Friday, 15 May 2020

သူတို့ရဲ့အမှတ်တရတွေ.....




တကယ်တမ်း ဒီစာအုပ်က ဆရာမင်းလူကွယ်လွန်ပြီး ဆရာ့အတွက် စာပေလောကက မိတ်ဆွေသူငယ်ချင်းများနဲ့ ဆွေမျိုးသားချင်း တူ တူမများက အမှတ်တရတွေရေးထားတဲ့ စာစုပဲဖြစ်ပါတယ်....။ ဆရာမင်းလူအရှေ့ပိုင်းမှာထွက်ထားတဲ့ ဒေဝတာမြို့တော်ဆိုတာ တစ်အုပ်ရှိတယ်...။ ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်တဲ့ ဆရာလေးစားအားကျရတဲ့ စာရေးဆရာကြီးတွေ ကဗျာဆရာကြီးတွေ ရုပ်ရှင်သမားတွေအကြောင်းကို ဆရာ့ရဲ့ ရေးနေကျ ဇဝနဉာဏ်လေးကွန့်ပြီး ဒေဝတာမြို့တော်မှာ ဘယ်လိုဘယ်ပုံတွေနေထိုင်ကြတဲ့အကြောင်းအလည်ရောက်သွားတဲ့သူတစ်ယောက်အနေနဲ့ရေးထားခဲ့တာပါ....။ ခုတော့လည်း ဆရာကိုယ်တိုင် သူဖန်တီးထားတဲ့ ဒေဝတာမြို့တော်မှာ ပျော်ရွှင်အေးချမ်းနေရောပေါ့...။



ဒီစာအုပ်ကို အစ်မချစ် ပြန်လာလည်လို့ Feel စားသောက်ဆိုင်မှာ ဘလော့ဂါတွေဆုံကြတုန်းက 
အမှတ်တရလက်မှတ်ထိုးပေးခဲ့တာ....  နှင်းနဲ့မာယာလက်မှတ်ပါပါတယ်... 
တကယ်အမှတ်တရဖြစ်ပါတယ် ခုတော့ မဆုံဖြစ်တာကြာလှပေါ့ ဘလော့ဂါတွေနဲ့




မိုင်တိုင်နှစ်ဆယ်ဆိုတာလဲ ဘလော့ဂါတွေစုရေးထားတဲ့ စာအုပ်တစ်အုပ်ပဲ 
အဲတုန်းက ကိုယ့်ကိုယ်ဝယ်ထားတာ မနေ့တုန်းကပဲ  မသက်ဝေရဲ့ ထာဝစဉ်ကို ပြန်ဖတ်ဖြစ်နေသေး ဘယ်ခါဖတ်ဖတ် ခံစားမှုပေးစွမ်းနိုင်တဲ့ လွမ်းဖောဖွယ် စာလေးတစ်ပုဒ်







ကိုဏီနဲ့က ခင်တော့ စာအုပ်ထွက်တာနဲ့ သူ့ပူဆာထားတာ လက်မှတ်ထိုးပေးရမယ်ဆိုပြီး





ဒီစာအုပ်က နှစ်တိုင်းပြန်ပြန်ဖတ်တဲ့ထဲကပါတယ်....ကျွန်မသိပ်ကြိုက်တဲ့ အပြာရောင်တောင်တန်းများသို့လွမ်းချင်းကိုပဲ ရွေးပြီး ပြန်ဖတ်ဖြစ်တာများတယ်...ခုမှသတိထားမိတယ် သူငယ်ချင်းအရင်းခေါက်ခေါက် မမဝသုန်(ပျိုးယုဝသုန်)လက်မှတ် ဘာကြောင့်ဒီစာအုပ်မှာမပါသလဲလို့




တီတင့်အိမ်ထိသွားယူခဲ့တဲ့ စာအုပ်လေး တီတင့် ဖြတ်သန်းခဲ့ရတဲ့ မိသားစု မောင်နှမအကြောင်းကို 
စုံစုံလင်လင်လေးရေးထားတဲ့ စိတ်ဝင်စားစရာ ချစ်စရာကောင်းတဲ့ Family Saga အမျိုးအစားလို့သတ်မှတ်လို့ရတဲ့စာအုပ်လေးတစ်အုပ်ပါပဲ



အဲတုန်းက FMI မှာ မုန့်သွားစားရင်း တီတင့်ကိုမုန့်ခေါ်ကျွေးရင်းနဲ့ 
တီတီက အိမ်ခဏခေါ်ပြီး ဒီစာအုပ်လေး လက်မှတ်ထိုးပေးခဲ့တာ


နောက်ဆုံး ဘလော့ဂါတွေ ၉၉ယောက်ပါတဲ့ Feeling 99 လား အဲဒါထွက်တော့ ကျွန်မကို စာအုပ်မိတ်ဆက်ပွဲဖိတ်သေးတယ် မသွားဖြစ်တာ...။ တီတင့်ကိုယ်တိုင်စီစဉ်လို့ ဒီစာအုပ်ထဲ မိုးငွေ့ပါ စာမူပေးရမယ်လို့တောင်းထားပေမယ့် မပေးဖြစ်ခဲ့လိုက်ဘူး....။ စာမူအသစ်ရေးပေးရမယ်ဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကထင်တယ် အဲတုန်းကိုယ်တိုင်က စာရေးကျဲပြီး အဆက်ပျက်နေတဲ့ချိန်မို့ ဘာမှရေးမထွက်နိုင်ခဲ့...ဒီလိုနဲ့ အဲစာအုပ်မှာပါဝင်ခွင့်မရခဲ့ဘူးဆိုပါတော့...။ 


မိုးငွေ့

No comments: