ချစ်သောအိန်ဂျယ်.....,
ဒီရက်ပိုင်း ကိုယ့်ဆီရောက်လာတဲ့ စာတချို့ကြောင့် စိတ်အနှောက်ယှက်ဖြစ်ရတယ်.....
စိတ်ညစ်ရတဲ့အခါ လောကကြီးထဲကနေ ပျောက်ကွယ်သွားချင်တဲ့ ခံစားမှုမျိုး မင်းရော ဖြစ်ဖူးလား
ကိုယ်တော့ အကြိမ်ကြိမ်ဖြစ်ဖူးတယ်....
ဒါပေမယ့်လည်း အချိန်မကျသေးတော့ ဘယ်မှလည်း ပျောက်ကွယ်သွားလို့မရပါဘူး....
သူ့အပေါ် စာနာစိတ်ကင်းခဲ့ဖူးတဲ့အချိန်တွေကို ပြန်တွေးမိတော့ ကိုယ့်ရဲ့ကွန်မြူနစ်ဆန်တဲ့ စိတ်ကိုသတိထားမိပြန်တယ်...။ နူးနူးညံ့ညံ့မဆက်ဆံဘဲ တခါတလေ ရက်စက်မာကျောတတ်တဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်တဲ့အခါ သူ့အတွက်ဝမ်းနည်းရတယ်...။
ငယ်စဉ်ကတည်းက ပုံသွင်းခံထားရလို့ ခက်ထန်တဲ့ နှလုံးသားကို အနုပညာချစ်တဲ့စိတ်နဲ့ ကုစားခဲ့ပေမယ့်လည်း တခါတခါ ပြန်ပြန်ပေါ်လာတတ်တာပဲ....။
ကိုယ့် follower ထဲကနေ တိတ်တိတ်ကလေး တစ်ယောက်ထွက်သွားတာ ကိုယ်သိတယ်...။ ကိုယ့်စာတွေကို ဘယ်သူမှလာမဖတ်တော့ရင်တောင် လာဖတ်မယ့်သူ(တစ်ယောက်)အတွက် ကိုယ်စာရေးနေဦးမယ်ဆိုပေမယ့်လည်း... "နွေဦး(၁၄)" ပို့စ်တင်ပြီးရင် ပို့စ်အသစ်တွေဆက်မတင်တော့ဖို့ ကိုယ်စိတ်ဆုံးဖြတ်ထားခဲ့သေးတယ် ....။ ဒါပေမယ့် ကိုယ်တို့ရဲ့ကြေးနန်းကြိုးဟာ ဒီတစ်နေရာထဲမှာပဲရှိနေတဲ့အတွက် အစီအစဉ်က မအောင်မြင်ပြန်ဘူး...။
နောက်တစ်ရက်မှာ ထပ်ရောက်လာခဲ့တဲ့ စာ၂စောင်ကိုဖတ်ပြီးတဲ့အချိန် ကမ္ဘာမှာ ဘဝတစ်ခုလုံး အရာအားလုံးနဲ့ရင်းနှီးပြီး ကိုယ့်ကို ချစ်ခဲ့တဲ့(ချစ်နေတဲ့) ယောကျာ်းတစ်ယောက်ရှိတယ်ဆိုတာရယ်... အခေါက်ခေါက်အခါခါ ပြန်ဖတ်ရတဲ့သူ့ရဲ့ မုသားမာယာစကားလုံးတွေရယ်နဲ့ ကိုယ်တစ်ညလုံးမအိပ်ရဘဲ အိပ်ရေးပျက်ခဲ့တယ်....။
ကိုယ်တော့ အလင်းတန်းရှိရာဆီကို ပြေးသွားချင်မိပြီ.....။
Still flying....
Still loving....
Revolution will prevail
မိုးငွေ့
No comments:
Post a Comment