများထည့် ခရမ်းချဉ်သီးပါးပါးလှီး ကြက်သွန်ဖြူအမွှာတွေလှီးပြီး လက်ဖက်ပေါ်ပုံ ငရုတ်သီးစိမ်းလေးပါ ထိုးစိုက်ထားလိုက်တယ်...။ သူတို့သဘောကိုကျရော စားလိုက်ကြတာ အကုန်ပြောင်ပဲ..။ မြန်မာ့ရိုးရာ အစားစာမှာ လက်ဖက်လည်း နာမည်ကြီးပဲလေ...။
Caramel Pudding
မြန်မာလိုတော့ ကြက်ဥပူတင်းမုန့်ပါ...။ သူတို့ကတော့ Flan လို့လည်းခေါ်တယ်...။ မူလက တောင်အာဖရိကရဲ့ အချိုပွဲတစ်မျိုးပါ...။ သူ့အောက်ခြေကို သကြားကျိုးပြီးခင်းပြီးမှာ ကြက်ဥနဲ့နို့ကို အပေါ်ကလောင်းထည့်ပြီး ရေခံဖုတ်ရပါတယ်..။ ဒီမုန့်ကလည်းလွယ်တယ် စားလို့ကောင်းတယ်...။ ပန်းကန်ထဲပြင်ရင်တော့ မှောက်ပြီးထည့်ရတယ် သကြားညိုအရည်ကိုအပေါ်မှာထားပြီးစားရတာပါ..။
1 comment:
Macaron,too sweet for me.
I saw in NY city some shop very expensive.
Now I try to bake too :P
Because of you :D
Post a Comment