မောင်နဲ့ကျမ စကားများရန်ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ကျမ…မဖြစ်ချင်ဆုံးက ငွေနဲ့ပတ်သက်တဲ့ ကိစ္စပဲ….။
ကျမကိန်းဂဏန်းတွေကိုမုန်းတယ် နံပါစဉ်တွေကို မုန်းတယ်… အရေအတွက်တွေကို မုန်းတယ်….။
ကျမငယ်စဉ်ကတည်းက သချာၤ သိပ်ညံ့ခဲ့တယ်…။ သချာၤတွက်ရမှာကိုလည်း သိပ်ကြောက်ခဲ့တယ်…။
ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့ သချာၤမပါတဲ့ မေဂျာကိုရွေးယူပြီးတက်ခဲ့တာ….။
ဟော…ခုကျောင်းပြီးတော့ လုပ်ရတဲ့အလုပ်က နေ့စဉ်နဲ့အမျှ ဂဏန်းပေါင်းစက်ကို လက်ကမချရသလောက်ပဲ….။
အိမ်မှာကျပြန်တော့လဲ ငွေစာရင်းကိုင်ရပြန်တယ်…။
မောင်က ကျမထက်သာပြီးဆိုးသေး….စာရင်းဆို လုံးဝမကိုင်ချင်…ရလာသမျှငွေတွေ လစာတွေကို
ကျမဆီအကုန်ထိုးအပ်တယ်….။ ဘဏ်စာအုပ်လဲ ကျမနာမည်နဲ့ထားတယ်… ။ သူကိုယ်တိုင်
ငွေသွားမထုတ်ချင်ဘူး….။ ကျမကလည်း မောင်ပေးသမျှကို သေချာစာအုပ်နဲ့ကို
အဝင်အထွက်စာရင်းလုပ်ထားပါတယ်…။ တကယ်တမ်း ကျမဖြစ်ချင်တာက ဒီဇိုင်နာတစ်ယောက်…
မော်ဒယ်လ်တစ်ယောက်… အနုပညာဆို ဘာမဆို စိတ်ဝင်စားတယ်…။ ကြော်ငြာမော်ဒယ်လ်ကတော့
မဖြစ်နိုင်တော့ဘူးပေါ့…။ မောင်ကလည်း ဒီအလုပ်ပေးလုပ်မှာမဟုတ်ဘူးလေ…။ ဒါပေမယ့် လုပ်နေရတဲ့
အလုပ်နဲ့ ဝါသနာက တခြားဆီ…။ တခါတခါ အလုပ်အဆင်မပြေတဲ့ အချိန်ဆို သိပ်ကိုစိတ်ပျက်ဖို့ို့ကောင်းတာ….။
ဘယ်တော့မှာများ ငါ့ဖြစ်ချင်တာတွေကို အကောင်ထည်ဖော်နိုင်မှာပါလိမ့်လို့ တွေးတွေးပြီးတော့လဲ
ဝမ်းနည်းဆို့နင့်လာတတ်တယ်….။ မောင်ကတော့ ကျမအလုပ်က အဆင်မပြေရင်
အမြဲအားပေးတတ်တယ်…မီ'ဖြစ်ချင်တာ လုပ်ချင်တာကို တစ်နေ့ဖြစ်အောင် မောင်…အကောင်ထည်ဖော်
ပေးမယ်တဲ့….။ အဲဒီအခါမျိုးဆို ကျမမောင့်ရင်ခွင်မှာမျက်နှာအပ်ပြီး ကိုယ်ဖြစ်ချင်တာလေးကို စိတ်ကူးရတာ
သိပ်ကိုအားရှိတာပဲ….။
တစ်နေ့က မောင်ဘာစိတ်ကူးပေါက်တယ်မသိဘူး…။ သူ့လက်ကျန်ငွေဘယ်လောက်ရှိလဲ သူပေးတိုင်းရော…
စာရင်းထဲထည့်ရဲ့လား ဘာလားနဲ့ မျက်နှာကလည်းအတည်ပေါက်နဲ့ ကျမကို မယုံသလို စစ်လား
ဆေးလားလုပ်တယ်…။ ကျမကလည်း ကိုယ့်ကို အဲဒီလို မယုံမကြည်အကြည့်မျိုးနဲ့ လာကြည့်တာကို
လုံးဝမခံနိုင်တာ…။ အိုကေ ကျမတကယ်ထည့်မထည့် ဘဏ်စာအုပ်စစ်ကြည့်ဆိုတော့လည်း မကြည့်ဘူး….။
ဒါဆို ကိုယ့်နာမည်နဲ့ကိုယ်ထားမလား…။ အဲလိုစကားအခြေတင်ပြောရင်းနဲ့ တင်းကုန်ကြရော….။
မနက်စောစောစီးစီး စကားမများချင်ပါဘူး…။ အထူးသဖြင့် အလုပ်သွားခါနီး ရန်မဖြစ်ချင်ဆုံးပဲ….။ မောင်က
ဒါဆို ဒီနေ့ဘဏ်ဖွင့်တယ်မဟုတ်လား အကုန်ထုတ်လာခဲ့ အဲဒီငွေတွေကိုတဲ့….။ ကျမမောင့်မျက်နှာကို
သေချာကြည့်လိုက်တယ်…။ မောင်ကျမကိုနောက်နေတာလား….။ မောင့်မျက်နှာကို ခုထိမဖတ်တတ်သေးတာ
ကျမတော်တော်ညံ့ပါသေးတယ်လို့ ဝန်ခံပါတယ်…။ အိုကေ… အိုကေ မောင့်ကို ကျမအရှုံးပေးပါတယ်
ကျေးဇူးပြုပြီးတော့ ကျမကို အတည်ပေါက်နဲ့ မစပါနဲ့တော့….။ ကျမပြောထားပြီးသားလေ… ကျမဘာ
အလုပ်အကိုင်မှ မရှိတော့ရင်တောင် ကျမမကြိုက်တဲ့ ဒီစာရင်းအလုပ်ကို
မောင့်အတွက်ထာဝရလုပ်ပေးပါ့မယ်လို့…။ ဖြူဖွေးကြည်စင်နေတဲ့ မောင့်မျက်နှာက ခရမ်းရောင် အစိမ်းရောင်
သွေးကြောမျှင်တွေကိုတောင်မြင်နေရတယ်….။ မျက်နှာကျောတွေပြေလျော့ပေမယ့် မောင့်မျက်လုံးတွေက
အငွေ့သိပ်မပြယ်သေး….။ ရုံးသွားခါနီး မောင့်နဖူးကို နမ်းမွှေးရင်း ပြန်ချော့ရသေး…။ ကျမအလုပ်မှာ
အိမ်ကစိတ်ရှုပ်စရာတွေကို သယ်မသွားချင်ဘူး…။ အဲဒီကျတော့ မောင်က ခပ်ဆဆလေးနဲ့ ကျမ…မမြင်အောင်
ပြုံးသေးတယ်…။ အဲလိုမောင်က ကျီစားသန်သူ…အတည်ပေါက်နဲ့လေ….။ သူကအရင်ရန်စ ပြီးရင် သူကပဲ
အရင်စိတ်ဆိုး… အချော့ခံချင်တာလေ…တကယ်ပါပဲ…။
ဒီလိုနဲ့ ကျမတို့နှစ်ယောက်ရဲ့ နေ့သစ်အစလေးပြီးဆုံးသွားတော့တယ်....။
မိုးငွေ့