Monday, 9 June 2025

မနီးတော့တဲ့ကမ္ဘာ.....


 

ဒီအဆိုတော်နှစ်ယောက်က ဗျတ်ဝိနဲ့ဗျတ္တ တဲ့....။ တိုင်းရင်းသား အဆိုတော်တွေလို့တော့ထင်တယ်...။ ရာဇဝင်ထဲက ကုလားညီနောင်တော့မဟုတ်ဘူးပေါ့...။ သူတို့သီချင်းက tik tok မှာ trend ဖြစ်နေတာရော...ဘာဝင်ကြည့်ကြည့် "ဝေးရမယ်ဆိုတာ သေချာသည်" က ခနခနတွေ့နေရတာ....။ သူတို့သီချင်းတချို့တော့ You Tube မှာတွေ့တယ်....။ မနီးတော့တဲ့ကမ္ဘာက သုံးပတ်နဲ့ 1.1 M view ရနေပြီ....။ ဒီနေ့ထိ update view က 2.9 M ပါ...။ ဗျတ္တကတော့ ယွန်းမြတ်သူ သီချင်းတွေဖြစ်တဲ့ "အဆင်ပြေမနေပါဘူး" "နင်လမ်းတွေ့ခဲ့ရင်" နဲ့ "oxygen" ကိုရေးပေးတဲ့ တေးရေးလို့လည်း သိရတယ်...။ သူတို့ရဲ့ ကျနော်မသိတဲ့ အနုပညာလှုပ်ရှားမှုတွေက အများကြီးနေမှာ....။ အခက်ခဲတွေကြားက လူငယ်တွေ လွတ်လပ်စွာ ကိုယ့်အိပ်မက်ကို အကောင်ထည်ဖော်ခွင့်ရတာတွေ့တော့ မုဒိတာပွားမိတယ်...။ ပြီးတော့ ကျနော်က အလုပ်ကြိုးစားတဲ့လူငယ်တိုင်း(လူတိုင်း)ကို ချီးကျူးအားပေးတယ်...။ ကျနော်တို့နိုင်ငံမှာက အလုပ်လုပ်တဲ့သူထက် ငပျင်းတွေ သူတောင်းစားတွေ ပိုပိုများလာနေတဲ့အကြောင်းရင်းက အထက်ကဆိုတဲ့ တကိုယ်ကောင်းဆန်တဲ့ ယုတ်ညံ့တဲ့စိတ်ဓါတ်ပိုင်ရှင်တွေ စနစ်တကျဖျက်စီးထားတဲ့အကျိုးဆက်တွေပေါ့...။ ရှေ့ဆက်ပြီး ကောင်းလာဖို့ထက် ဆိုးသထက်ဆိုးလာမယ့် ဒီကမ္ဘာကြီးမှာ ကိုယ့်မျိုးဆက်တွေကို ချန်မထားခဲ့ကြပါနဲ့ ကလေးတွေ သနားလို့ပါ...။



No comments: